အပါယ် ဆိုသည်မှာ ပါဠိဘာသာ`အပါယ´ပုဒ်ကလာသည်။

`အပါယ´ကို `အပ+အယ´ဟု ပုဒ်ခွဲရသည်။

အပ = ကင်းသည်၊ မရှိပါ ဟု အနက်ရသည်။

အယ = နတ်ရွာ နိဗ္ဗာန်ကိုရခြင်း၊ ရောက်ခြင်း အကြောင်းဖြစ်သည့် ကုသိုလ်ကောင်းမှုကို ခေါ်သည်။

`အပ + အယ´ နှစ်ပုဒ်ကိုပေါင်းလျှင် = ကုသိုလ်ကောင်းမှု မရှိသည့်နေရာ ဟု အဓိပ္ပာယ်ရသည်။

ထို့ကြောင့် အပါယ်ဘုံသို့ ရောက်သူများသည် ကုသိုလ်ပြုခွင့်၊ ကုသိုလ်ရခွင့် မရှိပေ။

ဘုံ ဆိုသည်မှာ ပါဠိစကား `ဖြစ်ရာနေရာ၊ ဖြစ်ရာအရပ်´ ဟု အနက်ရသည်။

အပါယ်ဘုံဆိုသည်မှာ ကုသိုလ်ပြုခွင့်၊ ကုသိုလ်ရခွင့် မရှိသည့် သတ္တဝါများ၏ နေရာကို ခေါ်ဆိုသည်။

ကျမ်းကိုး

ပြင်ဆင်ရန်
  1. မောင်ဝိဇ္ဖာ “ဗုဒ္ဓ နှင့် ဗုဒ္ဓဘာသာအကြောင်း”
  2. ဦးမြတ်ကျော်(မြန်မာစာကော်မရှင်)“၃၁ဘုံခရီးသည်”