သံချေးတက်ခြင်း

သံ‌ချေး၏ အရောင်များ နှင့် စိမ့်ဝင်နိုင်သောမျက်နှာပြင် အနေအထား

  Rusting of iron ( သံချေးတက်ခြင်း )

************************

သံ (သို့) သံမဏိဖြင့် ပြုလုပ်ထားသော အရာဝတ္တုများသည် အချိန်အတိုင်းအတာတစ်ခု ကြာပြီးနောက် သံချေးတို့ဖြင့် ဖုံးလွှမ်းလာသည်။ သံကြေးတက်ခြင်းသည် ကြီးမားသောပြဿနာတစ်ခုဖြစ်ပြီး နှစ်စဉ် အလွန်များပြားလှသောငွေကြေးများ အလဟ   ဿ    ဖြစ်နေရသည်။ သံချေးတက်သွားသော သံနှင့်သံမဏိပစ္စည်းများကို အစားထိုးရန် ယူရိုငွေ သန်းငါးရာခန့် နှစ်စဉ် အသုံးပြုနေရသည်ဟု ခန့်မှန်းကြသည်။

သံချေး (rust) သည် လိမ္မော်နီရောင် အမှုန့်တစ်ခုဖြစ်ပြီး hydrated iron(III) oxide, Fe2O3.xH2O အဓိက ပါဝင်သည်။ သံချေးတက်ရန် ရေနှင့်အောက်စီဂျင် နှစ်မျိုးစလုံးကို လိုအပ်၍ ၎င်း   တို့အနက်မှ တစ်ခုခုမပါဝင်လျှင် သံချေးတက်ခြင်း မဖြစ်ပွားနိုင်ပါ။ ဆားများသည် သံချေးတက်ခြင်းကို အားပေးသည်။

Rust prevention ( သံချေးတက်ခြင်းအား ကာကွယ်ခြင်း )

*******************************

သံချေးတက်ခြင်းအား ကာကွယ်ရန် လေထဲမှအောက်စီဂျင်နှင့် ရေတို့ကို ထိတွေ့ခြင်းမှ ရပ်တန့်ပစ်ရန် လိုအပ်သည်။ ထိုသို့ပြုလုပ်ရန် နည်းလမ်းများစွာ ရှိပါသည်။

*  Painting ( ဆေးသုတ်ခြင်း )

သင်္ဘောများ၊ ကုန်တင်ကားများ၊ အိမ်စီးကားများ၊ တံတားများနှင့် သံ၊သံမဏိတို့ဖြင့် ပြုလုပ်ထားသော အဆောက်အအုံ များစွာတို့ကို သံကြေးတက်ခြင်းမှ ကာကွယ်ရန် ဆေးသုတ်ထားရသည်။ သို့သော် ဆေးသားများ စုတ်ပြဲ၍ ပေါက်သွားလျှင် ၎င်း   ၏ အောက်တွင်ရှိသော သံသည် စတင်၍သံချေးတက်လာမည် ဖြစ်သည်။ ထို့နောက် သံချေးစားခြင်းသည် ကောင်းနေသော ဆေးသားများ၏ အောက်သို့လည်း ပျံ့နှံ့သွားမည်။ ထို့ကြောင့် ဆေးသားကို အမြဲတမ်း အကောင်းပကတိအတိုင်းရှိနေအောင် ထိန်းသိမ်းရန်နှင့် ပုံမှန်စစ်ဆေးပေးရန် လိုအပ်သည်။

*   Oiling/greasing ( ဆီသုတ်ခြင်း/အမဲဆီသုတ်ခြင်း )

စက်ယန္တရားများ၏ သံနှင့်သံမဏိအစိတ်အပိုင်းများကို လေ (သို့) ရေနှင့် ထိတွေ့ခြင်းမှ ကာကွယ်ရန် ဆီဖြင့် သုတ်ထားလေ့ ရှိသည်။ ဤနည်းလမ်းသည် စက်ယန္တရားများ၏အစိတ်အပိုင်းများကို သံချေးတက်ခြင်းမှကာကွယ်ရန် အသုံးများသောနည်းလမ်းတစ်ခု ဖြစ်သည်။ သို့သော် ထိုအကာအကွယ်ပေးသောအလွှာကို အသစ်လဲလှယ်ပေးရန် လိုအပ်သည်။

*   Coating with plastic ( ပလတ်စတစ်ဖြင့် ဖုံးအုပ်ခြင်း )

ရေခဲသေတ္တာများ၊ ရေခဲစက်များနှင့် အခြား များစွာသောပစ္စည်းများ၏ အပြင်ပိုင်းကို PVC ကဲ့သို့သော ပလတ်စတစ်များဖြင့် ဖုံးအုပ်၍ သံချေးတက်ခြင်းမှ ကာကွယ်ကြသည်။

*   Plating ( သတ္တုရည် စိမ်ခြင်း )

သံ၊သံမဏိတို့ဖြင့် ပြုလုပ်ထားသော အစားအသောက်ထည့်စရာ ဘူး၊ခွက်များကို သံဖြူအလွှာပါးဖြင့် ဖုံးအုပ်ထားလေ့ရှိသည်။ အရည်ပျော်နေသော သံဖြူရည်ထဲသို့ နှစ်လိုက်ခြင်းဖြင့် သံမဏိပေါ်တွင် သံဖြူကို ကပ်တင်စေသည်။ ကားဘန်ပါ (bumper) အချို့နှင့် စက်ဘီးလက်ကိုင်များကို သံချေးတက်ခြင်းမှ ကာကွယ်ရန် (electroplated with chromium) ခရိုမီယမ်ရည် စိမ်လေ့ရှိသည်။ ခရိုမီယမ်သည် တောက်ပြောင်လှပသော မျက်နှာပြင်တစ်ခုကို ဖြစ်စေ၍ ၎င်း   ၏အောက်တွင်ရှိသော သံမဏိကိုလည်း သံချေးတက်ခြင်းမှ ကာကွယ်ပေးသည်။

*   Galvanising ( သွပ်ရည်စိမ်ခြင်း )

တံတားနှင့်အဆောက်အအုံများတည်ဆောက်ရာတွင် အသုံးပြုသော သံမဏိရက်မ (steel girder) များကို သွပ်ရည်စိမ်လေ့ရှိသည်။ ကျောက်မီးသွေးသိုလှောင်ခန်းများနှင့် သံမဏိဖြင့်ပြုလုပ်ထားသော အမှိုက်ပုံးများကိုလည်း သွပ်ရည်စိမ်ထားလေ့ရှိသည်။ အရည်ပျော်နေသောသွပ်ရည်ထဲသို့ အရာဝတ္တုကိုနှစ်၍ သွပ်ရည်စိမ်ရသည်။ သံမဏိကိုယ်ထည်များကို ဖုံးအုပ်ထားသည့် အလွန်ဓာတ်ပြုလွယ်သော သွပ်အလွှာပါးသည် တဖြည်းဖြည်းစားသွားပြီး သံထံသို့ အီလက်ထရွန်များ ဆုံးရှုံးကာ သံမဏိကို သံချေးတက်ခြင်းမှ ကာကွယ်ပေးသည်။ ဤဖြစ်စဉ်သည် ဖုံးအုပ် ထားသော သွပ်အလွှာများ တော်တော်များများ ပျက်စီးသွားသော်လည်း ဆက်လက်ဖြစ်ပွားနေပြီး သံကိုလည်း ဆက်လက်ကာကွယ်ပေးနေမည် ဖြစ်သည်။

*   Sacrificial protection ( အနစ်နာခံ၍ ကာကွယ်ခြင်း )

သင်္ဘောကိုယ်ထည်များနှင့် ရေနံတူးစင်များကို သွပ်ချောင်း (zinc bars) များဖြင့် တွယ်ကပ်ထားကြသည်။ Reactivity series တွင် သွပ်(zinc)၏ နေရာသည် သံ(iron)၏ အထက်တွင် ရှိသောကြောင့် သံ၏အစားဓာတ်ပြု၍ သံကို သံချေးတက်ခြင်းမှ ကာကွယ်ပေးသည်။ သွပ်နှင့်သံအဆောက်အအုံ ထိတွေ့နေသရွေ့ ထိုအဆောက်အအုံကို သံချေးတက်ခြင်းမှ ကာကွယ်ပေးသည်။ သွပ်ချောင်း ကုန်ဆုံးသွားသောအခါ အသစ်ပြန်တပ်ပေးရမည် ဖြစ်သည်။ သံ၊သံမဏိတို့ဖြင့် ပြုလုပ်ထားသော ဓာတ်ငွေ့ပိုက်နှင့် ရေပိုက်များကို အထက်ပါရလဒ်အတိုင်း ရရှိစေရန် magnesium တုံးများသို့ ဝိုင်ယာကြိုးနှင့် ဆက်သွယ်ထားလေ့ရှိသည်။

ဤဖြစ်စဉ်နှစ်ခုစလုံးတွင် ပိုမိုဓာတ်ပြုလွယ်သောသတ္တုသည် စားသွားကာ အီလက်ထရွန်ကို သံဆီသို့ဆုံးရှုံးပြီး သံချေးတက်ခြင်းမှ ကာကွယ်ပေးသည်။

Corrosion  ( စားခြင်း/ ပျက်စီးယိုယွင်းခြင်း )

***************************

သံချေးတက်ခြင်းသည် အတွေ့ရများသော ပျက်စီးယိုယွင်းခြင်းပုံစံတစ်မျိုး ဖြစ်သည်။ ပျက်စီးယိုယွင်းခြင်း ဆိုသည်မှာ သတ္တုနှင့် သတ္တုစပ်များကို အောက်စီဂျင်၊ရေ (သို့မဟုတ်) ၎င်း   တို့၏ အနီးပတ်ဝန်းကျင်ရှိ အခြားအရာဝတ္တု များက ဓာတ်သဘောအရ တိုက်ခိုက်ပျက်စီးစေသောအခါ ဖြစ်ပွားသော ဖြစ်စဉ်တစ်ခု ဖြစ်သည်။

Reactivity series တွင် ရှိသော သတ္တုများသည် ပမာဏအနည်းနှင့်အများဆိုသလို ပျက်စီးယိုယွင်းကြမည် ဖြစ်သည်။ ယေဘုယျအားဖြင့် reactivity series ၏ အမြင့်ပိုင်းတွင်ရှိလေလေ ပို၍မြန်မြန် ပျက်စီးယိုယွင်းလေလေ ဖြစ်သည်။ sodium နှင့် potassium တို့ကို ဆီအောက်တွင်သိမ်းမထားလျှင် အလွန်လျှင်မြန်စွာပျက်စီးယိုယွင်းကြမည် ဖြစ်သည်။ magnesium, calcium နှင့် aluminium တို့သည် လေထဲတွင်ရှိသောအောက်စီဂျင်နှင့် ဓာတ်ပြုကာ အောက်ဆိုဒ် (oxide) အလွှာပါးပါးကလေးတစ်ခုဖြင့် ဖုံးအုပ်နေလေ့ရှိသည်။ လတ်လတ်ဆတ်ဆတ် ထုတ်လုပ်ပြီးကာစ ကြေးနီ (copper) သည် ပန်းရောင် ဖြစ်သည်။ သို့သော် သတ္တုမျက်နှာပြင်ပေါ်တွင် copper(II) oxide ဖြစ်ပေါ်လာမှု ကြောင့် မကြာမီတွင် အညိုရောင်သို့ ပြောင်းလဲသွားသည်။

ပတ်ဝန်းကျင်နှင့်ထိတွေ့မှုပိုများသော ကြေးနီအမိုးနှင့် ပိုက်များသည် ကြေးညှိ (verdigris) များဖြင့် ဖုံးအုပ် လာသည်။ ကြေးညှိ (verdigris) သည် အစိမ်းရောင်ဖြစ်ပြီး ကြေးနီမှဖြစ်လာသောဆားများဖြင့် ဖွဲ့စည်းထားသည်။ ကြေးညှိ (verdigris) ၏ ပါဝင်ဖွဲ့စည်းပုံသည် ပတ်ဝန်းကျင်အခြေအနေအပေါ်မူတည်၍ ကွဲပြားမှုရှိသည်။ သို့သော်လည်း copper(II) carbonate နှင့် copper(II) hydroxide အရောအနှော CuCO3.Cu(OH)2  အမြဲတမ်းပါဝင်သည်။

ရွှေနှင့်ပလက်တီနမ်တို့သည် ဓာတ်ပြုနိုင်စွမ်း အလွန်နိမ့်သောကြောင့် နှစ်,ထောင်ပေါင်းများစွာကြာသည်အထိ မပျက်စီးမယိုယွင်းဘဲ ရှိနေနိုင်သည်။

သံချေးသည် လေနှင့်ရေတွင် စိမ့် ဝင်နိုင်သောကြောင့် သံချေးတက်သည့်အလွှာ၏အောက်ရှိ အတွင်းပိုင်းသတ္တုသံသည် ဆက်လက်တိုက်စားဆဲဖြစ်သည်။ ထို့ကြောင့် သံချေးတက်ခြင်းကို ကာကွယ်ရန် သံချေးတက်ခြင်းကို ဟန့်တားသော အပေါ်ယံအလွှာများ လိုအပ်ပါသည်။