သမ္မာကျမ်းစာ

ကျမ်းဂန်

သမ္မာကျမ်း သည် ခရစ်ယာန်ဘာသာ ဝင်များ၏ကျမ်းစာဖြစ်ပြီး ဘုရားသခင်ပြောသောစကားများကို ရေးသားထားသည့်စာအုပ်လည်းဖြစ်ပါသည်။

သမ္မာကျမ်းစာတွင် ယေရှုခရစ်တော် မဖွားမြင်ခင်က ရေးခဲ့သော ကျမ်းများကို ဓမ္မဟောင်းကျမ်း ဟုခေါ်ပြီး ခရစ်တော်မွေးဖွားပြီးနောက်ပိုင်း ရေးသားသည့်ကျမ်းများကို ဓမ္မသစ်ကျမ်း ဟုခေါ်ပါသည်။ ရေးသားခဲ့သူများမှာ တံငါသည်မှ ရှင်ဘုရင်အထိ လူအမျိုးမျိုးပါဝင်ကြပြီး ဘုရားသခင်၏ ရူပါရုံပေးခြင်းဖြင့် ရေးနိုင်ခဲ့ကြပါသည်။ ဓမ္မဟောင်းတွင် ၃၉ ကျမ်းပါရှိပြီး၊ ဓမ္မသစ်ကျမ်းတွင်၂၇ ကျမ်းပါဝင်သည်။ ရိုမင်ကတ်သလလစ်ကျမ်းတွင် ကျမ်းပို (apocrypha) ၂၃ ကျမ်းပါရှိ၍ ဓမ္မဟောင်းကျမ်း ၄၆ ကျမ်းနှင့် ဓမ္မသစ်ကျမ်း ၂၇ ကျမ်းပါရှိသည်။ ဂရိနှင့် ရုရှအောက်သိုဒေါ့ကျောင်းတော်များက ဖော်ပြပါကျမ်းပိုများအပြင် အခြားကျမ်းပိုများကိုလည်း လက်ခံကြသည်။

မည်သည့်အချိန်မှ စတင်ရေးသားခဲ့သည်ကို အတိအကျမသိနိုင်သော်လည်း ဂျူးလူမျိုးများ၏ မောရှေပညတ်တရား ၅ကျမ်းမှ စတင်ခဲ့ခြင်းဖြစ်ပါသည်။ မောရှေရဲ့ ပညတ်တော် ၁၀ ပါး ကို ဘီစီ ၁၄၀၆ (မောရှေ သေဆုံးချိန်) မတိုင်မီရေးခဲ့ပါသည်။ ထိုနောက်ပိုင်းတွင် ေဂျရုဆလင်မြို့ကို ဘေဘီလုံသားများ ဖျက်ဆီးပြီးနောက် ပရောဖက် နေဟမိ နောက်ဆုံး ပြန်လည်တည်ဆောက်တဲ့အချိန် ဘီစီ ၄၃၂ အချိန်ခန့်တွင် ဓမ္မဟောင်းကျမ်းစာ နောက်ဆုံးကျမ်းကို ရေးသားခဲ့ပါသည်။ နှစ်ပေါင်း ၄၀⁠၀ ကျော် မည်သူမျှ ကျမ်းမရေးခဲ့ပဲ ခရစ်တော်ယေရှုကို ဖွားမြင်သည် ဘီစီ ၆ - ၅ ခန့်တွင် ဓမ္မသစ်ကျမ်းအတွက် ရေးသားရန်ဖြစ်လာခဲ့သည်။ ခရစ်တော်ကို ကားတိုင်တင်သတ်ခဲ့သည် အေဒီ ၃၀ နောက်ပိုင်းတွင် ဓမ္မသစ်ကျမ်းစာများကို တမန်တော်များက ရေးသားခဲ့သည်။ တမန်တော် ရှင်ပေါလု၏ သက်သာလောနိ ပထမ စာစောင်ကျမ်းသည် ဓမ္မသစ် ပဌမဆုံးကျမ်းဖြစ်နိုင်သည်ဟုဆိုကြသည်။ နောက်ဆုံးကျမ်းဖြစ်သော ဗျာဒိတ်ကျမ်းကို တမန်တော် ရှင်ယောဟန် သေဆုံးသည့် အေဒီ ၉၅ခန့်တွင် ရေးသားသည်ဟု ဆိုသည်။

ဥရောပအနောက်ခြမ်းခရစ်ယာန်ဘာသာ တွင် ဂိုဏ်ပေါင်းများစွာရှိသည့်အနက် အဓိကအားဖြင့် မူလပထမ ခရစ်ယာန်များဟုခေါ်ဆိုသည့် ရိုမင်ကက်သလစ် (Roman Catholic) များနှင့် မာတင်လူသာနောက်ပိုင်းတွင် ပုပ်ရဟန်းမင်း ကိုတော်လှန်ပြီး ဖြစ်ပေါ်လာသော ပရိုတက်စတင့် ဟူ၍ နှစ်မျိုးရှိသည်။ အရှေ့ဥရောပမှာ အောက်သိုဒေါ့ ခရစ်ယာန်များလည်း အစဦးခရစ်ယာန်များဖြစ်သည်။ အရှေ့ဥရောပရှိ ပုပ်ရဟန်းမင်းကို အသိအမှတ်ြပုသော အရှေ့ဥရောပကက်သလစ်များလည်းရှိသည်။ သို့သော် အဓိကအားဖြင့် ရိုမင်ကတ်သလစ် နှင့် ပရိုတက်စတင့် ၂ မျိုးတို့တွင် ပုတ်ရဟန်းမင်းကို ဦးလျှောင်ထားသော ရိုမန်ကတ်သလစ်များနှင့် အောက်သိုဒေါ့ခရစ်ယာန်များ၏ သမ္မာကျမ်းစာတွင် ကျမ်းပို (apocrypha) များပါရှိသည်။

သမ္မာကျမ်းစာကို အမေရိကန် နှစ်ခြင်းသာသနာပြုဆရာကြီး အေဒိုနီယံယုဒသန် က ဂရိ(ဟေလသ)နှင့် ဟီးဘရူးဘာသာ(ဟေဗြဲ) တို့မှ မြန်မာဘာသာသို့ပြန်ဆိုခဲ့ပါသည်။ ၎င်းသမ္မာကျမ်းစာသည် ယနေ့တိုင် အသုံးပြုနေသော တစ်ခုတည်းသော သမ္မာကျမ်းစာ ဖြစ်နေသည်။ သိမ်းငှက် တည်းဖြတ်မှုဟူသော ကျမ်းစာမူသစ်တစ်မျိုးကို ပြန်လည် တည်းဖြတ်ခဲ့သော်လည်း ခရစ်ယာန်အများက ကန့်ကွက်ခဲ့ကြသည်။ မြန်မာနိုင်ငံကျမ်းစာအသင်းမှ ခေတ်သုံးမြန်မာစာ ဟူ၍ မူသစ်တစ်ခု ပြုစုထုတ်ဝေထားသော်လည်း အသုံးပြုမှုတွင်ကျယ်ခြင်း မရှိပါ။


သမ္မာကျမ်းသည်စင်စစ်အားဖြင့် စာတစ်အုပ်တည်းမဟုတ်၊ အုပ်တွဲပေါင်း ၆၆ အုပ်တွင်တစ်ပေါင်းတည်းပြုစုထားသော ဗဟုသုတပေါင်းစုံသည့် ပိဋကတ်တိုက်တစ်ခုဟု ဆိုလောက်သည်။ ခရစ်ယန်အယူဝါဒရောက်ရှိသွားသောနိုင်ငံမှန်သမျှ၌သမ္မာကျမ်းကို တိုင်းရင်းဘာသာဖြင့် ဘာသာပြန်ပြီးရှိ၏။ သမ္မာကျမ်းသည် ကမ္ဘာ့စာပေလောက၌ ဘာသာအမျိုးအစုံဆုံးဖြင့် ပြန်ဆိုခြင်းခံခဲ့ရသော ကျမ်းဖြစ်သည်ဟုဆိုရပေမည်။ သမ္မာကျမ်းတစ်ခုလုံးကိုဘာသာပေါင်း ၁ဝ၈ မျိုးဖြင့် ပြန်ဆိုထား၍ တစ်စိတ်တစ်ဒေသကိုမူ ဘာသာပေါင်း ၅ဝဝ ကျော်ဖြင့်ပြန် ဆိုထားလေသည်။ ၁၃၈၂ ခုနှစ်ကဂျွန်ဝစ်ကလစ်ဆိုသူသည် အင်္ဂလိပ်ဘာသာဖြင့် ပထမဆုံးပြန်ဆိုခဲ့လေသည်။ သူ့နောက်မှအထပ်ထပ်ပြင်ဆင်ပြန် ဆိုကြသည်မှာလည်း အများအပြားပင် ဖြစ်သည်။ နောက်ဆုံး ၁၉ ရာစုနှစ်လောက်ကစတင်၍သမ္မာကျမ်း၌ပါရှိသော ကဗျာလင်္ကာများကိုအနေ အထားမပျက်အောင် စီစဉ်ပုံနှိပ်ကြသည်။

ဓမ္မဟောင်းကျမ်းပြင်ဆင်

ဓမ္မဟောင်းကျမ်းမှာ ရှေးကရဟူဒီများရေးသားခဲ့သည့် ကျမ်းစာများကိုတစ်စုတည်း တွဲထားခြင်းပင် ဖြစ်သည်။ ယခုသုံးနေကြသောဓမ္မဟောင်းကျမ်းမှာ အချို့သောကျမ်းများကိုပယ်၍ စုပေါင်းထားခြင်းဖြစ်၏။ ထိုပယ်ထားသောကျမ်း ၁၄ တွဲကို 'အပိုကရိုင်းဖား' ဟုခေါ်သည်။ အဓိပ္ပါယ်မှာကွယ်ဝှက်ထားသော ကျမ်းများဟုဆိုလိုသည်။ ဗရင်ဂျီဂိုဏ်းဝင်များက ထိုပယ်ထားသောကျမ်းများကို သုံးမြဲသုံးသော်လည်း၊ ပရိုတက်စတန့်ဂိုဏ်းဝင်တို့ကမသုံးတော့ချေ။

ဓမ္မဟောင်းကျမ်းကို စာပေတစ်ခုအဖြစ်နှင့်သုံးသပ်ကြည့်ပါက ဟီဗြူးစာပေ၏အရသာကို သိရပေလိမ့်မည်။ ဓမ္မဟောင်းကျမ်းတွင်ပါသောဓမ္မသီချင်းများသည် တရားစာများအဖြစ်ထက်ကဗျာအဖြစ်ပို၍ ကောင်းမွန်သည်ကိုတွေ့ရလေသည်။ ဓမ္မဟောင်းကျမ်းတွင် ကဗျာလင်္ကာများသာမက၊ စကားပြေနှင့်ပြဇာတ်သဘောများပါ ပါရှိသေးသည်။ စကားပြေများတွင် ရုသဝတ္ထုသည်ရိုးရိုးနှင့်ပြေပြစ်လှပသောပုံဝတ္ထုကလေးဖြစ်၍ စာပေတွင်အ ကောင်းဆုံး တစ်ခုဟုအသိအမှတ်ပြုကြရသည်။ ဓမ္မဟောင်း ကျမ်းကိုယခုခေတ်စာပေသမားများက အမျိုးမျိုးဝေဖန်ကြလေသည်။ အတွေးအခေါ်သာမဟုတ်၊ စာအရေး အားလည်းအလွန်ကောင်းလှသဖြင့် ထိုကျမ်းကို တစ်ဦးတည်းပြုစုသည်မဟုတ်၊ ပညာရှင်များစုပေါင်းပြုစုခြင်းဖြစ်ရမည်ဟုပင် ယူဆကြသည်။ ယခုအခါထိုကျမ်းကို ဋီကာ၊ အဋ္ဌကထာစသည်ဖြင့်အမျိုးမျိုး ဖွင့်ထားကြသည်။

ဓမ္မဟောင်းကျမ်းတွင် အပိုကရိုင်းဖားခေါ်ကွယ်ဝှက်ထားသောကျမ်းတို့မှာ အယူဝါဒဆိုင်ရာဘက်၌ အရေးမကြီးသကဲ့သို့ ချန်ထားခဲ့သော်လည်း စာပေအဖြစ်ဖြင့်ကားတန်ဖိုးရှိပေသည်။ ထိုကျမ်းများသည်ခံ့ညားသလောက် စာပေအရေးအသားမှာရိုးသား၍ အဓိပ္ပါယ်ပြည့်ဝလှ၏။ ထိုကျမ်း များသည် စာပေဂုဏ်မြောက်လောက်အောင်အရေးအသားကောင်းရုံသာမက ဗဟုသုတအဆီအနှစ်နှင့်လည်း ပြည့်စုံလှသည်။

ဓမ္မဟောင်းကျမ်းကိုခရစ်မပေါ်မီ ၂ဝဝဝ ပြည့်နှစ်တွင်ဂရိဘာသာသို့ပြန်ဆိုခဲ့လေသည်။ တစ်ဖန် လက်တင်ဘာသာသို့ပြန်ခဲ့ပြီးနောက် ခရစ်ယန်အယူဝါဒ၌ သက်ဝင်သည့် တိုင်းပြည်တိုင်းကမိမိတို့၏တိုင်းရင်းဘာသာအသီးသီးသို့ ပြန်ဆိုကြလေသည်။ ဓမ္မဟောင်းကျမ်းတွင် ပါလက်စတိုင်ပြည်သားတို့ကိုးကွယ်ရန် တစ်ဆူတည်းသောဘုရားရှာဖွေကြံဆကြသည့်အဖြစ်အပျက်များပါဝင်သည်။

ဓမ္မသစ်ကျမ်းပြင်ဆင်

ဓမ္မသစ်ကျမ်းမှာ ထိုလူမျိုးများ မျှော်လင့်တောင့်တ ယုံကြည်ကြသည့်အတိုင်း ထာဝရဘုရားသခင်ထံမှ ကယ်တင်မည့်သူစေလွှတ်လိုက်သောအခါ ခရစ်တော်ယေရှုလူ့ပြည်သို့ ရောက်လာပုံ၊ သူ၏ဟောပြောဆောင်ရွက်ချက်များနှင့် သူ၏တပည့်သားများထံပေးသောဩဝါဒစာများ ဖြစ်လေသည်။ ဓမ္မသစ်ကျမ်းကို ဂရိဘာသာနှင့် အာရေးမစ်ဘာသာဖြင့် စီစဉ်ရေးသားခဲ့ရာ ရေးသားစီရင်သူများမှာလည်း ဂရိလူမျိုးများဖြစ်၍ယဟူဒီလူမျိုးတစ်ဦးသာပါလေသည်။ သမ္မာကျမ်းစာကိုစာပေအဖြစ်နှင့်လေ့လာစေကာမူ၊ ခရစ်တော်ယေရှု၏အကြောင်းကိုချန်လှပ်ထားခဲ့၍မဖြစ်နိုင်ချေ။ ဓမ္မသစ်ကျမ်းအတွဲတိုင်း၌လိုပင် သူ၏ဆောင်ရွက်ချက် ဟောပြောချက်များပါ ဝင်လေသည်။

မြန်မာဘာသာသို့ ပြန်ဆိုခြင်းပြင်ဆင်

ဓမ္မဟောင်းကျမ်းနှင့် ဓမ္မသစ်ကျမ်းတည်းဟူသော ထာဝရဘုရား၏သမ္မာကျမ်းကိုဒေါက်တာ အေဒိုနီယံယုဒသန်သည်ဟေဗြဲ၊ ဟေလာသဘာသာမှ မြန်မာဘာသာဖြင့် အနက် ပြန်ခဲ့လေသည်။

ယုဒသန်ပြန်ဆိုခဲ့သောဓမ္မသစ်ကျမ်းကို ၁၈၃၂ခုနှစ်ဒီဇင်ဘာလ ၁၅ ရက်နေ့တွင်မော်လမြိုင်မြို့သာသနာပုံနှိပ်တိုက်၌ ပထမဆုံးအကြိမ်ရိုက်နှိပ်ခဲ့၏။ ယုဒသန်သည် ဓမ္မဟောင်းကျမ်းကိုလည်း ဆက်လက်ပြန်ဆိုခဲ့ရာ ၁၈၃၅ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့တွင်ပုံနှိပ်ပြီးစီး လေသည်။ [၁] ဓမ္မသစ်ကျမ်းမှာ ထိုလူမျိုးများ မျှော်လင့်တောင့်တ ယုံကြည်ကြသည့်အတိုင်း ထာဝရဘုရားသခင်ထံမှ ကယ်တင်မည့်သူစေလွှတ်လိုက်သောအခါ ခရစ်တော်ယေရှုလူ့ပြည်သို့ ရောက်လာပုံ၊ သူ၏ဟောပြောဆောင်ရွက်ချက်များနှင့် သူ၏တပည့်သားများထံပေးသောဩဝါဒစာများ ဖြစ်လေသည်။ ဓမ္မသစ်ကျမ်းကို ဂရိဘာသာနှင့် အာရမိုက်ဘာသာဖြင့် စီစဉ်ရေးသားခဲ့ရာ ရေးသားစီရင်သူများမှာလည်း ဂရိလူမျိုးများဖြစ်၍ယဟူဒီလူမျိုးတစ်ဦးသာပါလေသည်။ သမ္မာကျမ်းစာကိုစာပေအဖြစ်နှင့်လေ့လာစေကာမူ၊ ခရစ်တော်ယေရှု(ယေဇူး)၏အကြောင်းကိုချန်လှပ်ထားခဲ့၍မဖြစ်နိုင်ချေ။ ဓမ္မသစ်ကျမ်းအတွဲတိုင်း၌လိုပင် သူ၏ဆောင်ရွက်ချက် ဟောပြောချက်များပါ ဝင်လေသည်။

မြန်မာပြည်ရှိ ရိုမန်ကက်သလစ်အသင်းတော်သည်လည်း ၂၀၀၁ခုနှစ် ဖေဖော်ဝါရီလ ၁၅ရက်နေ့တွင် မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့၏လမ်းညွှန်ချက်ဖြင့် ကက်သလစ်မြန်မာကျမ်းစာတော်မြတ်ဘာသာပြန်အဖွဲ့ကို ဖွဲ့စည်းခဲ့ပါသည်။ ထိုအဖွဲ့မှ ၂၀၁၂ခုနှစ် ဖေဖော်ဝါရီ ၁၁ရက်တွင် ဓမ္မသစ်ကျမ်း (၂၇)စောင်၊ ဆာလံကျမ်း၊ ပညာအလိမ္မာကျမ်း(သုတ္တံကျမ်း) နှင့် ဓမ္မဟောင်းတွဲဖက်ကျမ်းများ (Deuterocanonical Books) ပါဝင်သည့် သမ္မာကျမ်းစာ စာအုပ်ကို မြန်မာဘာသာဖြင့် ထုတ်ဝေခဲ့သည်။ ၎င်းသမ္မာကျမ်းစာ စာအုပ်တွင် ပါဝင်သော လူပုဂ္ဂိုလ်များ၊ မြို့များ၏ အခေါ်အဝေါ်များမှာ ဆရာယုဒသန်ထုတ်ဝေသော သမ္မာကျမ်းစာ၏ အမည်နာမများနှင့် ကွဲလွဲမှုများစွာရှိပေသည်။ အကြောင်းမှာ ၎င်းသမ္မာကျမ်းစာ စာအုပ်ကို ဟီဘရူး၊ ဂရိ၊ လက်တင်းနှင့် အင်္ဂလိပ်(RSV) ဘာသာစကားတို့ကို အဓိကထား ဘာသာပြန်ဆိုထားသောကြောင့်ဖြစ်သည်။ ယင်းသမ္မာကျမ်းစာစာအုပ်ကို မြန်မာပြည်ကက်သလစ်အသင်းတော်တွင် လက်ရှိအသုံးပြုလျက်ရှိသည်။

ခရစ်ယာန်များယနေ့တိုင်လက်၀ယ်ကိုင်ဆောင်ဖတ်ရှုနေတဲ့သမ္မာကျမ်းစာအုပ်သမိုင်း အကြောင်းအဆင့် ဆင့်ပြင်ဆင်

ခရစ်ယာန်များလက်၀ယ်ကိုင်ဆောင်ဖတ်ရှုနေတဲ့သမ္မာ ကျမ်းစာအုပ်ကို ဘုရားသခင်ရဲ့ နှုတ်ကပါတ်၊ ဗျာဒိတ်တော်ကို စာသားနဲ့ရေးသားထားတဲ့ ဘုရားရှင်တော်မြတ်ရဲ့ နှုတ်တော်မှ ထွက် ပေါ်လာတဲ့စကားတော်ပဲဖြစ်ပါတယ်။ ဘုရားသခင်ရဲ့ ဗျာဒိတ်တော် ဆိုတာဘာလဲ? ဘုရားသခင်ရဲ့ဗျာဒိတ်တော်ဆိုတာပထဦးဆုံးလူသား အာဒါန်မှစ၍ သခင်ယေဇူးခရစ်တော်၏ တမန်တော်ကြီးများ ဖြစ်ကြတဲ့ တစ်ကျိပ်နှစ်ပါးသော တပည့်ကြီးသံဃာတော်တို့အနက် နောက်ဆုံးသောတပည့်သာဝကကြီးဖြစ်တဲ့တမန်တော်ရှင်ယောဟန် ပျံလွန်တော်မူသည့်နေ့တိုင်အောင် လူသတ္တဝါခပ်သိမ်းတို့အား ထာ၀ရ အရှင်ဘုရားသခင်ကိုယ်တော်တိုင် ပွင့်ပွင့်လင်းလင်းဖွင့်ဟ မိန့်ကြား၊ မိန့်မြွက်ထုတ်ဖေါ်တော်မူခဲ့သောတရားတော်ကိုခေါ်တယ်။ဘုရားသခင်ရဲ့ဗျာဒိတ်တော်ဟာ လူတိုင်းဆီသို့(၂)နည်း ရောက်လာ ပါတယ်။ ပထမနည်းကတော့ ဘုရားသခင်၏ အလင်းကျေးဇူး တော်ညွှန်ပြခြင်းအရ ရေးသားထားသော သမ္မာကျမ်းစာတော်မြတ် အားဖြင့်၊ ဒုတိယနည်းကတော့ တမန်တော်အရှင်သူမြတ်များ လက် ထက်မှစ၍ အမိကက်သလစ်အသင်းတော်ကြီးမှ အစဉ်အဆက် သင်ကြားခဲ့သောတရားတော်အားဖြင့် လူတိုင်းဆီကို ရောက်လာပါ တယ်။


ခရစ်ယာန်များလက်ဝယ် ရောက်ရှိနေတဲ့ သမ္မာကျမ်းစာ အုပ်သည် အမိကက်သလစ်အသင်းတော်ကြီးရဲ့ အစဉ်အဆက် နှုတ်တိုက်သင်ကြားခဲ့သော တရားတော်အားဖြင့် ဘုရားသခင်ရဲ့ ဗျာဒိတ်တော်များကိုရေးထားတဲ့ သမ္မာကျမ်းစာအုပ်ဖြစ်ကြောင်း သင်ကြားပေးခဲ့လို့ ဘုရားသခင်ရဲ့နှုတ်ကပါတ်တော်သမ္မာကျမ်းစာ အဖြစ်ခရစ်ယာန်များက ယုံ ကြည်လက်ခံနေခြင်းဖြစ်တယ်။ သမ္မာကျမ်းစာဆိုတာဘာလဲ? သမ္မာကျမ်းစာဆိုတာ သန့်ရှင်းသော ၀ိညာဉ်တော်ဘုရား၏ အလင်းကျေးဇူးတော်အားဖြင့် ညွန်ပြ၊ နှိုးဆော်တော်မူသမျှကို ပေထက်အက္ခရာတင်၍ ရေးသားထားသော ဘုရားသခင်၏ နှုတ်ကပါတ်တော်ကို သမ္မာကျမ်းစာလို့ခေါ်တယ်။ သမ္မာကျမ်းစာကိုပြုစုသူအဓိကပုဂ္ဂိုလ်မှာ ဘုရားသခင်ပင် ဖြစ်တော်မူ တယ်။ ၎င်းကျမ်းစာတော်ကိုရေးတဲ့ ပုဂ္ဂိုလ်ဟာ လွတ်လပ်ခြင်းနဲ့ ကျိုးကြောင်းဆင်ခြင်တုံဉာဏ် ကိုလွတ်လပ်စွာအသုံးပြုနိုင်တဲ့ ဘုရားသခင်ရဲ့အသုံးတော်ခံများသာဖြစ်ကြတယ်။ သမ္မာကျမ်းစာများ ဟာ စိတ်ချယုံကြည်ရတဲ့ သမိုင်း၀င်မှတ်တမ်းရေးထားချက်များ လည်းဖြစ်ပါတယ်။


သမ္မာကျမ်းစာအုပ်ထဲမှာပါ၀င်နေတဲ့ သမ္မာ ကျမ်းစာစောင်များကို မြန်မာတို့ပေပုရ ပိုက်၊ ကြည်းပုရပိုက်၊ ရွှေပုရ ပိုက် စသဖြင့် ပေရွက်များ၊ ရွှေပြား၊ ငွေပြား၊ ကြေးပြားများ အပေါ် တွင် ရေးသား ပြီးလိပ်ထားတဲ့အတွက် ကျမ်းစာလိပ်များလို့ ခေါ်တွင် ခဲ့ပါတယ်။ ယခုမျက်ခေတ်စာအုပ်များကဲ့သို့မရှိခဲ့သေးပါ။ ယခု လက်ရှိ ခရစ်ယာန်တို့ရဲ့ သမ္မာကျမ်းစာအုပ်ထဲမှာပါရှိနေတဲ့ ပထမဦး ဆုံးရေးသားခဲ့တဲ့ ကမ္ဘာဦးကျမ်းနဲ့ သမ္မာကျမ်းစာအုပ်ရဲ့ နောက်ဆုံး မှာပါရှိနေတဲ့ နောက်ဆုံးရေးသားခဲ့တဲ့ဗျာဒိတ်ကျမ်းတို့ဟာ နှစ်ပေါင်း (၁၅၀၀) လောက်ကွာခြားခဲ့ပါတယ်။နှစ်ပေါင်းများစွာအတွင်းရေးသား ခဲ့တဲ့ ကျမ်းစာလိပ်များကိုစုပေါင်းပြီး စာအုပ်တစ်အုပ်အဖြစ်စုစည်း ချုပ်လုပ်ထားတဲ့အတွက် စာကြည့်တိုက်ကလေးဟုခေါ်တယ်။ Bible ဆိုတဲ့ ဝေါဟာရရဲ့ အနက္ကေတာ့ စာအုပ်များလို့ အဓိပ္ပါယ်ရပါတယ်။ အသင်းတော်ရဲ့ရှေးဦးအစပိုင်းမှာ ကျမ်းမှန် များရေးသားခဲ့ကြသလို ချဲ့ထွင်၊ မြောက်ပင့်ရေးထားခြင်းများ၊ ဖတ်ကောင်းအောင် ရေးသား ချက်များ၊ ကျမ်းမျိုးစုံပေါ်ထွက်လာခဲ့ပါတယ်။ သန့်ရှင်းသောဝိညာဉ် တော်ဘုရားရဲ့ လမ်းညွန်လှုံ့ဆော်မှု၊ အလင်းကျေးဇူး တော်အားဖြင့် အမိအသင်းတော်ကြီးက သံဃာယနာတင်အစည်းအဝေး ပွဲများ အကြိမ်ကြိမ်ပြုလုပ်ကာ မိမိရဲ့ဘာသာဝင်သားသမီး ခရစ်ယာန်များ အတွက် မိမိရဲ့နှုတ်တိုက်သင်ကြားလာခဲ့တဲ့ ဗျာဒိတ်တော်အားဖြင့် ကျမ်းတု၊ ကျမ်းမှားအများအပြားထဲမှ ကျမ်းမှန်များကိုရွေးထုတ် စုစည်းကာ ပေးအပ်တော်မူခဲ့ပါတယ်။


အစောပိုင်းကာလများမှာ ခရစ်ယာန်များဟာ ညှင်းပန်းနှိပ်စက်၊ ညှဉ်းဆဲသတ်ဖြတ်ခြင်းခံနေရချိန်ဖြစ်နေလို့ မူရင်းကျမ်းစာလိပ်များကို စုစည်းဖို့ အခက်အခဲနဲ့ကြုံခဲ့ရပါတယ်။ ခရစ်သက္ကရာဇ် အေဒီ(၃၁၃) ခုနှစ်ရောက်မှ ကွန်စတန်တင်ဘုရင်လက်ထက် ရောမအင်ပါယာ တစ်ခုလုံး ဘာသာရေးလွတ်လပ်စွာကိုးကွယ်ခွင့်ရချိန်ရောက်မှ သာသနာတောင်ရဲ့ အရေးကြီးတဲ့လုပ်ငန်းများကိုစတင်ဆောင်ရွက် လာ နိုင်ပါတော့တယ်။ သမ္မာကျမ်းစာနဲ့ ပတ်သက်တဲ့သမိုင်းကို ဆက်လက်ဖေါ်ပြရမယ် ဆိုရင် ခရစ်သက္ကရာဇ် အေဒီ(၃၉၃) ခုနှစ် မှာ အာဖရိတိုက် ဟစ္ပို (Hipo) မြို့မှာ ပထမဦးဆုံးသမ္မာကျမ်းစာနဲ့ပတ်သက်တဲ့ သံဃာယနာ တင် အစည်းအဝေးပွဲအတွင်း သန်းရှင်းသောဝိညာဉ်တော်ဘုရားရဲ့ အလင်းကျေးဇူးတော်အားဖြင့် ရေးသားထားတဲ့ကျမ်း စာလိပ်များကို ကျမ်းအတုများထဲမှ စီစစ်ရွေးထုတ်နိုင်ခဲ့ပြီး တရား၀င်ကျမ်းများအဖြစ် ခွဲခြား သတ်မှတ်ပေးနိုင်တော်မူခဲ့ပါတယ်။အမိကက်သလစ်သာသနာ တော်ကြီးအနေဖြင့် တစ်ကမ္ဘာလုံးသုံးနေတဲ့ လက်ရှိကျမ်းစာအုပ် အဖြစ်သို့ခွဲခြားသတ်မှတ်ပေးနိုင်တော်မူခဲ့ပါတယ်။


ခရစ်သက္ကရာဇ် အေဒီ(၃၉၃) ခုနှစ်မှာပဲ သမ္မာကျမ်းစာနဲ့ပတ်သက်တဲ့ ဒုတိယအကြိမ်မြောက် သံဃာယနာ တင် အစည်းအဝေးပွဲကြီးကို အာဖရိကတိုက်မြောက်ပိုင်း ကာသေ့ချ် (Carthage) မြို့မှာပြုလုပ်တော်မူခဲ့ပြန်ပါတယ်။ အဲဒီဒုတိယမြောက် သံဃာယနာတင် အစည်းအဝေးကြီးအထဲမှာပဲ ပထမမြောက် သံဃာ ယနာတင် အစည်းအဝးပွဲက ရွေးထုတ်ခဲ့သော ကျမ်းစာနဲ့ ပတ်သက် နေတဲ့ အချက်အလက်များ အားလုံးကို ပြန်လည်စစ်ဆေးခဲ့ပြီး မှန်ကန် ကြောင်း တရားဝင်ကျမ်းအစစ်များဖြစ်ကြောင်း ထပ်မံအတည်ပြုခဲ့ ပါတယ်။ ခရစ်သက္ကရာဇ် အေဒီ (၄၀၅) ခုနှစ်တွင် ပုပ်ရဟန်းမင်းကြီး ပထမမြောက် အင်နိုဆင့် (Pope Innocent I) အရှင်သူမြတ်မှ ထပ်မံစစ်ဆေးပြီး အတည်ပြုခဲ့ပြန်ပါတယ်။ ခရစ်သက္ကရာဇ် အေဒီ (၄၁၉) ခုနှစ် တွင် ပုပ်ရဟန်းမင်းကြီး ပထမမြောက်ဗော့နိုဖေစ် (Pope Boniface I) အရှင်သူတော်မြတ်ကလည်း ထပ်မံစစ်ဆေးပြီး တရား ဝင်သမ္မာကျမ်းစာအစစ်ဖြစ်ကြောင်း ထပ်မံအတည်ပြုခဲ့ပြန်ပါတယ်။


အဲဒီအချိန်ထိ သမ္မာကျမ်းစာတော်မြတ်ကို အခန်းကြီး၊ အခန်းငယ် မခွဲခြားရသေးတာကြောင့် သမ္မာကျမ်းစာတော်မြတ်ကို လေ့လာ ဖတ်ရှုဖို့ အခက်အခဲတွေ့ ကြုံခဲ့ရပါတယ်။ အမိအသင်းတော်ကြီးရဲ့ သံဃာယနာတင် အစည်းဝေးပွဲများနဲ့ စစ်ဆေးရွေးချယ်စုစည်းပေးလိုက်တဲ့ သမ္မာကျမ်းစာအုပ်ကို ခရစ် သက္ကရာဇ် (၁၂၁၄) ခုနှစ်က အင်္ဂလိပ်ရသေ့ရဟန်းတစ်ပါးဖြစ်တဲ့ စတီးဗင်းလဲန်တွန်း (Stephen Langton) အရှင်သူမြတ်မှ ဓမ္မဟောင်း၊ ဓမ္မသစ်ကျမ်းများကို အခန်းကြီးခွဲပေးခဲ့ပါတယ်။ အရှင်မြတ်ဟာ ပဲရစ်မြို့တက္ကသိုလ်မှာ ပါမောက္ခဖြစ်ခဲ့ပြီးနောက် ကန္တာဘာရီ ဂိုဏ်း ချုပ်ဆရာတော်အဖြစ် ရွေးကောက်တင်မြောက်ခြင်းခံခဲ့ရပါတယ်။ သက္ကရာဇ် (၁၅၂၈) ခုနှစ်မှာ အိတလီလူမျိုး၊ ဒိုမီနီကန်ရဟန်း တစ်ပါး ဖြစ်တဲ့ ဆန်တေပါညီးနို (Sante Pagnino) အရှင်သူမြတ်က ဓမ္မ ဟောင်း ကျမ်းတစ်ခုလုံးကို အခန်းငယ်များခွဲပေးခဲ့ပါတယ်။ သက္ကရာဇ်(၁၅၅၁)ခုနှစ်မှာတော့ပြင်သစ်လူမျိုးရောဘတ်စတီအန် နေ (Robert Stienne) ဆိုသူက ဓမ္မသစ်ကျမ်းတစ်ခုလုံးကို အခန်း ငယ်များခွဲခြားသတ်မှတ်ပေးခဲ့ပါတယ်။ ဓမ္မဟောင်း၊ ဓမ္မသစ်ကျမ်းနှစ်စောင်စလုံးကို အခန်းကြီး၊ အခန်း ငယ်များ ခွဲခြားပေးလိုက်ပြီးတဲ့ နောက်ပိုင်းမှာ သမ္မာကျမ်းစာကို လေ့ လာရန် အရမ်းလွယ်ကူလာပါတော့တယ်။


ခရစ်ယာန်များရဲ့ သမ္မာကျမ်းစာအုပ်ထဲမှာ ခရစ်တော်ဘုရားရှင် လူ့ဇာတိအဖြစ်ကိုမခံယူခင် ခရစ်တော်ဘုရားရှင် သည် မည်သို့မည်ပုံ ကြွလာတော်မူမည်စသည်ဖြင့် ခရစ်တော်ဘုရား ရှင်အကြောင်း ကြိုတင်မြွက်ဟ ဖော်ပြတော်မူခဲ့တဲ့ ဘုရားသခင်ရဲ့ ဗျာဒိတ်တော်ကို ဓမ္မဟောင်းကျမ်းများဟု ခေါ်ပါတယ်။ ဓမ္မဟောင်း ကျမ်း (၄၆) စောင်ရှိပါတယ်။ ခရစ်တော်ဘုရားရှင် လူ့ဇာတိအဖြစ်ကို ခံယူတော်မူပြီးနောက် ခရစ် တော်ရဲ့ သက်တော်စဉ် လူတွေကို ကယ်တင်တဲ့ခရစ်တာ်ရဲ့ ကယ်တင် ခြင်းသမိုင်း ခရစ်တော်ရဲ့ တရားဒေသနာတော်များ တမန်တော်များရဲ့ ဆုံးမသြဝါဒတရားတော်များဟူ၍ ဓမ္မသစ်ကျမ်း (၂၇)စောင်ဟူ၍ ပါရှိ နေပါတယ်။ ဓမ္မဟောင်းကျမ်း (၄၆) စောင်နဲ့ ဓမ္မသစ်ကျမ်း (၂၇) စောင် တို့ပေါင်းစပ်ထားတဲ့ ကျမ်း (၇၃)ကျမ်းပေါင်းချုပ်ကို ခရစ်ယာန်များရဲ့ သမ္မာကျမ်းစာအုပ်လို့ ခေါ်ပါတယ်။ သမ္မာကျမ်းစာအုပ်ထဲမှာ ပါဝင်နေ တဲ့ ဒီကျမ်း (၇၃) ကျမ်းဟာ၊ နှစ်ပေါင်း (၁၅၀၀) အတွင်း တစ်ခေတ် ပြီးတစ်ခေတ် ဘုရားသခင်ရဲ့ ဗျာဒိတ်တော်များကို ရေးမှတ်ထုတ်ထား တဲ့ကျမ်းစာအုပ်များ ဖြစ်ပါတယ်။ အဲဒီကျမ်းများကို သန့်ရှင်းသော ဝိညာဉ်တော်ဘုရားရဲ့ နှိုးဆော်မှု အောက်၌ ပေထက်အက္ခရာတင် ရေးသားခဲ့တဲ့ ကျမ်းရေးပုဂ္ဂိုလ်များ ကတော့ လူတန်းစားအလွှာအသီးသီးမှ ပုဂ္ဂိုလ်များဖြစ်နေပါတယ်။ ဥပမာပေးဖေါ်ပြရမယ်ဆိုရင် အီဂျစ်ဘုရင်ရဲ့ တပ်သားတစ်ဦး အီဂျစ် ဘုရင်ရဲ့ နန်းတွင်းပညာရေးကို သင်ယူတတ်မြောက်လာခဲ့တဲ့ ကျမ်း ရေးပုဂ္ဂိုလ်ကတော့ မိုးဇယ်ဖြစ်ပါတယ်။ သိုးကျောင်းသားဘဝမှ ကြီး ပြင်းလာခဲ့ရတဲ့ ကျမ်းရေးပုဂ္ဂိုလ်ကတော့ ဒါဝိတ်မင်းကြီးဖြစ်ပါတယ်။ ပညာရှိသုခမိန် ကျမ်းရေးပုဂ္ဂိုလ်ကတော့ ပရောဖက်ဟေရှာယပဲဖြစ် ပါတယ်။ ယုဒရဟန်းအကြီးအကဲဖြစ်တဲ့ ကျမ်းရေးပုဂ္ဂိုလ်ကတော့ ပရောဖက်ယေဇကျေလပဲ ဖြစ်ပါတယ်။ နွားကျောင်းသားဘဝမှ ကျမ်း ရေးပုဂ္ဂိုလ်ကတော့ ပရောဖက်အာမုတ် ဖြစ်ပါတယ်။ ဆေးသမား တော်ဘဝမှ ကျမ်းရေးပုဂ္ဂိုလ်ကတော့ ရှင်လုကာဖြစ်ပါတယ်။ အများ တကာရွံမုန်းခြင်းခံရတဲ့ အခြန္ခံဘဝမှ တမန်တော်ဘဝအဖြစ် ရွေး ကောက်ခြင်းခံခဲ့ရတဲ့ ကျမ်းရေးပုဂ္ဂိုလ်ကတော့ ရှင်မဿဲလို့ခေါ်တဲ့ (ရှင်မာတေဦး)ပဲဖြစ်ပါတယ်။ တံငါသည်ဘဝမှ တမန်တော်အကြီး ဥက္ကဌအဖြစ်ရွေးကောက်ခြင်းခံခဲ့ရတဲ့ ကျမ်းရေးပုဂ္ဂိုလ်ကတော့ တမန် တော်ရှင်ပေတရူးပဲ ဖြစ်ပါတယ်။ ဖာရီရှဲလည်းဖြစ်၊ ပညာကလည်းရှိတဲ့ ခရစ်ယာန်တွေကို ကျူပင်ခုတ် ကျူငုတ်မကျန်အောင် လိုက်လံသတ် ဖြတ်ခဲ့ပြီး ဘုရားတန်ခိုးတော်နဲ့ ခရစ်ယာန်ဖြစ်လာခဲ့တဲ့ ကျမ်းရေး ပုဂ္ဂိုလ်ကတော့ တမန်တော်ရှင်ပေါလူးပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဂျူးဘာသာ၀င်များနဲ့ ရှေးဦး ခရစ်ယာန်များဟာ အယူဝါဒယုံကြည်မှုဆိုင်ရာများကို အငြင်းအခုံ ဖြစ်ကြတဲ့အခါမှာ၊ ရှေးဦးခရစ်ယာန်များက အဓိကထား ထောက်ပြခဲ့ သောကျမ်းများကို ပြန်၍မချေပနိုင်သောကြောင့် ခရစ်သက္ကရာဇ် အေဒီ (၉၀) တွင် - ဂျဲမီးနီးယား (Jaminia) မြို့မှာ ဂျူးလူမျိုးများ စည်းဝေး၍ ဒီကျမ်းများဟာ နိုင်ငံခြားတိုင်းတစ်ပါး၌ ဖြစ်ခဲ့သောကျမ်း များဖြစ်သည်ဟုဆိုကာ အဓိကျမ်းကြီး (၇) ကျမ်းနဲ့ ဒါနီအဲလ် ဟောစာ တမ်းနဲ့ အက်စတာဝတ္တုကျမ်းများရဲ့ အချို့သော ကျမ်းပိုဒ်တို့ကို ဟေဗြဲကျမ်းထဲမှ တရားဝင် ပယ်လိုက်ကြပါတော့တယ်။ ဒါကြောင့် ဟေဗြဲကျမ်းထဲမှ ဓမ္မဟောင်းကျမ်း (၃၉) ကျမ်း သာကျန်တော့တယ်။


ခရစ်သက္ကရာဇ် (၉၀) ခုနှစ်ကတည်းကစပြီး၊ ဂရိဘာသာစကားနဲ့ ရေးသားထားတဲ့ ဓမ္မဟောင်းကျမ်းပေါင်း (၄၆) ကျမ်းရှိနေခဲ့ပေမယ့် ဟေဗြဲဘာသာရပ်စကားနဲ့၊ တစ်နည်းပြောရရင်၊ ပါလက်စတိုင်းမှာ ရှိနေတဲ့ ဂျူးစကားပြော၊ ဂျူးဘာသာ၀င်တွေအတွက်၊ ဟေဗြဲဘာသာ စကားနဲ့ရေးသားထားတဲ့ ဓမ္မဟောင်းကျမ်းမှာတော့ (၃၉) ကျမ်းသာ လက်ခံကြတော့တဲ့အတွက် အဓိကကျမ်းကြီး (၇) ကျမ်း၊ ဒါနီအဲလ် ဟောစာတမ်းနဲ့ အက်စတာဝတ္တုကျမ်းများရဲ့ အချို့သောကျမ်းပိုဒ် တချို့ကို ရှေးဦးခရစ်ယာန်များနဲ့ ဘာသာရေးငြင်းခုန်ရာတွင် ရှုံးနိမ် မှုကြောင့်၊ ဟေဗြဲကျမ်းမှ ပယ်ချပစ်လိုက်ကြတော့တယ်။ ဂျူးလူမျိုး တွေဟာ နှစ်ပေါင်း (၄၀၀) မျှလောက် လက်ခံယုံကြည်ခဲ့ကြပြီး၊ ပယ်ထုတ်လိုက်တဲ့ ကျမ်းမှာ- (၁) တိုဘိဝတ္တု (The Book of Tobit or Tobias) (၂) ဂျူဒစ်ဝတ္တု (The Book of Judith) (၃) ပညာပါရမီကျမ်း (The Wisdom of Solomon) (၄) နီတိဒေသနာကျမ်း (Ecclesiasticus, or Sirach) (၅) ဘာရုဟောစာတမ်း (The Book of Baruch) (၆) မက္ခာဘေဦးသမိုင်း ပထမတြဲ (The First of Maccabees) (၇) မက္ခာဘေဦးသမိုင်း ဒုတိယတြဲ (The Second Book of Maccabees) စတဲ့ကျမ်းကြီး (၇) ကျမ်းများနဲ့ အချို့သောကျမ်းပိုဒ်များ ဖြစ်ကြတဲ့ ဒံယေလအနာဂတ္တိကျမ်းနဲ့ ဧဿတာဝတ္တုကျမ်းပိုဒ်များပဲ ဖြစ်ကြပါတယ်။ အဲဒီချိန်ကစပြီး ခရစ်ယာန်များအတွက် မူရင်းကျမ်းစာမှာ၊ ဂရိဘာသာစကားဖြင့်ရေးသားထားတဲ့ septuagintကျမ်းစာအုပ်ပဲဖြစ်ပါတယ်။ ဓမ္မသစ်ကျမ်း (၂၇)စောင်လုံးမှာလည်း၊ ဓမ္မသစ်ကျမ်းရေးပုဂ္ဂိုလ်များက ဂရိဘာသာစကားဖြင့် ရေးသားတော် မူခဲ့ကြပါတယ်။ ခရစ်သက္ကရာဇ် (၃၈၂) ခုနှစ်၊ ရာ စုအားဖြင့် (၄) ရာစု တွင်၊ ရဟန္တာသူတော်မြတ် စိန်ဂျေရုမ်းအရှင်မြတ်မှ၊ ဂရိဘာသာ စကားမှ လက်တင်း ဘာသာစကားသို့ ဘာသာပြန်ဆိုခဲ့တဲ့ ဗားလ်ဂိတ် (Vulgate) သမ္မာကျမ်းစာတော်မြတ်တွင်၊ ဂျူးလူမျိုးများ ပယ်ခဲ့တဲ့ ကျမ်းများကို ခရစ်ယာန်တိုင်းသိဖို့အတွက်၊ အပိုင်းလိုက်သီးသန့် ဘာသာပြန်ဆိုပြီး ဖေါ်ပြထားတာတွေ့နိုင်ပါတယ်။


ခရစ်သက္ကရာဇ် (၁၅၂၄) ခုနှစ် နောက်ပိုင်း၊ အမိကက်သလစ်အသင်းတော်ကြီးမှ မာတင်လူသာရဲ့ ပရိုတက်စတန်ခရစ်ယာန်အသင်းခွဲ ထြက္သြားတဲ့ အခါ ကျမ်းဂရိတ်မူရင်း ဆဲပ်တွာဂျင်ကျမ်းစာအုပ်ကို ပယ်ပြီးဟေဗြဲ ကျမ်းစာအုပ်ကိုပဲအခြေပြုလိုက်တဲ့အတွက်ပရိုတက်စတန်ခရစ်ယာန် သမ္မာကျမ်းစာအုပ်ထဲမှာဓမ္မဟောင်းကျမ်း(၃၉)စောင်သာကျန်ပါတော့ တယ်။ မာတင်လူသာဘက်လိုက်များမှာ၊ဓမ္မဟောင်းကျမ်းစာအချို့ကို ပယ်ရုံမက ဓမ္မသစ်ကျမ်းအချို့ကိုလည်းပယ်ခဲ့ကြပြန်ပါတယ်။လူသာ ရဲ့ ပရိုတက်စတန်အသင်းကပယ်လိုက်တဲ့ဓမ္မသစ်ကျမ်းအချို့ကတော့ (၁) ရှင်ယာကုပ်သြဝါဒစာ၊ (၂) ဟေဗြဲသြဝါဒစာ၊ (၃) ရှင်ယုဒသြဝါဒစာ၊ (၄) ဗျာဒိတ်ကျမ်းများ ပဲဖြစ်ပါတယ်။ နောက်ပိုင်းကျမှ အခြားသော ပရိုတက်စတန်ခရစ်ယာန်ဂိုဏ်းခွဲများက ဓမ္မသစ်ကျမ်း (၂၇) စောင်လုံး ကိုလက်ခံခဲ့ကြလို့၊ လူသာရဲ့ ပရိုတက်စတန်ခရစ်ယာန်အသင်းဂိုဏ်း က ၎င်းတို့ပယ်ခဲ့တဲ့ ဓမ္မသစ်ကျမ်းများကို ပြန်လည်လက်ခံလာခဲ့တော့ တယ်။ ဓမ္မဟောင်းကျမ်းကိုတော့ ဟေဗြဲဘာသာဂျူးကျမ်းကိုပဲ လက် ခံလိုက်တဲ့အတွက် (၃၉) စောင်သာ ယနေ့ထိတိုင်လက်ခံကြပါတော့ တယ်။ ထိုပါလက်စတိုင်းက ဂျူးများနဲ့၊ ပရိုတက်စတန်ခရစ်ယာန် ဂိုဏ်းကွဲများက ဓမ္မဟောင်းကျမ်းမှ (၇) ကျမ်းပယ်လိုက်ခြင်းကို အမိ ကက်သလစ်အသင်းတော်ကြီးက မိမိရဲ့ဘာသာဝင်သားသမီးများ သံသယမကင်းမဖြစ်စေရန်အတွက် ခရစ်သက္ကရာဇ် (၁၅၄၆)ခုနှစ်တွင် တြင်းမြို့ သံဃာယနာတင်အစည်းအဝေးပွဲကြီးကို ပြုလုပ်ပြီး ထိုကျမ်း များသည် အမိကက်သလစ်အသင်းတော်ကြီးအတွက် တရားဝင်၍ သန့်ရှင်းသော သမ္မာကျမ်းစာများဖြစ်ကြောင်း အခြားသောကျမ်းများ နှင့် တန်းတူညီတူ လက်ခံရိုသေကြရမည်ဖြစ်ကြောင်း တရားဝင် အတိအလင်း ထုတ်ပြန်ကြေ ညာခဲ့ပါတယ်။


ခရစ်သက္ကရာဇ် (၁၄၅၆) ခုနှစ်တွင် Maing မိန်းဇ်မြို့မှာလက်တင်းဘာသာစကားနဲ့ ပထမဦးဆုံးပုံနှိပ်ထား သော သမ္မာကျမ်းစာအုပ်အဖြစ် ပထမဦးဆုံးစာအုပ်တစ်အုပ် အဖြစ် သမ္မာကျမ်းစာအုပ်ကို ရိုက်နှိပ်ထုတ်ဝေခဲ့ပါတယ်။ အဲဒီပထမဦးဆုံး စာအုပ်အဖြစ်၊ ပထမဦးဆုံးပုံနှိပ် သမ္မာကျမ်းစာအဖြစ် စာပုံနှိပ်တီထွင် ခဲ့တဲ့ John Gutenler ဂျွန်ဂူတင်ဘတ်ရဲ့ ပုံနှိပ်စက်ဖြင့် ရိုက်နှိပ်ထုတ်ဝေ ခဲ့ပါတယ်။ ဂျွန်ဂူတင်ဘတ်ဟာ၊ ကက်သလစ်ဘာသာဝင်တစ်ဦး ဖြစ်ခဲ့ ပါတယ်။


ခရစ်သက္ကရာဇ် (၄၀၀) မှ (၁၄၄၀) ခုနှစ်များ အတွင်း၌၊ သမ္မာကျမ်းစာလိပ်များကို ကက်သလစ်ရသေ့ရဟန်းများက သားရေ ချပ်များအပေါ် ကူးယူရေးသားခဲ့ကြရပြီး လက်ဆင့်ကမ်းဖြန့်ဝေခဲ့ရပါ တယ်။ ထိုမူရင်းကျမ်းစာလိပ်များကို အမိအသင်းတော်ကြီးက ထိန်း သိမ်းထားလျှက်ရှိပါတယ်။ ခရစ်သက္ကရာဇ် (၁၄၅၆ )ခုနှစ်မှ (၁၅၂၀)ခုနှစ်များအတွင်း သမ္မာ ကျမ်းစာကို လက်တင်ဘာသာစကားဖြင့် အကြိမ်ပေါင်း (၁၀၀)၊ ဂျာမန် ဘာသာစကားဖြင့် အကြိမ်ပေါင်း (၂၇) ကြိမ်၊ အီတလီဘာသာစကား ဖြင့် အကြိမ်ပေါင်း (၂၅) ကြိမ်၊ ပုံနှိပ်ထုတ်ဝေနိုင်ခဲ့ပါတယ်။ ထို့အပြင် ပြင်သစ်၊ စပိန်၊ ဟန်ဂေရီ၊ အခြားအခြားသော ဘာသာစကားများဖြင့် လည်း ပုံနှိပ်ထုတ်ဝေခဲ့ပါတယ်။ ပရိုတက်စတန်ခရစ်ယာန်ဂိုဏ်းဂဏ္ဍများပေါ်ပေါက်မလာမှီ၊အမိအသင်းတော်ကြီးကသမ္မာကျမ်းစာအုပ်ကို အကြိမ်ပေါင်း (၆၂၆) ကြိမ်ပုံနှိပ်ထုတ်ဝေခဲ့ပြီး ဖြစ်ပါတယ်။ ခရစ် သက္ကရာဇ်(၁၅၂၂)ခုနှစ် ပရိုတက်စတန်တို့ ပထမဦးဆုံးရိုက်နှိပ်ထုတ် ဝေသော သမ္မာကျမ်းစာအုပ်မှာ၊ ဂျာမာန်ဘာသာစကားဖြင့် မာတင် လူသာက ဘာသာပြန်ဆိုပြီး ပုံနှိပ်ထုတ်ဝေခဲ့သော ဓမ္မသစ်ကျမ်းစာပဲ ဖြစ်ပါတယ်။ နောက်ပိုင်း၌ အမိအသင်းတော်ကြီးနှင့်တကွ ပရိုတက် စတန် ခရစ်ယာန်ဂိုဏ်းကွဲများ၊ ကမ္ဘာ့သမ္မာကျမ်းစာအသင်းကြီးနှင့် ကျမ်းစာထုတ်ဝေရေး အသင်းအဖွဲ့များရဲ့ လက်တွဲကြိုးစား၊ ကြိုးပမ်း မှုကြောင့် အထူးသဖြင့် (၂၀) ရာစုနဲ့ (၂၁) ရာစုမ်ားမွာ သိပ္ပံပညာ တိုးတက်လာမှုကြောင့်၊ ဘာသာစကားမျိုးစုံဖြင့်၊ အကြိမ်ပေါင်းများစွာ ပုံနှိပ်ထုတ်ဝေလျှက် အထပ်ထပ်အကြိမ်ကြိမ် ရှုထောင့်သစ်၊ အမြင် သစ်၊ မျက်မှောက်ခေတ်သုံး စကားလုံးများဖြင့် ဘာသာပြန်ဆိုခြင်း များပြုလုပ်နေကြောင်း သိရှိနိုင်ပါတယ်။


သမ္မာကျမ်းစာတော်မြတ်နဲ့ ပတ်သက် ပြီး အသင်းတော်ရဲ့ သွန်သင်ချက်ကိုအတိုချုပ် ဖေါ်ပြရမယ်ဆိုရင် (၁) သမ္မာကျမ်းစာအုပ်ထဲတွင် ပါဝင်နေသော သန့်ရှင်းမြင့်မြတ်သော ကျမ်းများသည် ခရစ်တော်ဘုရားရှင်အကြောင်းကို တူညီစွာညွှန်ပြ မြွက်ဟဖေါ်ပြနေကြပြီး ခရစ်တော်ဘုရားရှင်၌ အဆုံးသတ်နေကြ တယ်။ (၂) သမ္မာကျမ်းစာအုပ်ထဲ၌ ပါဝင်နေသောကျမ်းများဟာ ဘုရားသခင် ရဲ့ အလင်းကျေးဇူးတော် အောက်၌ ရေးသားခြင်းခံရပြီး၊ ဘုရားသခင်ရဲ့ စကားတော်၊ ဗျာဒိတ်တော်များနှင့်ပြည့်နေသော ဘုရားသခင်၏နှုတ် ကပါတ်တော်ဖြစ်ပါတယ်။ (၃) သမ္မာကျမ်းစာရေးတဲ့ မူရင်းပုဂ္ဂိုလ်ဟာ ဘုရားရှင်ဖြစ်ပြီး၊ လူသား ကျမ်းရေးပုဂ္ဂိုလ်ဟာ သခင်ဘုရားရဲ့ အလင်းကျေးဇူးတော်အောက်၌ အထူးအသုံးတော်ခံရ၍၊ လူသားအားလုံး ကယ်တင်ခြင်းခံစားရဘို့ အတွက် အမှားအယွင်းကင်းစင်လျှက် သမ္မာတရားတော်ကို ရေးသား တော်မူပါတယ်။ (၄) သမ္မာကျမ်းစာတော်မြတ်ကို အနက်အဓိပ္ပာယ်ဖေါ်ပြရာမှာ၊ လူသားများကို ကယ်တင်ခြင်းချမ်းသာ ရစေချင်လွန်းသော၊ မိမိရဲ့ အလိုတော်မြတ်ကို ဖေါ်ပြနေကြောင်း၊ ဘုရားရဲ့မေတ္တာတော် ဆန္ဒကို အာရုံစူးစိုက်အနက်ဖွင့်ဖို့ လိုအပ်ပါတယ်။ (၅) အမိအသင်းတော်ကြီးဟာ မိမိရရှိထားတဲ့ ဓမ္မဟောင်းကျမ်း (၄၆) ကျမ်းနဲ့ ဓမ္မသစ်ကျမ်းတို့ကို ဘုရားသခင်ရဲ့ နှုတ်ကပါတ်တော်အဖြစ် ရိုသေလေးမြတ်ခြင်းပြုရပါတယ်။ (၆) သမ္မာကျမ်းစာများထဲမှာ၊ ခရစ်ဝင်ကျမ်း၊ ဧဝံဂေလိကျမ်း လေး စောင်ကို ဗဟိုပြုထားပါတယ်။ ဘာကြောင့်လဲဆိုရင် ခရစ်တော်ဘုရား ရှင်ဟာ ကျမ်းအားလုံးရဲ့ ဗဟိုအချက်အချာဖြစ်နေလို့ပါပဲ။ (၇) ဓမ္မဟောင်းကျမ်းနဲ့ ဓမ္မသစ်ကျမ်းဟာ ဘုရားသခင်ရဲ့ တစ်ခုတည်း သော အကြံအစည်တော်ဖြစ်တဲ့ ကယ်တင်တော်မူခြင်းဆိုတဲ့ အလို တော်၌ တစ်လုံးတစ်ဝတည်းအဖြစ် ပေါင်းစပ်နေတဲ့ ဗျာဒိတ်တော် ဖြစ်ပါတယ်။ (၈) အမိအသင်းတော်ကြီးက ကိုယ်တော်ရှင်ရဲ့ ခန္ဓာတော်ဖြစ်တဲ့ ကိုယ်တော်မြတ်ကို ကြည်ညိုလေးမြတ်သလို၊ သမ္မာကျမ်းစာတော် မြတ်ကိုလည်း ထိုကဲ့သို့ ကြည်ညိုလေးမြတ်လျက်ရှိပါတယ်။


ကက်သလစ်ကျမ်းစာ (၇၂)စောင်ပြင်ဆင်

“ဘာရု ပရောဖက်ကျမ်း” (Baruch) သည် ပရိုတက်စတင့် ကျမ်းစာတော်မြတ်တွင် မပါဝင်ဘဲ ကက်သလစ်ကျမ်းစာတော်မြတ်တွင်သာ ပါဝင်သော ဓမဟောင်းကျမ်း (၇)စောင်ထဲမှ တစ်စောင်ဖြစ်သည်။ ထိုကျမ်းများကို ကက်သလစ်တို့က “ဓမဟောင်းတွဲဖက်ကျမ်း”များ Deuterocanonical ဟုခေါ်ကြသည်။ ပရိုတတ်တစတင့် တို့ကမူ “အာပိုခရိပါ” Apocryphalဟုခေါ်ကြသည်။ (မြန်မာနိုင်ငံတွင် “အပယ်ခံကျမ်း”ဟု အသုံးရှိခဲဖူးသည်။) ထိုဓမဟောင်းကျမ်း (၇)စောင်တွင် ပါဝင်သော ကျမ်းများမှာ တိုဘိဝတု (Tobit)၊ ဂျူဒစ်ဝတု (Judith)၊ ဘာရုပရောဖက်ကျမ်း (Baruch)၊ မကာဘေးဦးသမိုင်း (ပထမတွဲနှင့် ဒုတိယတွဲ) (1 and 2 Maccabees) ဉာဏ်ပညာကျမ်း (Wisdom, or wisdom of Solomon) ၊ နိတိဒေသနာကျမ်း (Sirach, or Ecclesiasticus) တို့ဖြစ်ကြသည်။


ထိုဓမဟောင်းတွဲဖက်ကျမ်းများသည် ဘီစီ (၃)ရာစုခန့်က ဂရိဘာသာသို့ ပြန်ဆိုထားသော ဓမဟောင်းကျမ်း (Septuagint)တွင် ပါဝင်ကြသည်။ အဆိုပါ ဓမဟောင်းကျမ်းသည် တမန်တော်ကြီးများနှင့် ၄င်းတို့ နောက်ပိုင်း မျိုးဆက်များ အသုံးပြုခဲ့သည့် ကျမ်းစာတော်မြတ်လည်းဖြစ်သည်။ ဂရိဘာသာဖြင့် ရေးသားထားသော ဓမဟောင်းကျမ်းများထဲမှ အစောဆုံးလက်ရေးမူများဖြစ်သည့် Codex Sinaiticus (fourth century) နှင့် Codex Alexandrinus (c.450) တို့သည် အထက်ဖော်ပြပါ ဓမဟောင်းများကို အခြားသော ကျမ်းများနှင့် အတူ ထည့်သွင်းထားကြသည်။


ခရစ်နှစ် ၃၄၉ ခုနှစ်တွင် ဟိပိုမြို့တွင် ပြုလုပ်သော ခရစ်ယာန်သာသနာ့စည်းဝေးကြီးနှင့် ၃၉ရခုနှစ် နှင့် ၄၁၉ ခုနှစ်တို့တွင် ကာသေ့ချ်မြို့တွင် ပြုလုပ်သော စည်းဝေးပွဲ ကြီးတို့က ထိုကျမ်း (၇)စောင်ကို အခြားသော ကျမ်း(၆၆)စောင်နှင့် အတူ ကျမ်းစာတော်မြတ်တွင် ထည့်သွင်းအတည်ပြုခဲ့ကြသည်။ ထိုအတည်ပြုချက်ကို ကမာလုံးဆိုင်ရာ အသင်းတော် (Universal Church) ကလည်း လက်ခံခဲ့သည်။ (၁၆) ရာစုတွင် ထရင့်မြို့တွင် ကျင်းပခဲ့သော ခရစ်ယာန် သာသနာ့စည်းဝေးပွဲကြီးကလညး် ထိုကျမ်းများကို အတည်ပြုပေးခဲ့သည်။


သို့ဖြစ်လျှင် အဘယ့်ကြောင့် ပရိုတက်စတင့်တို့က အဆိုပါကျမ်းများကို ၄င်းတို့၏ ကျမ်းစာတော်မြတ်ထဲမှ ထုတ်ပယ်ထားသနည်း။ အမှန်တကယ်တွင် သြဇာတိကမရှိသော ပရိုတက်စတင့်ပြုပြင်ရေးဝါဒီ မာတင်လူသာ (Martin Luther) က ၄င်းတို့ကို ပယ်ဖက်ခဲ့ခြင်းဖြစ်သည်။ သူသည် ခရစ်ယာန်ယုံကြည်ခြင်းအတွက် ကျမ်းစာတော်မြတ်သည်သာ အဓိကကျသည်ဟု အပြင်းအထန် သွန်သင်ခဲ့သော်လည်း သူ၏ သွန်သင်ချက်ကို မထောက်ခံသော ကျမ်းချက်များရှိပါက ထိုကျမ်းချက်များပါဝင်သော ကျမ်းများ၏ အရေးပါမှု့ကို ငြင်းဆိုလေ့ရှိသည်။


ဓမဟောင်းတွဲဖက်ကျမ်းများတွင် သေသူတို့အတွက် ဆုတောင်းပေးခြင်းနှင့် ယဇ်ပူဇော်ခြင်းများကို ထောက်ခံအားပေးသော ကျမ်းပိုဒ်များပါဝင်ကြသည့်အပြင် ငရဲငယ် (Purgatory)တည်ရှိကြောင်းကိုလည်း သွန်သင်ထားသည် (၂ မကာ ၁၂း၃၉-၄၆)။ မာတင်လုသာသည် ထိုရှေးဟောင်းသွန်သင်ချက်နှင့် အသင်းတော်၏ ကျင့်ကြံချက်များကို ပစ်ပယ်ကာ ထိုကျမ်းများကို ပရိုတက်စတင့်ကျမ်းစာတော်မြတ်အတွင်း ထည့်သွင်းရန် ငြင်းဆိုခဲ့သည်။


ဓမဟောင်းတွဲဖက်ကျမ်းများတွင် ပါဝင်သော ကျမ်းများသည် အခြားသော ဓမဟောင်းကျမ်းများနှင့် ရေးသာသည့် ပုံစံဆင်တူသည်။ ဉာဏ်ပညာကျမ်းနှင့် နိတိဒေသနာကျမ်းတို့သည် ပညာအလိမာကျမ်းနှင့် အတော်ပင်တူသည်။ တိုဘိဝတုသည် ယောဘဝတုကဲ့သို့ပင်ဖြစ်သည်။ ဂျုဒစ်ဝတုသည်လည်း အက်စတာဝတုနှင့် အလားသဏ္ဍာန်တူသည် (ဟေဗြေဦး အမျိုးသမီးသူရဲကောင်းနှစ်ဦးသည် မိမိတို့၏ လူမျိုးကို ကယ်တင်ရာတွင် ကူညီခဲ့ကြသူများဖြစ်သည်) မကာဘေးဦးသမိုင်း ပထမတွဲနှင့် ဒုတိယတွဲတို့သည် ဓမရာဇဝင် ဒုတိယစောင် - တတိယစောင်၊ ရာဇဝင်ချုပ် ပထမစောင် ဒုတိယစောင်တို့ကဲသို့ သမိုင်းအဖြစ်အပျက်များကို တင်ပြထားသော ကျမ်းများဖြစ်ကြသည်။ ဘာရုပရောဖက်ကျမ်းသည်လည်း ဂျေရေမိယ (Jeremiah) ပရောဖက်ကျမ်းနှင့် အလားသဏ္ဍာန်တူသည်။ ဓမသစ်ကျမ်းသည်လည်း ဓမဟောင်းတွဲဖက်ကျမ်းများမှ တွေးခေါ်ချက်များကို ကျမ်းချက်အတော်များများတွင် ထပ်တူနီးပါးပြန်ပြောင်းပြောဆိုထားသည်။ ဥပမာ- ဗျာဒိတ်တော်ကျမ်း ၁း၄ နှင့် ၈း၃-၄ တို့သည် တိုဘိဝတု ၁၂း၅၁ ကို ကိုးကားထားဟန်ရှိသည်။ ကော်ရန့်သုသြဝါဒစာ ပထမစောင် ၁၅း၂၉ သည် မကာသြဝါဒစာ ၁၁း၃၅ သည် မကာဘေးဦးသမိုင်း ဒုတိယတွဲ ရး၂၉ ကို ပြန်လည်ထင်ဟပ်ပြနေလေသည်။

အမည်နာမ ကွဲပြားချက်ပြင်ဆင်

လက်ရှိ မြန်မာပြည်၏ ပရိုတက်စတင့်အသင်းတော်များ အသုံးများသော ဆရာယုဒသန် မြန်မာပြန်ဆိုသော သမ္မာကျမ်းစာနှင့် မြန်မာပြည် ကက်သလစ်အသင်းတော်၏ လက်ရှိအသုံးပြုလျက်ရှိသော သမ္မာကျမ်းစာ သည် အရေးအသားပိုင်းသာမက အမည်နာမများပါကွဲပြားခြားနားသည်။ သို့သော် အချို့မှာ တူညီမှုရှိသည်။ အသုံးအနှုန်းကွဲပြားမှုကို အောက်တွင် ဥပမာအချို့ပြသထားသည်။

JVB - CMB

ယေရှု - ယေဇူး

မဿဲ - မာတေးဦး

မောရှေ - မိုးဇယ်

ကောရိန္တု - ကော်ရိန့်သု

ကောလောသဲ - ကော်လောဆေ

သက်သာလောနိတ် - သက်ဆာလောနိက

တိမောသေ - တီမောသီဦး

ဖိလေမုန် - ဖိလေမွန်

ဟေဗြဲ - ဟေဗြေဦး

ဂလာတိ - ဂါလားဆီယာ

ဖိလိပ္ပိ - ဖိလိပိ

ဧဖက် - ဧဖက်ဆု

ယုဒ - ဂျုဒ

မာရိ - မာရိယာ

မာဂဓလမာရိ - မာရိယာမာဒလေးနာ

ရှိမုန်ပေတရု - စီမွန်ပေတရု

ယေရုဇလင် - ဂျေရုဇလင်

ယောသပ် - ဂျိုးဇက်/ဇူဇယ်

ကျမ်းရင်းများပြင်ဆင်

The Orthodox
Old Testament[၂][မှတ်စု ၁]
Greek-based
name
Conventional
English name
မြန်မာဘာသာဖြင့်
အမည်များ
Law
Γένεσις Génesis Genesis ကမ္ဘာဦးကျမ်း
Ἔξοδος Éxodos Exodus ထွက်မြောက်ရာကျမ်း
Λευϊτικόν Leuitikón Leviticus ဝတ်ပြုရာကျမ်း
Ἀριθμοί Arithmoí Numbers တောလည်ရာကျမ်း
Δευτερονόμιον Deuteronómion Deuteronomy တရားဟောရာကျမ်း
History
Ἰησοῦς Nαυῆ Iêsous Nauê Joshua ယောရှုမှတ်စာ
Κριταί Kritaí Judges တရားသူကြီးမှတ်စာ
Ῥούθ Roúth Ruth ရုသဝတ္ထု
Βασιλειῶν Αʹ[မှတ်စု ၂] I Reigns I Samuel ဓမ္မရာဇဝင် ၁
Βασιλειῶν Βʹ II Reigns II Samuel ဓမ္မရာဇဝင် ၂
Βασιλειῶν Γʹ III Reigns I Kings ဓမ္မရာဇဝင် ၃
Βασιλειῶν Δʹ IV Reigns II Kings ဓမ္မရာဇဝင် ၄
Παραλειπομένων Αʹ I Paralipomenon[မှတ်စု ၃] I Chronicles ရာဇဝင်ချုပ် ၁
Παραλειπομένων Βʹ II Paralipomenon II Chronicles ရာဇဝင်ချုပ် ၂
Ἔσδρας Αʹ I Esdras 1 Esdras ဧဇရမှတ်စာ
Ἔσδρας Βʹ II Esdras Ezra–Nehemiah နေဟမိမှတ်စာ
Τωβίτ[မှတ်စု ၄] Tobit Tobit or Tobias
Ἰουδίθ Ioudith Judith
Ἐσθήρ Esther Esther with additions ဧသတာဝတ္ထု
Μακκαβαίων Αʹ I Makkabaioi 1 Maccabees
Μακκαβαίων Βʹ II Makkabaioi 2 Maccabees
Μακκαβαίων Γʹ III Makkabaioi 3 Maccabees
Wisdom
Ψαλμοί Psalms Psalms ဆာလံကျမ်း
Ψαλμός ΡΝΑʹ Psalm 151 Psalm 151
Προσευχὴ Μανάσση Prayer of Manasseh Prayer of Manasseh
Ἰώβ Iōb Job ယောဘဝတ္ထု
Παροιμίαι Proverbs Proverbs သုတ္တံကျမ်း
Ἐκκλησιαστής Ekklesiastes Ecclesiastes ဒေသနာကျမ်း
Ἆσμα Ἀσμάτων Song of Songs Song of Solomon or Canticles ရှောလမုန်သီချင်း
Σοφία Σαλoμῶντος Wisdom of Solomon] Wisdom
Σοφία Ἰησοῦ Σειράχ Wisdom of Jesus the son of Seirach Sirach or Ecclesiasticus
Ψαλμοί Σαλoμῶντος Psalms of Solomon Psalms of Solomon[၃]
Prophets
Δώδεκα The Twelve Minor Prophets
Ὡσηέ Αʹ I. Osëe Hosea ဟောရှေအနာဂတ္တိ
Ἀμώς Βʹ II. Amōs Amos အာမုတ်အနာဂတ္တိ
Μιχαίας Γʹ III. Michaias Micah မိကကာအနာဂတ္တိ
Ἰωήλ Δʹ IV. Ioël Joel ယောလအနာဂတ္တိ
Ὀβδίου Εʹ[မှတ်စု ၅] V. Obdias Obadiah ဩဗဒိအနာဂတ္တိ
Ἰωνᾶς Ϛ' VI. Ionas Jonah ယောနဝတ္ထု
Ναούμ Ζʹ VII. Naoum Nahum နာဟုံအနာဂတ္တိ
Ἀμβακούμ Ηʹ VIII. Ambakum Habakkuk ဟဗကကုတ်အနာဂတ္တိ
Σοφονίας Θʹ IX. Sophonias Zephaniah ဇေဖအနာဂတ္တိ
Ἀγγαῖος Ιʹ X. Angaios Haggai ဟဂဂဲအနာဂတ္တိ
Ζαχαρίας ΙΑʹ XI. Zacharias Zachariah ဇာခရိအနာဂတ္တိ
Ἄγγελος ΙΒʹ XII. Messenger Malachi မာလခိအနာဂတ္တိ
Ἠσαΐας Hesaias Isaiah ဟေရှာရအနာဂတ္တိ
Ἱερεμίας Hieremias Jeremiah
Βαρούχ Baruch Baruch
Θρῆνοι Lamentations Lamentations ယေရမိမည်တမ်း
Ἐπιστολή Ιερεμίου Epistle of Jeremiah Letter of Jeremiah ယေရမိအနာဂတ္တိ
Ἰεζεκιήλ Iezekiêl Ezekiel ယေဇကျေလအနာဂတ္တိ
Δανιήλ Daniêl Daniel with additions ဒံယေလအနာဂတ္တိ
Appendix
Μακκαβαίων Δ' Παράρτημα IV Makkabees 4 Maccabees[မှတ်စု ၆]

ဓမ္မသစ်ကျမ်း( ၂၇ ကျမ်း)ပြင်ဆင်

  1. ရှင်မဿဲခရစ်ဝင် Matthew
  2. ရှင်မာကုခရစ်ဝင် Mark
  3. ရှင်လုကာခရစ်ဝင် Luke
  4. ရှင်ယောဟန်ခရစ်ဝင် John
  5. တမန်တော်ဝတ္ထု Acts
  6. ရောမဩဝါဒစာ Romans
  7. ကောရိန္သုဩဝါဒစာ ၁ Corinthians 1
  8. ကောရိန္သုဩဝါဒစာ ၂ Corinthians 2
  9. ဂလာတိဩဝါဒစာ Galatians
  10. ဧဖက်ဩဝါဒစာ Ephesians
  11. ဖိလိပ္ပိဩဝါဒစာ Philippians
  12. ကောလောသဲဩဝါဒစာ Colossians
  13. သက်သာလောနိတ် ဩဝါဒစာ ပဌမစောင် Thessalonians 1
  14. သက်သာလောနိတ် ဩဝါဒစာ ဒုတိယစောင် Thessalonians 2
  15. တိမောသေ ဩဝါဒစာ ပဌမစောင် Timothy 1
  16. တိမောသေ ဩဝါဒစာ ဒုတိယစောင် Timothy 2
  17. တိတုဩဝါဒစာ Titus
  18. ဖိလေမုန် Philemon
  19. ဟေဗြဲဩဝါဒစာ Hebrews
  20. ရှင်ယာကုပ်ဩဝါဒစာ James
  21. ရှင်ပေတရု ဩဝါဒစာ ပဌမစောင် Peter 1
  22. ရှင်ပေတရု ဩဝါဒစာ ဒုတိယစောင် Peter 2
  23. ရှင်ယောဟန် ဩဝါဒစာ ပဌမစောင် John 1
  24. ရှင်ယောဟန် ဩဝါဒစာ ဒုတိယစောင် John 2
  25. ရှင်ယောဟန် ဩဝါဒစာ တတိယစောင် John 3
  26. ရှင်ယုဒဩဝါဒစာ Jude
  27. ဗျာဒိတ်ကျမ်း Revelation

ဆက်စပ်ဖတ်ရှုရန်ပြင်ဆင်

အခြားကြည့်ရန်ပြင်ဆင်

မှတ်စုပြင်ဆင်

  1. The canon of the original Old Greek LXX is disputed. This table reflects the canon of the Old Testament as used currently in Orthodoxy.
  2. Βασιλειῶν (Basileiōn) is the genitive plural of Βασιλεῖα (Basileia).
  3. That is, Things set aside from Ἔσδρας Αʹ.
  4. Also called Τωβείτ or Τωβίθ in some sources.
  5. Obdiou is genitive from "The vision of Obdias", which opens the book.
  6. Originally placed after 3 Maccabees and before Psalms, but placed in an appendix of the Orthodox Canon

ကိုးကားပြင်ဆင်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)
  2. Timothy McLay, The Use of the Septuagint in New Testament Research ISBN 0-8028-6091-5. — The current standard introduction on the NT & LXX.
  3. Not in Orthodox Canon, but originally included in the LXX. http://ccat.sas.upenn.edu/nets/edition/