သူဌေးကျွန်း (အင်္ဂလိပ်: Son Island[၁]) သည် မြိတ်ကျွန်းစုရှိ ကျွန်းငယ်တစ်ခုဖြစ်သည်။ ကော့သောင်းမြို့နှင့် ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းမြို့တို့၏ အနီးတွင် တည်ရှိသည်။ သူဌေးကျွန်းကို မြန်မာနိုင်ငံအစိုးရမှ ထိုင်းနိုင်ငံအခြေစိုက် VSE Group ထံသို့ ခရီးသွားလုပ်ငန်းအတွက် နှစ်ရှည်ငှားရမ်းထားသည်။ ကျွန်းပေါ်တွင် အက်ဒမန်ကလပ် အမည်ရ ကြယ်ငါးပွင့်အဆင့်ရှိ ကာစီနိုနှင့် အပန်းဖြေဂေါက်ကွင်းကို ဖွင့်လှစ်ထားသည်။

သူဌေးကျွန်း သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
သူဌေးကျွန်း
သူဌေးကျွန်း
သူဌေးကျွန်း တည်နေရာပြမြေပုံ
သူ​ဌေးကျွန်းဟိုတယ်

ကိုးကား ပြင်ဆင်ရန်

  1. Prostar Sailing Directions 2005 India & Bay of Bengal Enroute By National Geospatial-intelligence Agency

ကိုဩဒိနိတ်: 11°12′N 98°05′E / 11.200°N 98.083°E / 11.200; 98.083