သံပရာသီးချဉ်သည် သံပရာသီးကို အချဉ်ဖောက်ထားခြင်း ဖြစ်ပြီး၊ ထမင်းနှင့် တွဲစားနိုင်သော အပြုလုပ်များသည့် မြန်မာ့ ရိုးရာစားစရာ ဖြစ်သည်။ ရှေးမြန်မာ့ရိုးရာ သံပရာသီးချဉ် တည်နည်းကို ရှေးမြန်မာဘုရင်အဆက်ဆက်တို့ အသုံးတော်ခံ စားတော်ဆက် စဖိုသည်တို့ ပြုစီမံခဲ့သည့် အရသာဖော်နည်း နိဿယည်း ခေါ် စားတော်ချက်ကျမ်းတွင် တွေ့ရသည်။

lemon
သံပရာသီး

အချဉ်တည်နည်း

ပြင်ဆင်ရန်

သံပရာသီး အနုအနွမ်းတို့ကို မပါရှိစေဘဲ၊ ရင့်ရင့် ရွမ်းပြင်း အမှည့် ဆွတ်စ လတ်လတ်ဆတ်ဆတ်ကို ပြာထည့်၍ အစပ်ရည် ကုန်သွားအောင် ၄ရက် ရေလဲ၍ စိမ်ရမည်။ ရက်စေ့သည် ရှိသော်၊ သမ္ဘရာသီးကို ရေစင်စင် ဆေးကြောသုတ်သင်၍ နေမှာ တနေ့ ကြာအောင် လှန်းရသည်။ ခန့်ခန့်ထပ်ထပ် ရှိလျှင်၊ ဆားရည်နှင့် နှစ်ရက် သုံးရက် ထပ်မံ၍ စိမ်လေ၊ သုံးရက်စေ့ပြန်လျှင် နေပူ တခါ ထပ်လှန်း၊ ခန့်ခန့်ထပ်ထပ် ရှိလျှင် လေးစိတ်ခွဲ၊ ဆားကိုသာ ငန်ကျိနေအောင် သွတ်၍ နေမှ တနေ့ လှန်းပြီးလျှင် ငါးမြင်းရဉ်းငါးပိ, ငါးပတ်ငါးပိအသားကောင်း, ကြက်သွန်ဖြူ, ငရုတ်ကောင်း ကျိုချက်၍ ဆီကို ကျက်နေအောင် ချက်၊ ဆီကျက်အေးနှင့် ဖျော်၊ ဤအရည်ဖြင့် သံပရာသီးလေးစိတ်ခွဲထဲကို စိမ့်ဝင်သွားအောင် နယ်ဖတ်၍ သန့်ပြန့်သော အိုးတွင် ကြပ်ကြပ်သိပ်ရမည်။ အပေါ်ကို ဖက်လုံစွာပိတ်၊ ကုပ်ကြပ်ကြပ်နှိပ်၊ တစ်နှစ်, နှစ်နှစ် ခံ၏။ ချက်ဖယောင်းကဲ့သို့ နူးနပ်ကာ၊ အရသာလည်း လေးလေးပင်ပင်ရှိ၍ ကောင်းလှသည်။ []

  1. (ပေမှ ကူးယူပုံနှိပ်ခြင်း) (၁၉၆၅ ခုနှစ်)။ စားတော်ချက်ကျမ်း။ ဟံသာဝတီပုံနှိပ်တိုက်။ p. ၃။ Unknown parameter |month= ignored (အကူအညီ); |year= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)