အရှင်သုမနထေရ် သည် မြတ်စွာဘုရား၏ သာသနာတော်ရှိ ရဟန်းတစ်ပါး ဖြစ်သည်။[]

ဘဝဇာတ်ကြောင်း

ပြင်ဆင်ရန်

သိခီမြတ်စွာဘုရားလက်ထက်

ပြင်ဆင်ရန်

သိခီမြတ်စွာဘုရား လက်ထက်တော်အခါက ဖြစ်၏။ အရှင်သုမနထေရ်သည် “သုမန” အမည်ဖြင့် ပန်းသည် ဖြစ်၏။ သုမနသည် မြတ်စွာဘုရားကို ဖူးမြင်ရသောအခါ မုလေးပန်းတို့ကို လှူဒါန်းခဲ့၏။

အကျိုးခံစားရခြင်း

ပြင်ဆင်ရန်

ထိုသို့ မုလေးပန်းတို့ကို လှူဒါန်းခဲ့ရသည့် အချိန်မှစကာ အပါယ်လေးဘုံသို့ မရောက်ခဲ့ရပေ။ နှစ်ဆယ့်ခြောက်ကမ္ဘာထက်တွင် ရတနာခုနစ်ပါးနှင့် ပြည့်စုံသော "စကြဝတေးမင်း" လေးကြိမ် ဖြစ်ခဲ့၏။

ဂေါတမမြတ်စွာဘုရားထက်ထက်

ပြင်ဆင်ရန်

နောက်ဆုံးဘဝ ပစ္ဆိမဘဝိကတွင် ဂေါတမမြတ်စွာဘုရားသာသနာတော်တွင် "အရှင်သုမနထေရ်" အဖြစ်ဖြင့် အာသဝေါကုန်ခမ်း ရဟန္တာ ဖြစ်တော်မူ၏။[]

  1. ထေရာပဒါန်ပါဠိတော်၊ သကစိန္တနိယဝဂ်
  2. "ထေရာပဒါန်ပါဠိတော်"