သာရဘွင်ရွာသည် မြန်မာနိုင်ငံတနင်္သာရီတိုင်းဒေသကြီးမြိတ်ခရိုင်တနင်္သာရီမြို့နယ် အတွင်းရှိ ကျေးရွာတစ်ရွာဖြစ်သည်။

မြိတ်−တနင်္သာရီ ကားလမ်းပေါ်ရှိ ဆင်ဒင်ကျေးရွာမှ ၁၄မိုင်အကွာ ၊ တကူရွာမှ ၁မိုင်အကွာ တနင်္သာရီမြစ်ငယ် နဘေးတွင် တည်ရှိသည်။

စီးပွားရေး

ပြင်ဆင်ရန်

ကုန်စုံဆိုင်ရောင်းခြင်း၊ ရာသီအလိုက် ကွမ်းသီး ၊ ကြိမ်သီး၊ ကြိမ်၊ သစ်၊ ဝါးများကို ကုန်ကူးခြင်းလုပ်ငန်းများ လုပ်ကိုင်ကြသည်။ ဥယျာဉ် ခြံလုပ်ငန်းလည်း လုပ်ကိုင်ကြသည်။

ဆက်သွယ်​ရေး

ပြင်ဆင်ရန်

မော်တော်ကားလမ်းနင့် ရေလမ်း၂ခုစလုံးအသုံးပြုပြီး ဆက်သွယ်သွားလာနိုင်ကြသည်။ သာရဘွင်ရွာမှ ဆင်ဒင်သို့ ကတ္တရာလမ်းဖြင့် ဆက်သွယ်ထားသည်။ ၁၄မိုင်ကွာဝေးပြီး တောင်ပေါ်အကွေ့အကောက်များ များပြားသဖြင့် မော်တော်ကားများဖြင့် ၁နာရီကျော်ခန့်မောင်းရသည်။ ထိုမှ တဆင့် မြိတ်သို့ ၂နာရီနီးပါခန့် ကြာသည်။

စိတ်ဝင်စားဖွယ်ရာ နေရာများ

ပြင်ဆင်ရန်

နစ်သစ်ကူးအချိန်ခါများတွင် မြိတ်မြို့တနင်္သာရီမြို့များမှ သာရဘွင်ကျောက်တောင်သို့ မော်တော်ကား၊ မော်တော်ဆိုင်ကယ်များဖြင့် ဘုရားဖူးလာကြသည်။ သာရဘွင် ကျောက်တောင်သည် ထင်ရှားသော ဘုရားတစ်ဆူဖြစ်သည်။