သီရိသီဟကျော်တံဆိပ်
သီရိသီဟကျော်တံဆိပ် သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် က ချီးမြှင့်သည့် စွမ်းဆောင်မှုဆိုင်ရာဂုဏ်ထူးဆောင်တံဆိပ် တစ်ခုဖြစ်သည်။[၁] နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပြည်ပနိုင်ငံများနှင့် ကဏ္ဍအသီးသီးတွင် ပူးပေါင်းဆောင်ရွက်ရာ၌ စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြ သော ပုဂ္ဂိုလ်များအား ဂုဏ်ပြုချီးမြှင့်နိုင်ရန်အလို့ငှာ ပေးအပ်ချီးမြှင့်သည့် တံဆိပ် လည်း ဖြစ်သည်။ယင်းတံဆိပ် ကို နိုင်ငံတကာစစ်ဘက်ပူးပေါင်းဆောင်ရွက်မှုတံဆိပ် တစ်ခု အဖြစ် သတ်မှတ်သည်။[၂]
သီရိသီဟကျော်တံဆိပ် | |
---|---|
အမျိုးအစား | စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင် တံဆိပ် |
တည်ထောင်ခဲ့ | ၂၀ မတ် ၂၀၂၄ |
နိုင်ငံ | မြန်မာ |
သမိုင်းအကျဉ်း နှင့် ရည်ရွယ်ချက်
ပြင်ဆင်ရန်၂၀၂၁ မြန်မာနိုင်ငံစစ်အာဏာသိမ်းပြီး နောက်ပိုင်း ဖွဲ့စည်းလိုက်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က ၂၀၂၄ ခုနှစ် မေလ ၂၀ရက်နေ့တွင် နဂိုမူလ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များဆိုင်ရာပြဋ္ဌာန်းချက် [၃]ထဲ အသစ်ဖြည့်စွက်ပြဋ္ဌာန်းပြီး သတ်မှတ်လိုက်သော တံဆိပ်တစ်ခုဖြစ်သည်။ ယင်းတံဆိပ်ကို ခေတ်မီ တပ်မတော် တည်ဆောက်နိုင်ရန် နိုင်ငံတကာစစ်ဘက် ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များတွင် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသူများအား ပေးအပ်သည်။[၄]
ချီးမြှင့်ခြင်းခံရသူများ
ပြင်ဆင်ရန်ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန မှ ဒုတိယဝန်ကြီး အပါအဝင် (၁၅) ဦး[၅] အား ၂၀၂၄ ခုနှစ် မတ်လ ၂၇ ရက် တွင် ပေးအပ်ချီးမြှင့်သည်။[၆] [၇]
နောက်ထပ်ကြည့်ရန်
ပြင်ဆင်ရန်ကိုးကား
ပြင်ဆင်ရန်- ↑ INT’L MILITARY COOPERATION MEDALS: SAC ISSUED INT’L MILITARY COOPERATION MEDALS CONFERRED။ mitv (27 March 2024)။ 31 March 2024 တွင် ပြန်စစ်ပြီး။
- ↑ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များဆိုင်ရာ ပြဋ္ဌာန်းချက်ကို ဒုတိယအကြိမ်ဖြည့်စွက်ပြဋ္ဌာန်းချက် ထုတ်ပြန်။ MOI Myanmar (၂၁ မတ် ၂၀၂၄)။ ၃၁ မတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ ပြည်ထောင်စုမြန်မာနိုင်ငံတော်နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များဆိုင်ရာပြဋ္ဌာန်းချက် ထုတ်ပြန်ခြင်း။ မြန်မာဥပဒေသတင်းအချက်အလက်စနစ် (၁၇ ဒီဇင်ဘာ ၂၀၀၉)။ 3 July 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၃၁ မတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ ရုရှားစစ်ဘက်ဆိုင်ရာလူပုဂ္ဂိုလ် ၂၇ဦးကို စစ်ကောင်စီခေါင်းဆောင်က ဂုဏ်ထူးဆောင်တံဆိပ်များချီးမြှင့်။ Mizzima (၂၇ မတ် ၂၀၂၄)။ ၃၁ မတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ မြန်မာ-ရုရှား နှစ်နိုင်ငံအကြား မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ပိုမိုအားကောင်းစေရန်အပါအဝင် စစ်ဘက်နှင့်စစ်ဘက်နည်းပညာပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးကြိုးပမ်းမှုများအတွက် တပ်မတော်နှစ်ရပ်အကြား ဆုတံဆိပ်များ အပြန်အလှန်ပေးအပ်ခြင်း အခမ်းအနားကျင်းပ။ Myanmar Digital News (၂၉ မတ် ၂၀၂၄)။ ၃၁ မတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း။ MOI Myanmar (၂၇ မတ် ၂၀၂၄)။ ၃၁ မတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ မြန်မာ- ရုရှား စစ်ခေါင်းဆောင်တွေ ဆုတွေ အပြန်အလှန်ချီးမြှင့်။ BBC Burmese (၂၉ မတ် ၂၀၂၄)။ ၃၁ မတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။