သာသနာပိုင် မဟာသံဃနာထဆရာတော်
သာသနာပိုင် မဟာသံဃနာထဆရာတော်ကား တူရွင်းခြေတောင်၌ သီးတင်း သုံးသော မဟာရာမဆရာတော်ဖြစ်သည်။ ၉၆ရ ခုနှစ်တွင် အင်းဝပြည်၌နန်းတက်သော အနောက်ဘက်လွန်မင်းတရားကြီး သည် မဟာမြတ်မုနိဘုရားအနိီး ကျောင်းရံလေးဆယ်ရှိ လေးထပ်ကျောင်းကို တူရွင်းခြေတောင်နေဘုန်းတော်ကြိီး ညွှန်ကြားချက်အရ တူရွင်းခြေအရပ်၌နေသော မဟာရာမ ဆရာတော်အား ပင့်ဖိတ်လှူဒါန်းပြီးလျှင် မဟာသံဃနာထဘွဲ့တံဆိပ်ကို လှူဒါန်းသည်။ သာသနာပိုင်လည်းအပ်တော်မူသည်။ ထိုစဉ်အခါပြည်မြို့မှပင့်လာ၍မဟာမြတ်မုနိအရံအတွင်း စရပ်၌နေသော တောင်ဖီလာပုဂ္ဂိုလ်ကျော်လည်း သာသနာပိုင် ဆရာတော်ထံဆည်းကပ်၍ ကျမ်းဂန်တို့ကို ဆွေးနွေးသည်။ သာသနာပိုင်ဆရာတော်လည်း အလွန်နှစ်သက်တော်မူသည်။[၁]
ကိုးကား
ပြင်ဆင်ရန်- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)
ဤ ဗုဒ္ဓဘာသာနှင့် သက်ဆိုင်သော ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |