ဦးသောင်းဟန် (၁၉၃၃—၃ မေ ၂၀၁၇) သည် မြန်မာနိုင်ငံသား ပန်းချီဆရာတစ်ဦး ဖြစ်သည်။

ဦးသောင်းဟန်
မွေးဖွား၁၉၃၃
သထုံမြို့မွန်ပြည်နယ်
ကွယ်လွန်၃ မေ ၂၀၁၇ (အသက် ၈၄)
ရန်ကုန်မြို့
အလုပ်အကိုင်ပန်းချီဆရာ

ငယ်ဘဝ ပြင်ဆင်ရန်

၁၉၃၃-ခုနှစ်တွင် အဖ ရှမ်းလူမျိုး ဦးဖိုးခြုံ (မြောက်ပိုင်းရှမ်း)နှင့် အမိ ဒေါ်နှင်း(တောင်ပိုင်းရှမ်း)တို့မှ မွန်ပြည်နယ်သထုံမြို့၌ မွေးဖွားသည်။ ဦးသောင်းဟန် ၉ နှစ်သားတွင် အမေဆုံး၍ ၁၂ နှစ်သားတွင် အဖေဆုံးပါးသွားသည်။ အဖေမဆုံးခင် ဓားပြကြီးတစ်ဦးက မွေးစားရန် တောင်းဖူးသည်။ သို့သော် ဦးသောင်းဟန်၏ အစ်ကိုဖြစ်သူ ဦးမောင်ကြည်က ငြင်းဆိုပြီး သူကိုယ်တိုင် စောင့်ရှောက်ထားခဲ့သည်။

ဦးသောင်းဟန်၏ အစ်ကိုသည် ထိုခေတ်က မြန်မာတစ်နိုင်ငံလုံးတွင် တယောနှင့် မယ်ဒလင် ရွှေတံဆိပ်၊ စန္ဒရား ငွေတံဆိပ်ဆုရသော သထုံမောင်ကြည်၊ စန္ဒရားမောင်ကြည် ဖြစ်သည်။ နောက်ပိုင်းတွင် ရန်ကုန်သို့ ပြောင်းရွှေ့ပြီး အနုပညာဦးစီးဌာန၌ ဂီတမှူးတာဝန် ထမ်းဆောင်သည်။

၁၉၄၈-ခုနှစ်တွင် မြန်မာနိုင်ငံ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပန်းချီပြိုင်ပွဲတွင် ပထမဆု ရရှိခဲ့သည်။ ဦးသောင်းဟန် ငယ်ရွယ်စဉ်က အသံတိတ် ရုပ်ရှင်ရုံများတွင် စန္ဒရားလိုက်တီးဖူးသည်။ သို့သော် အစ်ကိုဖြစ်သူက သူကျင်လည်သော ဂီတလောကထဲမှ သူညီကို ဆွဲထုတ်၍ ရန်ကုန်သို့ပို့ကာ ပန်းချီပညာသင်ကြားခိုင်းသည်။ ဦးသောင်းဟန်သည် မိသားစုနှင့်မခွဲနိုင်၍ သထုံသို့ ပြန်ပြေးသည်။ အစ်ကိုက ရန်ကုန်ကို ပြန်ခေါ်ကာ သုံးကြိမ်မြောက်တွင် စိတ်နာပြီး သထုံသို့ အနှစ် ၃၀ လောက် မပြန်တော့ပေ။

ပန်းချီဆရာဘဝ ပြင်ဆင်ရန်

၁၉၅၂-ခုနှစ်တွင် ရန်ကုန်ပန်းချီ ပန်းပုကျောင်း တက်ရောက်ခဲ့သည်။ ကျောင်းတွင် ပညာသင်နေရင်း ပညာဝန်တစ်ယောက်က သူ၏လက်ရာကို သဘောကျကာ သူ့ကျောင်းများတွင် ပန်းချီသင်ပေးရန် တောင်းယူသဖြင့် အစိုးရဝန်ထမ်း ပန်းချီသင်ဆရာဖြစ်လာခဲ့သည်။

ထို့နောက် ဖြူးမြို့သို့ တာဝန်ကျသည်။ အဲဒီအချိန်က ရောင်စုံသူပုန်ခေတ်ဖြစ်ပြီး ဖြူးမြို့နယ်သည် အနက်ရောင် နယ်မြေဖြစ်သည်။ ထို့နောက် မဂ္ဂဇင်းလောကထဲသို့ ဝင်ရောက်ခဲ့သည်။ ရှုမဝဦးကျော်၏ ဖိတ်ခေါ်မှု့ကြောင့် ပထမဆုံးအကြိမ် ရှုမဝမျက်နှာဖုံးပန်းဆွဲခွင့်ရခဲ့ကာ ပန်းချီသောင်းဟန် နာမည်ဖြင့် ရပ်တည်ခဲ့သည်။

ဘဝနိဂုံး ပြင်ဆင်ရန်

ဆရာကြီး ဦးသောင်းဟန်သည် ၂၀၁၇-ခု၊ မေလ ၃-ရက်‌နေ့ ည‌နေ ၇:၅၅ အချိန်‌တွင် ရန်ကုန်မြို့၊ ဗဟိုစည်‌‌ဆေးရုံ၌ ကွယ်‌လွန်‌သွားသည်။ ကွယ်လွန်ချိန်တွင် အသက်‌ ၈၄ နှစ်‌ရှိပြီ ဖြစ်သည်။

ကိုးကား ပြင်ဆင်ရန်