ရှေ့နေချုပ် ဦးသာထွန်းသည် မြန်မာနိုင်ငံ၏ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ နှင့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီလက်ထက်များတွင် ၁၉၈၈ မှသည် ၂၀၀၃ အထိ နိုင်ငံတော်ရှေ့နေချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ လွတ်လပ်ရေးရပြီးကာလမှစ၍ ယနေ့အထိ နိုင်ငံတော်ရှေ့နေချုပ်တာဝန်ကို သက်တမ်းအကြာဆုံး တာဝန်ယူခဲ့သူတစ်ဦးလည်းဖြစ်သည်။[၁]

အငြိမ်းစား သံအမတ်ကြီးတစ်ဦး ဖြစ်ပြီး မြို့မကျောင်းသားဟောင်း တစ်ဦးလည်းဖြစ်သည်။ ၁၉၄၆ ခုနစ် အထွေထွေ သပိတ်တွင် ဗမာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သပိတ်မှောက် ကောင်စီ ဒုတိယ ဥက္ကဋ္ဌ၊ တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ ဒုတိယ ဥက္ကဋ္ဌ၊ ရန်ကုန်ခရိုင် ကျောင်းသားများ သမဂ္ဂ ဥက္ကဋ္ဌ မြို့မ-ဦးသန်းကြွယ်၊ ဦးသန်းဆွေ (သံအမတ်ကြီး ဦးသန်းဆွေ)၊ ဦးမျိုးမြင့် (မြို့မ-ဦးသန်းကြွယ်၏ညီ၊တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း အမှတ်စဉ် (၈)၊ လူထု ပညာရေးမှူး)၊ ဦးမျိုးသန့် (မြို့မ-ဦးသန်းကြွယ်၏ညီ၊ ပါလီမန်ဒီမိုကရေစီ ဝန်ကြီးချုပ် ဦးနု အစိုးရ၏ သတင်း ပြန်ကြားရေးမှူး၊ မန်နေးဂျင်း ဒါရိုက်တာ ဘီအိုစီ)၊ ဦးရဲမြင့် (ဗိုလ်ကြီးရဲမြင့်အောင်)၊ ဒေါက်တာ သန်းထွန်း (သမိုင်းပါမောက္ခ)၊ ဦးညွန့်လွင် (ဗိုလ်မှူးညွန့်လွင်)၊ သံမဏိ ဦးကျင်လှိုင် (ဆောက်လုပ်ရေး ဒုတိယ ဝန်ကြီး)၊ ဦးရန်ဝေး ၁၉၄၈ - ၄၉ ရန်ကုန် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ (တကသ)ဥက္ကဋ္ဌ၊ ဒေါက်တာ မောင်မောင်ကျော် ၁၉၄၉ - ၅၀ ရန်ကုန် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ (တကသ)ဥက္ကဋ္ဌ၊ ဦးစိန်လှ ၁၉၄၇ - ၄၈ ရန်ကုန် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ (တကသ)ဥက္ကဋ္ဌ၊ ဦးရွှေတင် (ရေကြောင်းသိပ္ပံကျောင်းအုပ်ကြီး Captain ရွှေတင်) စသော ကျောင်းသားခေါင်းဆောင် များနှင့်အတူ မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုတွင် တက်ကြွစွာ ပါဝင်ခဲ့သူဖြစ်သည်။ သူ၏ ဇနီးမှာ ဒေါ်ထိပ်တင်ညွန့် ဖြစ်သည်။ ဒေါ်ထိပ်တင်ညွန့် သည် ကနောင်မင်းသားကြီး၏ မြစ်တော်စပ်သည်။ နဂါးဗိုလ် ထိပ်တင်ဒွေး၏သမီးတော်ဖြစ်သည်။[၂]

ကိုးကား ပြင်ဆင်ရန်

  • မြို့မကျောင်း စိန်ရတု (၁၉၂၀-၁၉၉၅) အထိမ်းအမှတ် စာစောင်နှင့် ဗဟိုပြခန်း မှတ်တမ်းဓာတ်ပုံ
  • ရန်ကုန်တက္ကသိုလ် စိန်ရတု (၁၉၂၀-၁၉၉၅) အထိမ်းအမှတ် စာစောင်နှင့် ဗဟိုပြခန်း မှတ်တမ်းဓာတ်ပုံ
  1. ခေတ်အဆက်ဆက် တာဝန်ထမ်းဆောင်ခဲ့သူများ
  2. နဂါးဗိုလ် ထိပ်တင်ဒွေး၏ရတနာသီခ ကုန်းဘောင်မဟာရာဇဝင် အကျဉ်း