သန်လျင်တံတား
သန်လျင်တံတား သည် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့ ဗိုလ်တထောင်ခရိုင် သာကေတမြို့နယ် နှင့် သန်လျင်ခရိုင် သန်လျင်မြို့တို့ကို ဆက်သွယ်ပေးထားသော တံတားဖြစ်သည်။ ရန်ကုန်မြစ်နှင့် ပဲခူးမြစ်တို့ ပေါင်းဆုံရာနေရာမှ အရှေ့မြောက်ဘက် ၄၂ ကီလိုမီတာခန့်အကွာရှိ ပဲခူးမြစ်ကို ဖြတ်သန်းတည်ဆောက်ထားခြင်း ဖြစ်သည်။ တံတားအလယ်တွင် မီးရထား လမ်းတစ်ခုပါရှိကာ ဘေးနှစ်ဖက်တွင် တစ်လမ်းသွား ကား လမ်းတစ်ခုစီ ပါရှိသည်။ရေလည်တိုင် ၁၄ တိုင် ဖြစ်သည်။ [၂]
သန်လျင်တံတား Thanlyin Bridge | |
---|---|
ကိုဩဒိနိတ် | 16°47′29″N 96°13′57″E / 16.79139°N 96.23250°E |
သယ်ဆောင်မှု | ရထားလမ်းတစ်လမ်း၊ ကားလမ်းနှစ်လမ်း၊ နှစ်ဖက်လူသွားလမ်း |
ဖြတ်သန်းမှု | ပဲခူးမြစ် |
တည်နေရာ | ရန်ကုန်မြို့ နှင့် သန်လျင်မြို့ |
အမည် | သန်လျင်တံတား |
ပြုပြင်ထိန်းသိမ်းသူ | ပို့ဆောင်ရေး ဝန်ကြီးဌာန |
အချက်အလက်များ | |
တံတားဒီဇိုင်း | Truss Bridge[၁] |
စုစုပေါင်းအရှည် | ၂.၂ ကီလိုမီတာ |
သမိုင်းကြောင်း | |
စတင်ဆောက်လုပ်ချိန် | ၁၉၈၅ ခုနှစ် |
လုပ်ငန်းပြီးဆုံးချိန် | ၁၉၉၃ ခုနှစ် |
ဖွင့်လှစ်သည့်နေ့ | ၃၁ ဇူလိုင် ၁၉၉၃[၂] |
သမိုင်းကြောင်း
ပြင်ဆင်ရန်သန်လျင်တံတားအား တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အကူအညီဖြင့် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ ၁၉၈၅ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့သော်လည်း ရှစ်လေးလုံး အရေးအခင်း ကြောင့် ၁၉၈၈ ဩဂုတ်လမှ ၁၉၈၉ ဧပြီလအထိ ရှစ်လခန့် ဆောက်လုပ်ရေးလုပ်ငန်းများ ရပ်နားခဲ့ရသည်။ တံတားကြီး၏ စုစုပေါင်း ကုန်ကျငွေမှာ ကျပ်ငွေ ၁.၆၅ ဘီလီယံ (တရုတ်နိုင်ငံမှ အတိုးမဲ့ချေးငွေ ယွမ် ၂၀၇ သန်း အပါအဝင်) ဖြစ်သည်။[၂]
ကိုးကား
ပြင်ဆင်ရန်- ↑ Yangon-Thanlyin Bridge။ structurae.de။ 2009-09-14 တွင် ပြန်စစ်ပြီး။
- ↑ ၂.၀ ၂.၁ ၂.၂ Thaw Kaung (September 1996). "Thanlyin-Kyauktan Area". Ministry of Foreign Affairs, Myanmar.[လင့်ခ်သေ]