မင်းရဲအောင်တင်နတ်

သာလွန်မင်းသည် နေပြည်တော်အတွင်းအပြင်ရှိ စေတီပုထိုး၊ ရုပ်ထု၊ ဆင်းတု၊ အရိယာသံဃာတို့အားလည်း ကြီးစွာသောအလှူကို စီရင်တော်မူ၍ရက်လည်အောင်လှူတော်မူသည်။ နိုင်ငံတော်အလုံးရှိအရိယာသံဃာ၊ သီလဝံတို့အား ပရိက္ခရာရှစ်ပါးစီရင် တော်မူ၍လှူတော်မူသည်။ ဘိသိက်ခံပြီးနောက်ယိုးဒယားဘုရင်ထံသို့အမှာတော်ရေး၍ သံများစေလွှတ်ကာနှစ်ပြည့်တစ် ပြည်ချစ်ကြည်ရေးကို ဆောင်ရွက်တော်မူူသည်။

သက္ကရာဇ် ၉၉၆ ခုနှစ်တွင် မော်လမြိုင်သား မွန်တို့ပုန်ကန်သည်ကိုနှိမ်နင်းပြီးနောက် ဟံသာဝတီ နေပြည်တော်၌ရန်ဆူးရန်ညှောင့်သန့်စင်ကုန်ပြီ ဖြစ်သည်တစ်ကြောင်း၊ အောက်တလွှား၌စစ်မက် အရေးအရာများ၍ မြို့ရွာပျက်ကျေ လူနေနည်းပါးလာသည် တစ်ကြောင်း၊ ပဲခူးမြစ်သည်တိမ်ကောလာသည်နှင့်ပဲခူးမြို့မှာ သင်္ဘောဆိပ်မဟုတ်တော့ သဖြင့်အရောင်းအဝယ် ဆုတ်ယုတ်လာသည်တစ်ကြောင်းတို့ကြောင့် ခမည်းတော်နောင်တော်တို့၏အရိုက်အရာရတနာပူရအင်းဝ နေပြည်တော်သို့ထိုနှစ်ပြာသိုလတွင်ပြောင်းရွေွံှနေရသည်။ နောက်အမြင့်စား တိုက်ပွဲတွင် ကျဆုံးသဖြင့်နန်းတော်သို့ပြန်ဝင်လေသည်။ ထိုသို့နန်းတွင်းပုန်ကန်မှုသတင်းကိုကြားသောအခါ ကသည်းစော် ဘွားလည်း သောင်သွပ်ကိုထိပါး တိုက်ခိုက်လာသည်။ သို့ရာတွင် မင်းတရားကြီးရဲမက်တို့ ချီတက်တိုက်ခိုက်လျှင် အတိုက်မခံဘဲဆုတ်၍နေသည်နှင့် ပြန်လာရသည်။

ဘိုးတော်ဆင်ဖြူများရှင်ဘုရင့်နောင် မင်းတရားကြီးချဲ့ထွင်တော်မူခဲ့သည့်နိုင်ငံတော်ကြီးကို သာလွန်မင်းတရား ကြီးသည်ရှေးကဖြစ်လာသော အကြောင်းနှင့်လက်ရှိအကျိုးတို့ကို ဆက်စပ်တွေွးခေါ်ကာ ပြုစုပျိုးထောင်ခဲ့သည်။ နိုင်ငံ တော်ကြီးသည်စစ်ကို နှစ်ပေါင်းများစွာ မကြာခဏ တိုက်ခိုက်ခဲ့ကြရသဖြင့် လက်ပန်းကျ၍နေလေသည်။ ထိုစစ်တို့သည် လူဦးရေကိုု ယုတ်လျော့စေသည်။ စိုက်ပျိုးရေးကိုလည်းထိခိုက်စေသည်။ ထို့ကြောင့် သာလွန်မင်းတရားကြီးသည် နိုင်ငံတော်အတွက်လက်တွေ့လိုအပ်နေသောစီးပွားရေး ပြန်လည်ထူထောင်မှုနှင့်လူဦးရေအင်အား ပြန်လည်ဖြည့်တင်းရေးတို့ကိုဆောင်ရွက်တော်မူသည။် ထိုသို့မဆောင်ရွက်မီ လက်ရှိအခြေအနေမှန်ကိုသိရှိရန် သက္ကရာဇ် ၉၉၉ ခုနှစ်တွင် နိုင်ငံတော်လူဦးရေ၊ အိမ်ခြေ၊ မြေအကျယ်အဝန်း၊ ထွက်သည့်အသီးအနှံ၊ စီးပွားရေးအခြေအနေနှင့်ပေးဆောင်ရသည့် အခွန်အတုတ်တို့ကို စစ်သည့်စစ်တမ်းတစ်ခုုကိုကောက်ယူတော်မူသည်။ ယခုခေတ် သန်းခေါင်စာရင်းမျိုးပင်ဖြစ်သည်။

စစ်တမ်းအားဖြင့် နိုင်ငံတော်လူဦးရေအခြေအနေကို သိရှိပြီးနောက်တစ်နှစ်တွင်လူဦးရေတိုးတက်ရေးအတွက် နိုင်ငံ အတွင်းရှိယောကျာ်း မိန်းမအပျို လူပျိုကလေးသူငယ်၊ မုဆိုးဖို၊ မုဆိုးမတို့ကိုအသက်အပိ်ုင်းအခြားနှင့်စာရင်း ကောက်ယူပြီးနောက်အောက်ပါမင်းမိန့်တစ်ခုကို ထုတ်ပြန်လေသည်။

'ငါဘုရင်မင်းမြတ်၏နိုင်ငံတောအတွင်းတွင် လစ်လပ်နေသည့်အိမ်ထောင်ပျက်မုဆိုးဖို၊မုဆိုးမများကို သင့်လျော်ရာအိမ်ထောင်ချရမည်။ အရွယ်ရောက်သော သားပျိုသမီးပျိုများကို မိဘအုပ်ထိန်းသူတို့က ထိမ်းမြားပေးကြရမည်။ မထိ်မ်း မြားပေးလျှင် လေလွင့်တတ်သည်။ ဤသို့အလစ်အလပ်မရှိကြမှသာလျှင် နိုင်ငံတော်လူဦးရေတိုးလိမ့်မည်။

သာလွန်မင်းတရားကြီးသည် လူဦးရေတိုးတက်မှုကို ဆောင်ရွက်သကဲ့သို့ပင် စီးပွားရေးတိုးတက်မှုကိုလည်း ဆောင်ရွက်ခဲ့သည်။ လယ်ယာလက်ကိုင်မရှိသော ဆင်းရဲသားများအား လယ်ယာရရှိ၍လုပ်ကိုင်စားသောက်နိုင်ရေး၊ အသီးအနှံထွက်သောအင်အားပိုမိုများပြားရေး၊ နိုင်ငံနှင့်တကွ နိ်ုင်ငံသားများကအသုံးအစွဲချွေတာရေးတို့ကို အဓိကထား၍ ဆောင်ရွက်တော်မူသည်။ မင်းတရားကြီး၏အမိန့်အရ မြို့ရွာကြီးကြပ်ကွပ်ကဲသော ပုဂ္ဂိုလ်ကြီးငယ်တို့သည် မိမိတို့ဆိုင်ရာမြို့ရွာဒေသတို့တွင် လယ်ယာလုပ်ကိုင် စားသောက်သူတို့ဦးရေကို စစ်ဆေးမှတ်သားပြီးနောက်၊ ထိုသူတို့အတွက်လုပ်ကိုင်ရန်လယ်ယာမရှိလျှင်ဖြစ်စေ၊ နေထိုင်စားသောက်ရန်အတိဒုက္ခကြုံတွေ့လျှင်ဖြစ်စေ၊ မြေယာရရှိစေရန် နှင့်စားသောက်မှုချောင်ချိစေရန် စီမံနှိုးဆော်၍ရပ်ရွာ၏အကူအညီဖြင့် ဆောင်ရွက်ပေးကြရသည်။ ထို့ပြင်လယ်သမား ယာသမားများအား လယ်ယာလုပ်ကိ်ုင်နေစဉ် မင်းမိန့်ပင်ဖြစ်စေ၊ အလုပ်ကိုထိခိုက်စေမည့် အနှောင့်အယှက်မျိုးမပြုရန် အမိန့်ထုတ်ဆင့်ထားသဖြင့် လယ်ယာသမားများ စိတ်အေးချမ်းသာစွာ လုပ်ကိုင်နိုင်သောကြောင့် မင်းတရားကြီး လက်ထက်တွင် နိုင်ငံတော်၌ စားရေရိက္ခာပိုမိုထွက်ရှိကာ စီးပွားရေး တောင့်တင်းလာလေသည်။

နိုင်ငံတော်၏ဝမ်းဖြစ်သော ကျောက်ဆည်လယ်တွင်း နယ်များကို တိုးချဲ့ပြင်ဆင်ကာ စစ်ပွဲတွင်လက်ရမိသော သုံ့လူတို့ကို ကျောက်ဆည်နယ်တွင် နေရာချထား၍ ဆည်မြောင်းတို့ကို စောင့်ရှောက်ကြည့်ရှုစေသည်။ စစ်မက်အရေးရှိလျှင်လည်း လက်နက်ကိုင်အဖြစ် အမှုတော်ကိုထမ်းရွက်စေသည်။ မင်းတရားကြီးသည် ပြည်သူလူထုအား စီးပွားဥစ္စာတိုးတက်အောင် ဖန်တီးပေးရုံမက၊ ရရှိသောဥစ္စာကို ချွေချွေတာတာသုံးစွဲရန်စံနမူနာပြခဲ့သည်။ တစ်ခါသော်မင်တရားကြီးသည် စစ်ကိုင်းဘက်သို့ ထွက်တော်မူစဉ်စစ်ကိုင်းမြို့အရှေ့ဘက်ကျောက်ဆတ်ရွာ၌ ဆင်းရဲသားအိိမ်ရှင်မတဦးသည် လမ်းပေါ်၌ ထမင်းရည်ငှဲ့နေသည်ကိုမြင်တော်မူသောကြောင့် ထမင်းရည်ကိုကလေးငယ်များ၊ သို့မဟုတ်မွေးထားသောခွေးဝက် စသည်တို့အားတိုက်ကျွေးနိုင်ပါလျက် အလဟဿစွန့်ပစ်ရမည်လောဟု ကြိမ်ဒဏ် ၁ဝ ချက်ရိုက်၍ ငွေ ၃ဝ မျှသနား ခဲ့ဖူးလေသည်။ ထို့ပြင်အခါတစ်ပါး သမီးတော်သည် ခါသာပိတ်အင်္ကျီကိုဝတ်ဆင်လျက် ရွေွှနန်းတော်တိုင်ကိုမှီ၍ ထိုင်နေသည်ကိုတွေ့သောအခါ ကျေးတော်ကျွန်တော်မျိုး ဆင်းရဲသားတို့ထံမှရသော အခွန်တော်ငွေနှင့်ဝယ်သော အဝတ်အစားကိုမရိုမသေ ဝတ်ရကောင်းလောဟု ပရိသတ်အလယ်၌ နှုတ်ပစ်တင်တော်မူရုံမက သုံးရက်လုံးလုံးသမီးတော်အားစကား မပြောဘဲနေလေသည်။

မင်းတရားကြီးသည် အဝင်အထွက်အဖြောင့် အကောက်မညီညွတ်၊ ကျနစွာမပိုင်းခြား မသတ်မှတ်ထားသေး ၍ ရှုပ်ရှက်ခတ်အရောရောအနှောနှော ဖြစ်နေသော မြို့ရွာနယ်ပယ် အပိုင်းအခြားများကိုလည်း အသေအချာဖြစ်စေရန် ပြုပြင်စီမံတော်မူသည်။ မြို့ကြီးများကို အရပ်လေးမျက်နှာပတ်လည် သောင်းတိုင်အတွင်းကိုသာ စီရင်တော်မူလေသည်။ စာချီ ၊စာမြင်၊ ကလန်၊ သံပြင်၊ မြေတိုင်၊ မြေသိမ်းတို့နှင့်စီရင်သည့်တိုင်းခရိုင်များမှာ အရပ်လေးမျက်နှာ ငါးတိုင်ပတ်လည်အတွင်းကိုသာ စီရင်တော်မူလေသည်။ ဆယ်ပြုမြို့ရွာ၊ ရာပြုမြို့ရွာ၊ တိုက်ဝင်မြို့ရွာ၊ ကျေးသီး မြို့ရွာများနှင့်ပြည့်ရတိုင်၊ မြောင်းမြမြို့၊ မှော်ပီမြို့၊ မော်လမြိုင်မြို့၊ သန်လျင်မြို့၊ ဒဂုန်ဆံတော်တည်ရာကုန်း၊ သူရဲ၊ကြံ ခင်း၊ ဂူထွက်၊ ဓနုဖြူ၊ခဲပေါင်မှစ၍ ၁၅ရ မြို့အဝင်တိုက် ၁၄ တိုက်၊ မင်းပြုံးသုံးတိုက်၊ သံလျင်သုံးတိုက်၊ ဟံသာဝတီခုနစ်တိုက်၊ မုတ္တမခုနစ်တိုက်၊ ပုသိမ်ခုနစ်တိုက်၊ ဒလသုံးတိုက်၊ ကိဉ္ဇိပူရသုံးတိုက်၊ သုဓမ္မဝတီသုံးတိုက်၊ တိကုမ္ဘနှစ်တိုက်၊ ကေတုမတိလေးတိုက်၊ လင်းဇင်း ၅ရ တိုက်၊ ရေးနှစ်တိ်ုက်စသည်ဖြင့်ခန့်ခွဲကာ မြောက်ဘက် မြင်းမြေ၊ တောင်ဘက်မြင်းမြေ၊ တောင်ငူမြင်းမြေ၊ ရွှေပြည်ကြီး မြင်းမြေစသည်များ၊ ဝင်းတော်လေးရပ်ဒိုင်းစု လမိုင်းစု၊ ကိုယ်ရံတော်သေနတ်၊ လှေ၊ ကတ္ထူများမှစ၍ မြေပယ်နယ်မှန်သမျှအစုသားတို့မှာတရွာလျှင် အရပ်လေးမျက်နှာနှစ်တိုင် စီ၊ ငါးရွာတွင်းစီရွာကိုအလယ်ထား၍ နယ်လေးရပ်ဖြစ်စေတော်မူသည်။

ဤသို့ပြုပြင်မှုများ၊ ပြန်လည်ထူတောင်မှုများကို ဆောင်ရွက်ခဲ့သဖြင့် ထိုမင်းလက်ထက်တွင် နိုင်ငံတော်သည် ပုဂံခေတ်မှာကဲ့သို့ များစွာစည်ကားသာယာလေသည်။ ယင်းသို့စီးပွားရေးဘက်တွင် တိုးတက်ဖွံ့ဖြိုးလျက်ရှိခြင်းကြောင့် ဒပ်ချအရှေ့အိ်န္ဒိယကုမ္ပဏီသည် သန်လျင်၊ ဟံသာဝတီနှင့် အင်းဝတို့တွင်လည်းကောင်း၊ ဗြိတိသျှအရှေ့အိန္ဒိယကုမ္ပဏီသည် သန်လျင်၌လည်းကောင်း လာရောက်ရောင်းဝယ်ဖောက်ကားကြ သည်။

မင်းတရားကြီးသည် နိုင်ငံတော်စီးပွားဖွံ့ဖြိုးမှုကို အဖက်ဖက်မှ ဆောင်ရွက်တော်မူရုံမက ကုသိုလ်တော် အမှုတို့ကို ပြုတော်မူသည်။ ၉၉၈ ခုနှစ်တော်သလင်းလတွင် ဧရာဝတီမြစ်၏မြောက်ဘက်အင်းဝရွှေမြို့တော်၏ မြောက်ဘက် မစူးလွန်း၊အနောက်ဘက်ခပ်ယွန်းယွန်း တန့်တည်အရပ်၌ (ယခုစစ်ကိုင်းမြို့မြောက်ဘက် ခြောက်မိ်ုင်ကွာ) ၌အမြဲကိုးကွယ်တော်မူသော စွယ်တော်၊ ဆံတော်နှင့် ဓာတ်တော်မွေတော်၊ ရတနာစေတီတော်တို့ကို ဌာပနာ၍ ရာဇမဏိစူဠာစေတီဘွဲ့ခံ ကောင်းမှုတော်စေတီကြီးကို တည်ထားကိုးကွယ်သည်။

မဟာရံတံတိုင်းဝန်းကျင်၌ မှန်ကင်း အထွတ်ရှိသော ပြုဗ္ဗာဝန်၊ ဒက္ခိဏဝန် ၊ပစ္ဆိမာဝန်၊ ဥတ္တရာဝန်၊ ဟူသော ကျောင်းကြီး လေးရပ်နှင့်ကျောင်းရံ ၄ဝ ဆောက်လုပ်လှူဒါန်းတော်မူသည်။ ကောင်းမှုတော်ဘုရားကို ၁ဝဝ၈ ခုနှစ်တွင် အုတ်များ အပြီးသတ်သော်လည်း ၁ဝဝ၉ ခုနှစ်တွင်အိမ်ရှေ့မင်း နတ်ရွာစံ၍ နန်းတွင်းပုန်ကန်မှုဖြစ်နေသဖြင့် ထီးတော်မတင်ရချေ။ ၁ဝ၁ဝ ပြည့်နှစ်တွင် ထီးတင်ရန် စီမံသော်လည်း ထီးတော်မတင်ရမီ ထိုနှစ်တော်သလင်းလဆန်း ၁ဝ ရက်နေ့တွင် သက်တော် ၆ရ ခုနှစ်၊ စည်းစိမ်တော် ၁၉ နှစ်၌ မင်းတရားကြီးသည်ရုတ်တရက်နတ်ရွာစံလေသည်။ စေတီတော်ကြီးကို သားတော်ပင်းတလဲမင်း လက်ထက်တွင် ထီးတင်နိုင်လေသည်။ ယင်းသို့ရွှေနန်းထက်၌ ညင်ညင်သာသာ စံလွန်တော်မူသောကြောင့် သာလွန်မင်းတရားဟုတွင်ကြောင်းဖြင့်ဆိုကြသည်။ အချို့ကလည်း တိုင်းကားပြည်ရွာကို အလွန်အကဲ သာယာအောင်ဆောင်ရွက် တော်မူသောကြောင့် သာလွန်မင်းဟု တွင်ကြောင်းယူဆကြသည်။ မင်းတရားကြီး၏ အခြားကောင်းမှုတော်တို့ကား တောင်ပလူ(တောင်ဘီလူး)အရပ်မှ ရွှေကျောင်းတော်၊ ပင်းယ ရွေွှစည်းခုံမှ ရွှေကျောင်းတော်၊ မဟာမြတ်မုနိဘုရား အနောက်ဘက်မှ လေးထပ်ကျောင်း၊ ရွှေမောဓောဘုရားအရပ် လေးမျက်နှာ၌ ဆောက်လုပ်သောကျောင်းတော်ကြီးများ၊ ဇင်းမယ်ကျိုင်းသေဉ် စသည်မှ ကျောင်းတော်ကြီးများ၊ စစ်ကိုင်း ရှင်ဖြူရှင်လှဘုရား၏ အရှေ့မြောက်ယွန်းနှင့်ပုညရှင်စေတီ အရှေ့ဘက်မှ ကျောင်းတော်ကြီးများဖြစ်သည်။ ထို့ပြင် ဒဂုန်ဆံတော်ရှင်၊ ပြည်ရွှေဆံတော်၊ တောင်ငူရွှေ ဆံတော်၊ပုဂံရွှေစည်းခုံ၊ အညာသီဟတော၊ ပဲခူးရွှေသာလျောင်း အစ ရှိသော စေတီတော်တို့၌လည်း ရွှေအပြည့် မွမ်းမံတော်မူသည်။ ပိဋကတ်တော်တို့ကိုလည်း ကျမ်းတတ်ဆရာတော်တို့အား တည်းဖြတ်စေ၍ ရွှေဖြင့်ပြီးသော ပိဋကတ်တိုက်တော်ကြီး၌ ထားတော်မူသည်။ မင်းတရားကြီးလျှောက်ထား တောင်းပန်သဖြင့် ပထမတောင်ဖီလာဆရာတော် စသောဆရာတော်ကြီး လေးပါးတို့သည် မင်းဘူးစက်တော်ရာဒေသမှ တောခြုံများရှင်းလင်း၍ စက်တော်ရာနှစ်ဆူကို ရှာဖွေတွေ့ရှိတော်မူကြသည်။

မင်းတရားကြီးလက်ထက် ပညာရှင်များအား မြှောက်စားအားပေးသဖြင့် စာဆိုပုဂ္ဂိုလ်ကျော်များ ထွန်းကားသည်။ ဝေဿန္တရာပျို့ရေးသားတော်မူသော တောင်ဖီလာဆရာတော်၊ ရတနာကရဝတ္ထုရေးသော သဒ္ဓမ္မာလင်္ကာရ ဆရာတော်၊ မင်းလှနုယဉ်ပျို့ရေးသော ရှင်ကရဝိကစသည်တို့ဖြစ်သည်။ တောင်ဖီလာဆရာတော်နှင့် ကိုင်းရွာသား မနုရာဇာတို့ စီရင်ရေးသားသော မနုသာရ ရွှေမျဉ်းဓမ္မသတ်ကျမ်းလည်း မင်းတရားကြီးလက်ထက် ပေါ်ထွက်ခဲ့သည်။[၁]


မာတိကာ

အမည်ရင်းမြစ်ပြင်ဆင်

သတိုးဓမ္မရာဇာဘွဲ့ဖြင့် နန်းတက်သည်တိုင် သာလွန်မင်း(၁၆၃၂-၁၆၄၈)ဟုခေါ်ကြခြင်းမှာ “တိုင်းကားပြည်ရွာ အသာလွန်သောကြောင့်လည်းကောင်း၊ ရွှေနန်းတော်ထက်တွင် သာယာစွာ လွန်ရသောကြောင့်လည်းကောင်း သာလွန်မင်း ဟုခေါ်ခြင်းဖြစ်သည်”ဟု ဆိုသည်။

တိုင်းပြည်တည်ငြိမ်ရေး ဆောင်ရွက်ခြင်းပြင်ဆင်

သာလွန်မင်းသည် နောင်တော် အနောက်ဖက်လွန်မင်းအား တူတော် မင်းရဲဒိဗ္ဗက လုပ်ကြံနန်းတက်သည်ကို နှိမ်နှင်းပြီးနောက် နန်းတက်သည်။ နန်းတက်စတွင် ဘိသက်ခံကာ ဘုရင်အဖြစ်ရယူခြင်းမရှိပဲ လေးနှစ်(၁၆၂၈ မှ ၁၆၃၃ထိ)တိုင် တိုင်းပြည်စည်းရုံးရေးကို ဆောင်ရွက်ခဲ့သည်။

ဟံသာဝတီနန်းတော်သို့ရောက်လျှင် မင်းရဲဒိဗ္ဗ၏ကျွန်များ အနက်အပြစ်ရှိသူများကို ထိုက်သင့်သည့် အပြစ်ဒဏ်များပေးသည်။ ချီးမြှောက်သင့်သူများကို ချီမြင့်မြှောက်စားသည်။ ရခိုင်မှ သံတမန်များကို လက်ခံတွေ့ဆုံသည်။ မြန်မာသံအမတ်များကိုလည်း ရခိုင်သို့ စေလွှတ်သည်။ ထိုနောက် ဇင်းမယ်သို့ တဖန်သွားရောက်ကာ ပုန်ကန်မှုများကို နှိမ်နှင်းသည်။ ထိုနောက် ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသများ နှင့်ဇင်းမယ်တစ်ဝိုက်တွင် ငြိမ်ဝပ်ပိပြားစေရန် ဆောင်ရွက်သည်။

ဘိသက်ခံယူခြင်းနှင့် ပုန်ကန်မှုများကို နှိမ်နှင်းခြင်းပြင်ဆင်

ခရစ်နှစ် ၁၆၃၃၊ဒီဇင်ဘာ ၊ ၁၄တွင်မှ ဟံသာဝတီနန်းတွင် ဘိသက်ခံကာ မင်းအဖြစ်ခံယူသည်။ ဘိသက်ဥကင်ဖွင့် အခမ်းအနားတွင် မြန်မာအမတ်၊ မွန်အမတ်၊ ယွန်းအမတ် များခြံရံကာ ဆင်ယင်ကျင်းပခဲ့သည်။ ထိုနောက် ယိုးဒယားသို့ သံစေလွှတ်သည်။ သို့သော် ဟံသာဝတီတွင် နန်းတက်၍ မကြာမှီတွင် ပုန်ကန်မှုများနှင့် ရင်ဆိုင်ရသည်။ ပုန်ကန်သူများ မော်လမြိုင်သို့ ပြေးသည်ကို လိုက်လံနှိမ်နှင်းရသေးသည်။

အင်းဝသို့ နန်းရွှေ့ခြင်းပြင်ဆင်

၁၆၃၄တွင် သာလွန်မင်းသည် မင်းနေပြည်တော်ကို ဟံသာဝတီမှ အင်းဝသို့ တဖန်ပြန်လည်ပြောင်းရွှေ့စံမြန်းသည်။ နန်းတော်၏ အစီအရင်များ စီရင်ပြီး၁၆၃၅တွင်မှ အင်းဝနန်းကို သိမ်းပိုက်စိုးစံသည်။ ညီတော်မင်းရဲကျော်စွာကို အိမ်ရှေ့အရာပေးကာ မှုးမတ်များကို ဘွဲ့အမည်နှင့်တကွ ချီးမြှင့်လေသည်။ ၁၆၃၆တွင် ကောင်းမှုတော် ရာဇစူဠာမဏိစေတီ(စစ်ကိုင်းကောင်းမှုတော်)ကို အုတ်မြစ်ချသည်။

နန်းတွင်းပုန်ကန်မှုပြင်ဆင်

အင်း၀သို့ရောက်ပြီး ကုသိုလ်ကောင်းမှုများ ဆောင်ရွက်နေစဉ် ညီတော်အိမ်ရှေ့မင်း မင်းရဲကျော်စွာ ကွယ်လွန်သဖြင့် သားတော် ပင်းတလဲမင်းသားအား အိမ်ရှေ့အရာပေးသည်။ ထိုအခါ နန်းရရန် မျှော်မှန်းသည့် အမြင့်စားရှင်တရုတ်က လူသူစုဆောင်းကာ ပုန်ကန်သည်။ သာလွန်မင်းလည်း အငိုက်မိကာ အားမတန်သဖြင့် လေးထပ်ကျောင်းသို့ဝင်ရောက်ခိုလှုံသည်။ သို့သော် လေးထပ်ကျောင်းဆရာတော်ကြီးက လောကီနှင့် လောကုတ္တရာ မရောယှက်လိုသဖြင့် ခိုလှုံခွင့်မပေးချေ။ ထို့ကြောင့် စံကျောင်းသို့ပြောင်းရွှေ့ခိုလှုံရသည်။ စံကျောင်းဆရာတော်မှာ လောကီဆန်သည့် ပွဲကျောင်းဆရာတော်ဖြစ်သည့် အတွက်နောက်ပါရဟန်းများကို စုစည်းကာ တုတ်ဓါးလက်နက်များဖြင့် သာလွန်မင်းနှင့် မှုးမတ်များကို စောင့်ရှောက်ပေးသည်။ မြို့တွင်းတွင်ကျန်ရှိနေခဲ့သည် မှုးမတ်များလည်း အမြင့်စားကိုကြောက်ရွံသဖြင့် နေကြရသော်လည်း မင်းတရားကြီးကို သစ္စာခံကြောင်း တိတ်တဆိတ်လျှောက်တင်ကြသည်။ ထိုပုန်ကန်မှုကို မှုးမတ်များရွတ်ရွတ်ချွံချွံ ထမ်းဆောင်နှိမ်နှင်းသဖြင့် ရှင်တရုတ်ကျဆုံးပြီး အောင်မြင်သည်။ ထို့နောက် လေးထပ်ကျောင်းနှင့် စံကျောင်းတို့တွင် အလှုကြီးများပေးကာ လေးထပ်ကျောင်းဆရာတော်ကို သံသရာဆရာတော် ၊ စံကျောင်းဆရာတော်ကို ပစ္စုပ္ပန်ဆရာတော်ဟူ၍ ခေါ်ဝေါ်ချီးကျူးလေသည်။

ထိုပုန်ကန်မှုပြီးနောက် မြောက်ပိုင်းမှ ကသည်းလူမျိုးတို့ ကျူးကျော်လာသည်ကို တိုက်ခိုက်နှိမ်နှင်းရသေးသည်။ သို့သော် အလွယ်တကူသာ တိုက်ယူလိုက်ရပြီး အောင်နိုင်သည်။

နတ်ရွာစံခြင်းပြင်ဆင်

ထိုပုန်ကန်မှုအပြီး တစ်နှစ်အကြာ ၁၆၄၈တွင် သာလွန်မင်း အင်း၀နန်းတော်တွင် နတ်ရွာစံသည်။ နန်းသက် ၁၉နှစ်၊ သက်တော် ၆၅နှစ် အဝင်တွင်ဖြစ်သည်။ နတ်ရွာစံလျှင် သားတော် အိမ်ရှေ့မင်း ပင်းတလဲမင်းက နန်းဆက်ခံသည်။

သာလွန်မင်း၏ ဆောင်ရွက်ချက်များပြင်ဆင်

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - သာလွန်မင်းလက်ထက် အမိန့်ပြန်တမ်းများ

သာလွန်မင်းလက်ထက် ၁၆၃၇တွင် ပထမဆုံးသော သမိုင်းဝင် လူဦးရေ နှင့် မြေယာစစ်တမ်းများကို စတင်ကောက်ယူခဲ့သည်။ ထို့ပြင် အမှုထမ်းအရာထမ်းများ၏ လုပ်ပိုင်ခွင့်နှင့် တာဝန်ဝတ္တရားများကို အမိန့်ပြန်တမ်းများဖြင့် တိကျစွာ ထုတ်ပြန်ကြေညာပေးခဲ့သည်။ ထို့ပြင်စစ်သည်စုစောင်းရေးနှင့် ပတ်သက်၍လည်း တိကျသည့် အချိုးအစားနှင့် လက်နက်အမျိုးအစားတို့ကို သတ်မှတ်ပြဌာန်းပေးသည်။ ထင်ရှားသည့် ပြန်တမ်းပါ အမိန့်များမှာ

  • “ငှက်သည် အသီးရှိကာသာအပင်တွင် နားသကဲ့သို့ အခွန်ခံသောရွာကိုသွား၍ ပြန်မကြည့် ငှက်ကဲ့သို့ မရှိစေနှင့်။ စားဟန်သာတတ်စေ။ ရွာပြည်ကိုမပြု၊ စားရသောက်ရအောင်သာ စီရင်သော် ကွပ်မည်။” ဟူ၍လည်းကောင်း
  • “ပြည်တွင်းတိုင်းရေးစသော ဆင်းရဲသားတို့ကို ညှဉ်းပန်းနှိပ်စက်၍ မြို့ရွာတွင် မနေဝံ့ ထွက်သွားသည်များကို ရွှေနားတော်ကြားလျှင် ဝန်တို့နှစ်ခွန်းချေရမည်မမှတ်နှင့်။ ကြီးစွာသော ရာဇဝတ်တော်ကို ခံရလိမ့်မည်။”ဟူ၍လည်းကောင်း ပါရှိခဲ့သည်ကိုတွေ့ကြရသည်။

ကျောက်ဆည်ဒေသတွင် လယ်ယာလုပ်ငန်းများ ပြန်လည်ထူထောင်နိုင်ရန် အားထုတ်ဆောင်ရွက်ပေးသည်။ အထက်တွင် ဆိုခဲ့သည့်အတိုင်း စစ်တမ်းများကောက်ယူပြီး ကျောက်ဆည်နယ်ကို ဗဟိုပြုကာ လုပ်ကိုင်စားသောက်ရန် နေရာချထားပေးသည်။ ထိုမျှမက ဝေးလံသည့် ဒေသများမှ လူအများကို အင်းဝနှင့် ကျောက်ဆည်ဒေသတစ်ဝိုက်တွင် အတည်တကျနေထိုင်စေသည်။

ရည်ညွှန်းကိုးကားပြင်ဆင်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)