ပြည်မင်း (၁၆ မေ ၁၆၁၉ – ၁၄ ဧပြီ ၁၆၇၂) သည် ၁၆၆၂ ခုနှစ်မှ ၁၆၇၂ ခုနှစ်အထိ တောင်ငူထီးနန်းကို စိုးစံခဲ့သူ ဖြစ်သည်။ ပြည်မင်းသည် သာလွန်မင်း၏ သားတော် ဖြစ်ပြီး နောင်တော် ပင်းတလဲမင်းကို ပုန်ကန်ကာ နန်းတက်ခဲ့သည်။ ထိုသို့ မပြုသင့်သည့် အမှုကို ပြုခဲ့သဖြင့် ပြေလည်ရာပြေလည်ကြောင်းအနေဖြင့် ဆရာတော်၊သံဃာတော်များကို နန်းတွင်းသို့ပင့်ဖိတ်ကာ မိမိဆန္ဒအလျောက် ပြုကျင့်ခြင်းမဟုတ်ကြောင်း၊ အမှူးအမတ်တို့၏ ဆန္ဒအရသာဖြစ်ကြောင်း လျှောက်တင်လေသည်။ ဆရာတော်အများက ချီးပ ပြီး ပြောဆိုကြသော်လည်း၊ မြောက်နန်းကျောင်းဆရာတော်ကမူ "ယခု ဒကာတော် လျှောက်ထားသည်မှာ ငါတို့အရာမဟုတ်၊ ညီတော်နောင်တော်နှစ်ပါး ဟုတ်မဟုတ်ကို အောက်ကိုရောက်မှပဲ ငြင်းကြခုန်ကြပေရော့"ဟု မိန့်တော်မူလေသည်။ သို့သော် ပြည်မင်း၏တောင်းပန် မှုကြောင့် ဆရာတော်လည်း ရာဇဝင်ချုပ် တစ်စောင်ရေးသားစီရင်တော်မူခဲ့လေသည်။

ပြည်မင်း
ဘုရင်
ပြည် မင်းသား
နန်းသက်၃ ဇန်နဝါရီ ၁၆၆၂ – ၁၄ ဧပြီ ၁၆၇၂
နန်းတက်ချိန်၇ ဇန်နဝါရီ ၁၆၆၂
မြန်မာသက္ကရာဇ် ၁၀၂၃၊ တော်သလင်းလပြည့်၊ ဗုဒ္ဓဟူးနေ့[]
ရှေ့မင်းဆက်ပင်းတလဲမင်း
ဆက်ခံသူနရာဝရ
မွေးဖွား၂၆ မေ ၁၆၁၉
မြန်မာသက္ကရာဇ် ၉၈၁၊ နယုန်လဆန်း ၁၄ ရက်၊ တနင်္ဂနွေ[]
ကွယ်လွန်၁၄ ဧပြီ၊ ၁၆၇၂(1672-04-14) (အသက် ၅၂)
မြန်မာသက္ကရာဇ် ၁၀၃၄ တန်ခူးလဆုတ် ၂ ရက်၊ ကြာသပတေး[]
အင်းဝ
ထာဝရ အိပ်စက်ရာ နေရာ၁၅ ဧပြီ ၁၆၇၂
အင်းဝနန်းတော်
ကြင်ရာတော်ခင်မလတ်[]
သားသမီးများနရာဝရ အပါအဝင်
သားတော် ၆ ဦးနှင့် သမီးတော် ၈ ဦး[]
အမည် အပြည့်အစုံ
မဟာပရဝ ဓမ္မရာဇာလောကဓိပတိ
စံအိမ်တောင်ငူ
ခမည်းတော်သာလွန်မင်း
မယ်တော်ခင်မြတ်ဆက်[]
ကိုးကွယ်မှုထေရဝါဒ ဗုဒ္ဓဘာသာ

ထိုမင်းလက်ထက်တွင် နာမည်ကျော် နန်းစဉ်ရတနာဖြစ်သည့် ပတ္တမြားငမောက်ကို ရှာဖွေတွေ့ရှိပြီး နန်းတွင်းသို့ ဆက်သလာလေသည်။ သို့သော် နောင်တွင် ငမောက်သည် မိမိအား ပတ္တမြားကို အပြည့်အဝ မဆက်သကြောင်းသိလျှင် ဆွေမျိုးများနှင့် တကွသတ်စေသည်။ နန်းသက် ၁၀ နှစ်အရောက်တွင် နတ်ရွာစံသဖြင့် သားတော် နရာဝရ အင်းဝနန်းကို ဆက်ခံသည်။

  1. Hmannan Vol. 3 2003: 270
  2. ၂.၀ ၂.၁ Maha Yazawin Vol. 3 2006: 212
  3. ၃.၀ ၃.၁ Hmannan, Vol. 3 2003: 285–287
  4. Hmannan Vol. 3 2003: 250