ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန

မြန်မာနိုင်ငံဝန်ကြီးဌာန

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန (အင်္ဂလိပ်: Ministry of Health and Sports) သည် ၂၀၁၆ ခုနှစ် မေလ ၂၅ ရက် သမ္မတဦးထင်ကျော် အစိုးရလက်ထက်တွင် ဖွဲ့စည်းခဲ့သည့် မြန်မာအစိုးရ ဝန်ကြီးဌာနတစ်ခု ဖြစ်သည်။ ကျန်းမာရေး ဝန်ကြီးဌာန နှင့် အားကစား ဝန်ကြီးဌာန နှစ်ခုအား ပူးပေါင်း၍ ဝန်ကြီးဌာန တစ်ခုတည်းအဖြစ် ဖွဲ့စည်းထားခြင်း ဖြစ်သည်။[၁]လက်ရှိပြည်​ထောင်စုဝန်ကြီးမှာ အာဏာသိမ်း စစ်အစိုးရမှ ခန့်အပ်ထားသော ​ဒေါက်တာသက်ခိုင်ဝင်းဖြစ်သည်။ အနိုင်ရ လွှတ်​တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကမူ ​ဒေါက်တာဇော်ဝေစိုးအား ပြည်ထောင်စုဝန်ကြီးတာဝန်များကို ထမ်းဆောင်ရန် ခေတ္တပြည်​ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်ထားသည်။[၂][၃]၂၀၂၁ခုနှစ် ဩဂုတ်လ ၁ရက်နေ့တွင် နစကမှ ကျန်းမာရေးဝန်ကြီးဌာနနှင့် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနဟူ၍ ပြောင်းလဲဖွဲ့စည်းခဲ့သည်။[၄]

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန
Ministry of Health And Sport
 မြန်မာအစိုးရအဖွဲ့အစည်း
ဝန်ကြီးဌာန အကျဉ်းချုပ်
ဖွဲ့စည်းသည့်အချိန်၂၅ မေ ၂၀၁၆ (၂၀၁၆-၀၅-၂၅)
ယခင်အဖွဲ့အစည်းကျန်းမာရေး ဝန်ကြီးဌာန
အားကစား ဝန်ကြီးဌာန
ဖျက်သိမ်းခြင်း၁ ဩဂုတ် ၂၀၂၁
ဌာနချုပ်ရုံးအမှတ် (၄)၊နေပြည်တော်
ဝန်ကြီးများ​ဒေါက်တာသက်ခိုင်ဝင်း၊ ပြည်ထောင်စုဝန်ကြီး
ဌာနအကြီးအမှူးများ​ဦးမျိုးလှိုင်
​ဒေါက်တာ​အေးထွန်း၊ ဒုတိယဝန်ကြီး
ဌာနခွဲများပြည်သူ့ကျန်းမာရေးဦးစီးဌာန
ကုသရေးဦးစီးဌာန
ဆေးဘက်ဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီမံခန့်ခွဲရေးဦးစီးဌာန
ဆေးသုတေသနဦးစီးဌာန
တိုင်းရင်းဆေးပညာဦးစီးဌာန
အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာန
ဝက်ဘ်ဆိုက်mohs.gov.mm

ဖွဲ့စည်းပုံ ပြင်ဆင်ရန်

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနလက်အောက်ရှိ ဦးစီးဌာနများမှာ-


ဝန်ကြီးများ ပြင်ဆင်ရန်

ပုံ အမည် ရာထူးသက်တမ်း နိုင်ငံရေးပါတီ နိုင်ငံ​တော်သမ္မတ ဒုတိယဝန်ကြီး
တာဝန်စတင် တာဝန်ပြီးဆုံး ရက်ပေါင်း
  ဒေါက်တာမြင့်ထွေး ၃၀ မတ် ၂၀၁၆ ၁ ​ဖေ​ဖော်ဝါရီ ၂၀၂၁ ၁၇၆၉


ဒေါက်တာမြ​လေးစိန်
ဒေါက်တာသက်ခိုင်ဝင်း ၁ ဖေဖော်ဝါရီ ၂၀၂၁ ၁ ဩဂုတ် ၂၀၂၁ ၁၈၁


ဦးမြင့်ဆွေ
(ယာယီ)
ဦးမျိုးလှိုင်

ဒုဝန်ကြီးများ ပြင်ဆင်ရန်

  1. ဒေါက်တာမြ​လေးစိန် (၂.၇.၂၀၁၈-၁.၂.၂၀၂၁)
  2. ဦးမျိုးလှိုင် (၇.၂.၂၀၂၁ - ၁ ဩဂုတ် ၂၀၂၁)
  3. ​ဒေါက်တာ​အေးထွန်း (၁၅.၅.၂၀၂၁ - )

ကိုးကား ပြင်ဆင်ရန်