သဖန်းဆိပ် တာတမံ
သဖန်းဆိပ် တာတမံသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ၊ ကျွန်းလှမြို့နယ်တွင် တည်ရှိပြီး[၂] ရေအားလျှပ်စစ်ထုတ်လုပ်ရေးနှင့် လယ်ယာစိုက်ပျိုးရေးအတွက် ရည်ရွယ်ဆောက်လုပ်ထားသည့် ဘက်စုံသုံး တာတမံဖြစ်သည်။ သဖန်းဆိပ် တာတမံမှ ကန့်ဘလူမြို့၊ ခင်ဦးမြို့၊ ရွှေဘိုမြို့၊ ဝက်လက်မြို့၊ တန့်ဆည်မြို့၊ ဒီပဲယင်းမြို့၊ ဘုတလင်မြို့၊ အရာတော်မြို့၊ ရေဦးမြို့၊ စစ်ကိုင်းမြို့ စသည့် ၁၀ မြို့နယ်ရှိ စိုက်ဧကများကို စိုက်ပျိုးရေ ပေးဝေလျက် ရှိပြီး သဖန်းဆိပ်ဆည်၏ ရေပေးဝေနိုင်မှု သည် မိုးစပါး စိုက်ဧက ၅ သိန်းနှင့် နွေစပါး စိုက်ဧက ၃ သိန်းကျော်ကို ရေပေးခြင်း အပြင် ၁၀ မဂ္ဂါဝပ် ၃ လုံးဖြင့် ၃၀ မဂ္ဂါဝပ်ရှိ လျှပ်စစ်ဓာတ်အားကို ထုတ်လုပ်ပေးလျက်ရှိသည်။[၃]
သဖန်းဆိပ် တာတမံ | |
---|---|
မြန်မာနိုင်ငံတွင်းရှိ သဖန်းဆိပ် တာတမံ၏ တည်နေရာ | |
တည်နေရာ | စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် |
ကိုဩဒိနိတ် | 23°18′23″N 95°21′30″E / 23.30639°N 95.35833°Eကိုဩဒိနိတ်: 23°18′23″N 95°21′30″E / 23.30639°N 95.35833°E |
အခြေအနေ | လည်ပတ် |
စတင် ဆောက်လုပ်ခြင်း | ၁၉၉၈ |
ဖွင့်လှစ်သည့်နေ့ | ၂၀၀၂ |
အမြင့် | ၆၂ ft (၁၉ m) |
မြစ်/ချောင်း | မူးမြစ် |
ဓာတ်အားပေးစက်ရုံ | |
ပိုင်ဆိုင်သူများ | မြန်မာ့လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း |
အော်ပရေတာများ | Kvaerner (Hangzhou) Power Equipment Co.,Ltd |
တာဘိုင်များ | ၃ x ၁၀ MW (၁၃,၀၀၀ hp) Kaplan type |
တပ်ဆင်အင်အား | ၃၀ MW (၄၀,၀၀၀ hp)[၁] |
နှစ်စဉ် ထုတ်လုပ်နိုင်မှု | ၁၁၇.၂ GWh (၄၂၂ TJ) |
ကိုးကား
ပြင်ဆင်ရန်- ↑ Power Generation (XLSX)။ Open Development Mekong။ 6 October 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 6 October 2023 တွင် ပြန်စစ်ပြီး။
- ↑ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းတည်ဆောက်ပြီးဓာတ်အားပေးစက်ရုံများ။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန။ 13 October 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၀၂၂-၀၉-၂၄ တွင် ပြန်စစ်ပြီး။
- ↑ သဖန်းဆိပ်ဆည် ရေလှောင်တမံ ရေဝင်နည်းပါးမှုကြောင့် တောင်သူများ စိုးရိမ်။ The Irrawaddy။ 19 October 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၀၂၂-၀၉-၂၄ တွင် ပြန်စစ်ပြီး။