[] သံဃာသည် ပြုအပ်သော-အမှုကံ။ (အပလောကနကံ, ဉတ္တိကံ, ဉတ္တိဒုတိယကံ, ဉတ္တိစတုတ္ထကံ ဟုဆိုအပ်သော သံဃာ့ကံ ၄-မျိုး။ []

သံဃာ့ကံ ၄-မျိုး

ပြင်ဆင်ရန်

(သံဃာ့ကံသည်-(၁) အပလောကနကံ, (၂) ဉတ္တိကံ, (၃) ဉတ္တိဒုတိယကံ, (၄) ဉတ္တိ-စတုတ္ထကံအားဖြင့် လေးပါးအပြား ရှိသည်၊

ထိုတွင် အပလောကနကံဟူသည်-သီမဋ္ဌကသံဃာကို သုတ်သင်ပြီး ဆန္ဒထိုက်သော ရဟန်းတို့၏ ဆန္ဒကို ဆောင်၍ သမဂ္ဂသံဃာ့ အလိုအားဖြင့် သုံးကြိမ်ကြားစေ (ပြောကြား)၍ ပြုအပ်သောကံတည်း။

ဉတ္တိကံဟူသည်— သီမဋ္ဌကသံဃာကိုသုတ်သင်ပြီး ဆန္ဒထိုက်သော ရဟန်းတို့၏ ဆန္ဒကိုဆောင်ကာ သမဂ္ဂသံဃာ့ အလိုအားဖြင့် ဉတ်တစ်ကြိမ်ဖြင့် ပြုအပ်သောကံတည်း။

ဉတ္တိဒုတိယကံဟူသည်-သီမဋ္ဌက သံဃာကို သုတ်သင်ပြီး ဆန္ဒထိုက်သော ရဟန်းတို့၏ ဆန္ဒကို ဆောင်ကာ သမဂ္ဂသံဃာ့အလိုအားဖြင့် ဉတ်တစ်ကြိမ်, ကမ္မဝါစာတစ်ကြိမ်အားဖြင့် ဉတ်လျှင် နှစ်ကြိမ် မြောက်ရှိသော ကမ္မဝါစာဖြင့် ပြုအပ်သောကံတည်း။

ဉတ္တိစတုတ္ထကံဟူသည်— သီမဋ္ဌက သံဃာကိုသုတ်သင်ပြီး ဆန္ဒထိုက်သောရဟန်းတို့၏ ဆန္ဒကိုဆောင်ကာ သမဂ္ဂသံဃာ့အလိုအားဖြင့် ဉတ်တစ်ကြိမ်, ကမ္မဝါစာ သုံးကြိမ်အားဖြင့် ဉတ်လျှင် လေးကြိမ်မြောက်ရှိသော ကမ္မဝါစာဖြင့် ပြုအပ်သောကံတည်း။

ထိုတွင် အပလောကနကံကို ပန်ကြား၍သာ ပြုအပ်သည်၊ ဉတ္တိကံစသည်တို့၏အစွမ်းအားဖြင့်မပြုအပ်။ ဉတ္တိကံကိုလည်း ဉတ် တစ်ကြိမ် ထား၍သာလျှင် ပြုအပ်သည်၊ အပလောကနကံ စသည်တို့၏ အစွမ်းအားဖြင့် မပြုအပ်။

ဉတ္တိဒုတိယကံသည်ကား ပန်ကြား၍ပြုအပ်သော ဉတ္တိဒုတိယကံလည်းရှိ၍ ပန်ကြား၍မပြုအပ်သော ဉတ္တိဒုတိယကံလည်း ရှိသည်။ ထိုတွင် သီမာသမ္မုတိကံ, သီမာသမူဟနနကံ, ကထိနဒါနကံ, ကထိနုဗ္ဘာရကံ, ကုဋိဝတ္ထုဒေသနာကံ, ဝိဟာရဝတ္ထုဒေသနာကံအားဖြင့် ဤခြောက်ပါးသော ကံတို့ကို ဂရုကကံများ ဖြစ်သည့်အတွက် ပန်ကြား၍ မပြုအပ်ကုန်၊ ဉတ္တိဒုတိယကမ္မဝါစာကိုကြား စေ (ဖတ်)၍သာလျှင် ပြုအပ်ကုန်သည်။

ကြွင်းသော တစ်ဆယ့်သုံးပါးသော သမ္မုတိကံ သေနာသနဂ္ဂါဟကသမ္မုတိကံ, မတကစီဝရဒါနာဒိသမ္မုတိကံတို့ကို လဟုကကံများ ဖြစ်သည့်အတွက် ပန်ကြား၍သော်လည်း ပြုအပ် ကုန်သည်၊ ဉတ္တိဒုတိယကမ္မဝါစာကို ကြားစေ (ဖတ်)၍သော်လည်း ပြုအပ်ကုန်သည်။ ဉတ္တိကံ, ဉတ္တိစတုတ္ထကံတို့၏ အစွမ်းအားဖြင့်ကား မပြုအပ်သည်သာ။

ဧကစ္စေဆရာတို့သည် “ဉတ္တိစတုတ္ထကံ၏ အစွမ်းအားဖြင့် ပြုအပ်သည်ရှိသော် ဉတ္တိ ဒုတိယကံသည် ဒဠှတရဖြစ်၍ ဉတ္တိဒုတိယကံကို ဉတ္တိစတုတ္ထကံ၏အစွမ်းအားဖြင့် ပြုအပ်သည်ဟုဆိုကြသည်။ ဤသို့ ပြုအပ်သည် ရှိသော် ကမ္မသင်္ကရ ဖြစ်သောကြောင့် မပြု အပ်” ဟု ပယ်အပ်သည်သာလျှင်တည်း၊ အကယ်၍ အက္ခရာယုတ်လျော့ခြင်း, ပုဒ်ယုတ်လျော့ခြင်း ရှိသော်လည်းကောင်း၊ မကောင်းသဖြင့် ရွတ်အပ်သော ပုဒ်ရှိသော်လည်းကောင်း ထိုအက္ခရာယုတ်လျော့မှု, ပုဒ်ယုတ် လျော့မှု, မကောင်းသဖြင့် ရွတ်ဆိုအပ်သော ပုဒ်တို့ကိုသုတ်သင်ခြင်းငှာ အဖန် တလဲလဲ (ဝါ) ထပ်ကာထပ်ကာ ရွတ်ဖတ်ကောင်းပေသည်။ ဤထပ်ကာထပ်ကာ ရွတ်ဖတ်ခြင်းဖြင့် မပျက်သောကံသည် ဒဠှီကမ္မဖြစ်၍ပျက်သော ကံ၌ ကံဖြစ်၍တည်သည်။ ဉတ္တိစတုတ္ထကံကို ဉတ်တစ်ကြိမ်, ကမ္မဝါစာသုံးကြိမ် ကြားစေ (ဖတ်)၍သာလျှင် ပြုအပ်သည်၊ အပလောကနကံ စသည်တို့၏ အစွမ်းဖြင့် မပြုအပ်။ [] (သံဃာ့ကံနှင့်ပတ်သက်၍ သိမှတ်ဖွယ်ကို []ကြည့်။) []

  1. သံဃကမ္မ (န) [သံဃ+ကမ္မ] သံဃာ့ကံ၊
  2. ဝိ၊၅၊၃၈၀။ ဝိ၊ဋ္ဌ၊၃၊၁၄၅။ ဝိ၊ဋ္ဌ၊၄၊၂၄၃။ ကင်္ခါ၊၈၅၊ ၁၀၉)။ ပဝါရဏာ ဝါ သံဃကမ္မံ ဝါ။ ဝိ၊၁၊၂၅၀၊ ၂၅၈။ သံဃကမ္မံ ကရိဿာမိ။ ဝိ၊၄၊၃၆၀။ သံဃကမ္မာနိ န ပဝတ္တန္တိ။ ဝိ၊ဋ္ဌ၊၁၊၁၈၉။ (ဝိ၊ဋ္ဌ၊၁၊၄၀၊ ၂၂၅။ ဝိ၊ဋ္ဌ၊၃၊၁၄၅။ ဝိ၊ဋ္ဌ၊၄၊၈၂)။
  3. (ဝိ၊၄၊၂၁၂။ ဝိ၊၅၊၃၈၀၊ ၃၈၂။ ဝိ၊ဋ္ဌ၊၄၊၃၉၊ ၄၀၊ ၂၄၃-၄)။
  4. ဝိ၊၅၊၃၈၀-၁၊ ၃၈၄။ ဝိ၊ဋ္ဌ၊၄၊၂၄၄-၉။ ၂၅၀-၆။ ကင်္ခါ၊၈၅-၆-
  5. တိပိဋကအဘိဓာန် အတွဲ-၁၀