သူရဲကောင်းသုံးယောက်နှင့်ခရီးသည်

သူရဲကောင်းသုံးယောက်နှင့်ခရီးသည် ကဗျာကို ငွေတာရီ ရေးဖွဲ့ခဲ့သည်။ လင်္ကာ ကဗျာအမျိုးအစား ဖြစ်သည်။ ဇွဲ၊ သတ္တိ၊ လုံ့လ ဟူသော အရည်အချင်းတို့ဖြင့် ပြည့်စုံပါက အခက်အခဲများကို အောင်မြင်နိုင်ကြောင်း ရေးဖွဲ့ထားသည်။

သူရဲကောင်းသုံးယောက်နှင့်ခရီးသည်

ပြင်ဆင်ရန်

စုံရိပ်မြိုင်သွယ်၊ ကန္တာလယ်
အိုဘယ်ယောက်ျား၊ ခရီးသွား။

ဖော်လည်းမဆွယ်၊ တစ်ကိုယ်ငယ်
အိုဘယ်လူသား၊ ကြောက်ဘူးလား။

ဤသို့မေးသော်
ရွှင်အေးကြည်သာ၊ ပြုံးမျက်နှာဖြင့်
အို ... ဘာကိုထောက်၊ ကြောက်ရမလဲ
သဟဲဖော်ညှိ၊ သတ္တိရှိပြီ
ချစ်သည်သဟာ၊ ဇွဲလည်းပါ၍
မကွာထပ်လောင်း၊ ငယ်ကပေါင်းသည့်
ဆွေကောင်းလုံ့လ၊ တူတကွတည့်
ဘေးကတူယှဉ်၊ ပါခဲ့လျှင်သော်
ငါ့တွင်သေချာ၊ အောင်ဖို့ရာတည့်။

ယောက်ျားငါကိုယ်၊ မြွက်ဟဆို
ဖော်မလိုဘဲ တစ်ကိုယ်တဲ(တည်း)။

တော်ပေ့လူမော်၊ ပွဲတိုင်းကျော်
သုံးဖော်ဆွေလဲ(လည်း)၊ တူယှဉ်တွဲသည်
အောင်မြဲမုချ၊ အောင်မည်ပ။

  1. ဦးရဲဝေ (မြန်မာစာ)။ ဒသမတန်းမြန်မာစာသင်ရိုးကုန်လေ့လာချက်