မြိတ်ကျွန်းစု (အင်္ဂလိပ်: Mergui Archipelago or Myeik Archipelago) သည် တနင်္သာရီတိုင်းဒေသကြီးတွင် ပါဝင်ကာ မြန်မာနိုင်ငံ၏ တောင်ဘက်စွန်းတွင် တည်ရှိသည်။ အရွယ်အစား အမျိုးမျိုးရှိသော ကျွန်းပေါင်း ၈၀၀ ကျော်ခန့် ပါဝင်ဖွဲ့စည်းထားသည်။ မလေး ကျွန်းဆွယ်၏ အနောက်ဘက်ကမ်းခြေဖက်ရှိ ကပ္ပလီပင်လယ်တွင်းတွင် တည်ရှိသည်။ တစ်ခါတစ်ရံ ပသျှူးကျွန်းစုဟုလည်း ခေါ်ဆိုလေ့ရှိသည်။

မြိတ်ကျွန်းစု မြေပုံ

ပထဝီဝင် ပြင်ဆင်ရန်

 
မြိတ်ကျွန်းစုရှိ ကမ်းခြေတစ်ခု

ကတန်ကျွန်းသည် မြိတ်ကျွန်းစုရှိ အကြီးဆုံးကျွန်းဖြစ်ပြီး စတုရန်းမိုင်ပေါင်း ၁၇၀ ကျယ်ဝန်းကာ ‌မြိတ်မြို့ အနောက်ဘက် ၁၀ မိုင်ခန့်အကွာတွင် ရှိသည်။[၁] ဒုတိယအကြီးဆုံးကျွန်းက ကက်သရင်း ကျွန်း ဖြစ်ကာ၊ တောဖုံးနေပြီး ကမ်းစပ်၌ လမုတောများ ပေါက်ရောက်နေသည်။ အခြား ထင်ရှားသော ကျွန်းများမှာ -

ဂေဟစနစ် ပြင်ဆင်ရန်

ALDFG ဟု အတိုကောက် ခေါ်ဝေါ်သော စွန့်ပစ် သို့ ပျောက်ဆုံးငါးဖမ်းပိုက်များ၊ ကြိုးများကြောင့် မြိတ်ကျွန်းစုရှိ ၈၇ နေရာတွင် ဂေဟစနစ် ပျက်စီးစပြုနေပြီ ဖြစ်သည်။ ယင်းအရာများသည် သန္တာကျောက်တန်းများ၊ ရေအောက်ကျောက်ဆောင်များပေါ်သို့ ကျရောက် ရစ်ပတ်မိပြီး ရေနေသတ္တဝါများ၊ သန္တာကျောက်တန်းများ ပျက်သုဉ်းခြင်းကို ဖြစ်စေနိုင်သည်။ [၂]

ဆက်စပ်ဖတ်ရှုရန် ပြင်ဆင်ရန်

ကိုးကား ပြင်ဆင်ရန်

  1. တင်နိုင်တိုး (ဒီဇင်ဘာ ၂၀၁၃)။ မြန်မာပြည်တစ်ခွင် လမ်းညွှန်။ မဇ္ဈိမစာပေ။ p. ၃၇၇။
  2. "7 days news journal"။ Vol. 19,22။ ၁၉ ဩဂုတ် ၂၀၁၉။ p. 27။ Cite magazine requires |magazine= (အကူအညီ)

ပြင်ပလင့်ခ်များ ပြင်ဆင်ရန်