သိမ်ဖြူအားကစားကွင်း သည် ရန်ကုန်မြို့တွင် တည်ရှိသည့် လက်ဝှေ့အားကစားကွင်းတစ်ခု ဖြစ်သည်။[၂] ဤကွင်းတွင် လူပေါင်း ၅၂၀၀ ကျော်ဝင်ဆံ့သည်။ မြန်မာနိုင်ငံရှိ လက်ဝှေ့အားကစားရုံများတွင် လူသိအများဆုံး ဖြစ်သည်။[၁] အပြည်ပြည်ဆိုင်ရာနှင့် ပြည်တွင်းလက်ဝှေ့ပွဲများ အများစုကို ဤကွင်းတွင် ကျင်းပလေ့ရှိသည်။ ဤကွင်းကို မြန်မာ့ရိုးရာလက်ဝှေ့အဖွဲ့ချုပ်က ကြီးကြပ်ကွပ်ကဲလျက်ရှိသည်။[၃]

သိမ်ဖြူအားကစားကွင်း
တည်နေရာသိမ်ဖြူလမ်း၊ ရန်ကုန်မြို့၊ မြန်မာ
ကိုဩဒိနိတ်16°49′16.73″N 96°11′12.58″E / 16.8213139°N 96.1868278°E / 16.8213139; 96.1868278ကိုဩဒိနိတ်: 16°49′16.73″N 96°11′12.58″E / 16.8213139°N 96.1868278°E / 16.8213139; 96.1868278
ပိုင်ဆိုင်သူကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန
ဝင်ဆံ့ပမာဏ၅,၂၀၀[၁]
ငှားရမ်းသူ
မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ် (MTBF)

အကြောင်းအရာ ပြင်ဆင်ရန်

မြန်မာနိုင်ငံ အားကစားနှင့် ကျန်းမာရေးဦးစီးဌာန၏ အောက်တွင် မြန်မာ့ရိုးရာလက်ဝှေ့အဖွဲ့ချုပ်သည် ၁၉၉၀ ခုနှစ်များကတည်းက သိမ်ဖြူကွင်းတွင် ရုံးခန်းတစ်ခု ထားရှိခဲ့သည်။[၄]

လက်ဝှေ့ ပြင်ဆင်ရန်

 
လက်ဝှေ့ပွဲများ ကျင်းပနေပုံ

၁၉၉၆ ခုနှစ်ကတည်းက အားကစားရုံတွင် ရွှေခါးပတ်ချန်ပီယံပြိုင်ပွဲများကို ကျင်းပခဲ့သည်။ [၅]

၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ဤအားကစားရုံ၌ ကမ္ဘာ့လက်ဝှေ့ချန်ပီယံပြိုင်ပွဲ WLC 11: Battlebones ကို ကျင်းပခဲ့သည်။[၆]

လေ့ကျင့်ခြင်း ပြင်ဆင်ရန်

၂၀၂၀ ခုနှစ် ပြင်ဆင်ရန်

၂၀၂၀ ခုနှစ် မတ်လတွင် ကိုဗစ်ကပ်ရောဂါဖြစ်ပွားနေသဖြင့် လက်ဝှေ့ပွဲများအားလုံးကို ပယ်ဖျက်ခဲ့ရသည်။[၇] ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အားကစားကွင်းအား နိုင်ငံရပ်ခြားမှ ပြန်လာသူများအတွက် စောင့်ကြည့်စစ်ဆေးသည့်စင်တာ အဖြစ် အသုံးပြုခဲ့သည်။[၈]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ "And Still: Dave Leduc Retains Openweight Lethwei Crown"၊ Lethwei World၊ 18 December 2018။ 
  2. "Lethwei Fight Yangon Myanmar" (in EN)၊ Global Gaz၊ 28 May 2019။ 
  3. "နိုင်ငံတကာရိုးရာလက်ဝှေ့စိန်ခေါ်ပွဲ မြန်မာပြည်ချန်ပီယံ ထွန်းထွန်းမင်း ကနေဒါလက်ဝှေ့ချန်ပီယံ မက်သရူးကို အလဲထိုး" (in Burmese)၊ NPE၊ 27 May 2015။ 
  4. Sports Clubs & Associations - Myanmar Boxing Federation။ Yangon Directory။ 19 August 2020 တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
  5. Kyaw Zin Hlaing။ "A ‘Golden’ opportunity" (in en)၊ Myanmar Times၊ 27 May 2015။ 5 October 2020 တွင် ပြန်စစ်ပြီး။ Archived from the original on 9 October 2020။ 
  6. Leon Jennings (1 February 2020)။ WLC: BATTLEBONES – NAIMJON TUHTABOYEV WINS MIDDLEWEIGHT TITLE (in en)။
  7. Thiha Aung (23 March 2020)။ Authorities prepare Thein Phyu indoor stadium to quarantine COVID-19 suspects (in en)။
  8. Nan Lwin (23 March 2020)။ Myanmar Prepares Quarantine Centers as Official COVID-19 Count Remains at Zero (in en)။