ဗိုလ်တထောင်ခရိုင် (အင်္ဂလိပ်: Botahtaung District)သည် ရန်ကုန်တိုင်းဒေသကြီး တွင် ပါဝင်သော ခရိုင်ဖြစ်သည်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ လက်အောက်တွင် ပါဝင်သည်။ ၂၀၂၂ခုနှစ် ဧပြီလတွင်မှ အသစ်ထပ်မံဖွဲ့စည်းခဲ့သော ခရိုင်တစ်ခုဖြစ်သည်။

ဗိုလ်တထောင်ခရိုင်
ခရိုင်
ရန်ကုန်တိုင်းအတွင်းတည်နေရာ
ရန်ကုန်တိုင်းအတွင်းတည်နေရာ
ဗိုလ်တထောင်ခရိုင် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ဗိုလ်တထောင်ခရိုင်
ဗိုလ်တထောင်ခရိုင်
ရန်ကုန်တိုင်းအတွင်းတည်နေရာ
ကိုဩဒိနိတ်: 16°46′N 96°10′E / 16.767°N 96.167°E / 16.767; 96.167ကိုဩဒိနိတ်: 16°46′N 96°10′E / 16.767°N 96.167°E / 16.767; 96.167
နိုင်ငံ မြန်မာ
တိုင်းဒေသကြီး ရန်ကုန်
မြို့နယ်ပေါင်း
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6:30)

ပါဝင်သောမြို့နယ်များ

ပြင်ဆင်ရန်

ဗိုလ်တထောင်ခရိုင်တွင် ပါဝင်သည့် မြို့နယ်များနှင့် မြို့များမှာ အောက်ပါအတိုင်းဖြစ်သည်။[]

 
ဗိုလ်တ​ထောင်ခရိုင်မြို့နယ်များ
  ဗိုလ်တ​ထောင်မြို့နယ်
  ​​ဒေါပုံမြို့နယ်
  မင်္ဂလာ​တောင်ညွန့်မြို့နယ်
  ပုဇွန်​တောင်မြို့နယ်
  သာ​ကေတမြို့နယ်

သမိုင်းကြောင်း

ပြင်ဆင်ရန်

၂၀၂၂ခုနှစ် ဧပြီလ (၃၀) ရက်နေ့တွင် မူလခရိုင် (၇၅)ခရိုင်အပြင် ခရိုင်အသစ် (၄၆)ခရိုင်ကို တိုးချဲ့ဖွဲ့စည်းခဲ့သည်။[] ယခင်က ရန်ကုန်အရှေ့ပိုင်းခရိုင် ရှိ ဗိုလ်တထောင်၊ မင်္ဂလာတောင်ညွန့်၊ ပုဇွန်တောင်၊ သာကေတ၊ ဒေါပုံမြို့နယ်များကို ခွဲထုတ်ကာ ဗိုလ်တထောင်ခရိုင်အဖြစ် တိုးချဲ့ဖွဲ့စည်းခဲ့သည်။