ဖြူးမြို့
ဖြူးမြို့သည် ရန်ကုန်မြို့၏မြောက်ဘက် ကားလမ်းအားဖြင့်မိုင် ၁၄၀ အကွာ နှင့် မီးရထားလမ်းအားဖြင့် ၁၃၄ မိုင်အကွာတွင် တည်ရှိသည်။ အရှေ့ဘက်တွင် စစ်တောင်းမြစ် နှင့် အနောက်ဘက်တွင် ပဲခူးရိုးမတို့က ဝန်းရံထားသည်။ ရန်ကုန်မှ ဖြူးသို့ ကားလမ်းခရီး ၁၄၂ မိုင်၊ မီးရထားလမ်းဖြင့် ၁၃၄.၂၅ မိုင် ကွာဝေးသည်။ စီးပွားရေး၊ ကျန်းမာရေးအထူးကောင်းမွန်ကြပြီး စပါး၊ ပဲ စသည့်စိုက်ပျိုးရေးလုပ်ငန်းတို့မှာ ဒေသထွက်ကုန်များဖြစ်သည်။
ဖြူးမြို့ | |
---|---|
မြို့ | |
![]() | |
မြန်မာနိုင်ငံတွင်း တည်နေရာ | |
ကိုဩဒိနိတ်: 18°28′55″N 96°26′13″E / 18.48194°N 96.43694°Eကိုဩဒိနိတ်: 18°28′55″N 96°26′13″E / 18.48194°N 96.43694°E | |
နိုင်ငံ | ![]() |
တိုင်းဒေသကြီး | ![]() |
ခရိုင် | တောင်ငူခရိုင် |
မြို့နယ် | ဖြူးမြို့နယ် |
လူဦးရေ (၂၀၁၀)[၁] | ၄၄၆၄၂ |
အချိန်ဇုန် | MST (UTC+6.30) |
ဧရိယာကုဒ် | 54 |
[၂] |
မြို့ရာဇဝင်
ပြင်ဆင်ရန်တောင်ငူရာဇဝင်အရ ဖြူးမြို့၏ မူလအမည်မှာ "ပျူရွာ"ဖြစ်သည်။ ပျူလူမျိုးများ နေထိုင်ခဲ့ဖူးရာ ရွာကြီးတစ်ရွာ ဖြစ်သည်။ ခရစ်နှစ် (၁၃)ရာစုအစောပိုင်းကာလက သဝန်လက်ျာနေထိုင်ရာ ကမ္ဘားမြင့်ရွာသို့ မုတ္တမဘုရင် စာခူရီမင်း လာရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့စဉ်က သဝန်လက်ျာ၏မိသားစုကို ပျူရွာ၌ ထိန်းသိမ်းထားခဲ့ဖူးသည်။
ခရစ်နှစ် ၁၂၇၈ ခုနှစ်နောက်ပိုင်းတွင် ပျူရွာ၌ အကျယ်ချုပ်နေထိုင်ရသူ သဝန်လက်ျာ ကွယ်လွန်ခဲ့သည်။ ပျူရွာမှာ နောင်နှစ်ကာလကြာရှည်သောအခါ ဖြူးမြို့ဖြစ်လာခဲ့သည်။
၁၉၅၃ ခုနှစ်တွင် ဖြူးမြို့၌ လူဦးရေ ၁၀၄၄၃ ဦး နေထိုင်ပါသည်။ မြို့၏တောင်ဘက်ရှိ မဟာပုညမုနိဘုရားမှာ ထင်ရှားသည်။ [၃]
ဖြူးမြို့တွင် ကိုလိုနီခေတ်ဦးကာလက အမျိုးသားကျောင်းတစ်ကျောင်း တည်ထောင်ရာ အာဇာနည်ခေါင်းဆောင်ကြီး ဦးဘဝင်းသည် အမျိုးသားကျောင်း ကျောင်းအုပ်အဖြစ် ဆောင်ရွက်ဖူးသည်။ [၄]
အထင်ကရပုဂ္ဂိုလ်
ပြင်ဆင်ရန်အကိုးအကား
ပြင်ဆင်ရန်- ↑ Myanmar: largest cities and towns and statistics of their population:calculation 2010။ 19 September 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 26 August 2018 တွင် ပြန်စစ်ပြီး။ World Gazetteer
- ↑ National Telephone Area Codes။ Myanmar's Net။ 15 June 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 26 August 2018 တွင် ပြန်စစ်ပြီး။
- ↑ မြန်မာမြို့အဘိဓာန်။ တင်နိုင်တိုး။ ဇေတဝန်စာအုပ်တိုက်။ ရန်ကုန်။ ပကြိမ်။ ၂၀၁၂ ဖေဖော်ဝါရီ။
- ↑ ၄.၀ ၄.၁ တင်နိုင်တိုး (ဒီဇင်ဘာ ၂၀၁၃)။ မြန်မာပြည်တစ်ခွင် လမ်းညွှန်။ မဇ္ဈိမစာပေ။ p. ၉၀။
Lua error in မော်ဂျူး:Navbox at line 15: table index is nil.
Lua error in မော်ဂျူး:Navbox at line 15: table index is nil.
ဤ မြန်မာနိုင်ငံ ပထဝီဝင်တည်နေရာ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |