သံမနိုင်ကျောက်မနိုင်

အပင်မျိုးစိတ်
Alysicarpus vaginalis

လုံခြုံမှုရှိ (NatureServe)
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Plantae
Clade: Angiosperms
Clade: Eudicots
Clade: Rosids
မျိုးစဉ်: Fabales
မျိုးရင်း: Fabaceae
မျိုးဇာတ်: Desmodieae
မျိုးစု: Alysicarpus
မျိုးစိတ်:
A. vaginalis
ဒွိနာမ
Alysicarpus vaginalis
Synonyms

Alysicarpus nummularifolius
Alysicarpus rupicola
Hedysarum cylindricum
Hedysarum vaginale

ပုံသဏ္ဌာန် : အပင် - တစ်နှစ်ခံ ပင်ပျော့ပင်ငယ် မျိုး ဖြစ်သည် ။ ၁ ပေမှ ၃ ပေအထိ မြေတွင်လျှောက်၍ ပေါက်သည်။ ပင်စည် သေးသွယ်ပြီး တခါတရံ ထောင်မတ်၍ နေသည်။ အရွက် - -- ရွက်လွှဲ ထွက်သည်။ ဘဲဥပုံ သဏ္ဌာန် ရှိသည်။ ရွက်ထိပ် ဝိုင်းသည်။ ရွက်ညှာရင်းတွင် သေးငယ်သော ရွက်စွယ် ရှိ၏ ။ ရွက်ကြောများ ထင်ရှား၏ ။ ရွက်ပြား ချော၍ ရွက်နား ညီပြီး ရွက်ညှာရှည်သည်။ အပွင့် - ရိုးတံ၏ အဆစ်များတွင် နီဝါရောင်အပွင့်များ အဆုပ်လိုက် ပွင့်၏ ။ တပို့တွဲလ၌ ပွင့်၏။ အသီး - သီးတောင့်ရှည် ဖြစ်ပြီး ပြားနေသည်။ ကဆုန်၊ နယုန် တွင် သီးသည်။ အသုံးပြုနိုင်သည့် အစိတ်အပိုင်းများ : အရွက်၊ ပဉ္စငါးပါး။ မြန်မာနိုင်ငံတွင် တွေ့နိုင်သောနေရာများ : မြန်မာနိုင်ငံ အနှံ့အပြားတွင် အထူးသဖြင့် ပူအိုက်သောဒေသများတွင် ပေါက်ရောက်သည်။ ပေါက်ရောက်ပုံ သဘာ၀အလျောက် ပေါက်ရောက်သည်။ အသုံးဝင်ပုံ : အာနိသင် - မြန်မာဆေးကျမ်းများ အလိုအရ သံမနိုင် ကျောက်မနိုင်သည် ချုပ်သော သတ္တိရှိ၏ ။ ဖောရောင်ခြင်းကို ကျစေ၏ ၊ ထိုင်းမှိုင်း စေ၏ ၊ ဝမ်းသွားခြင်း ၊ သွေးဝမ်းသွားခြင်း ၊ ဆီးချုပ် ၊ ကျောက်တည် ရောဂါများကို ပျောက်ကင်းစေ ၍ အနာများကို ပြည်ပေါက်စေသည်။

အသုံးပြုပုံ- အရွက်ယ အရွက် ၁ ။ အရွက်ကို အရည်ညှစ်၍ နို့နှင့် ရောသောက်ပါက ကလေးသူငယ်များ ဝမ်းဗိုက် အောင့်ခြင်းကို သက်သာစေ၏ ။ ၂ ။ အရွက်ခြောက်များကို ရေစိမ်၍ သောက်ပါက ဝမ်းသွားခြင်း ၊ သွေးဆင်းခြင်း၊ မီးယပ်ဖြူ ဆင်းခြင်း စသည်တို့ကို ပျောက်ကင်းစေ၏ ။ ပဉ္စငါးပါး ၁ ။ ပဉ္စငါးပါးကို အရည်ညှစ်ပြီး ကျိုချက်၍ လည်းကောင်း၊ အခြောက်ကို လက်ဖက်ရည်ကဲ့သို့ ပြုလုပ်၍ လည်းကောင်း သောက်လျှင် ဆီးချုပ်၊ ဆီးပူ ၊ ကျောက်တည် ရောဂါများ ပျောက်ကင်းစေ၏ ။ ၂ ။ ပဉ္စငါးပါး အစိုကို ထမင်းနှင့် ဆတူ ရော၍ ကြိတ်ပြီး နံနက် ည နှစ်ကြိမ် အုံပေးပါ က နို့နာများ ပြည်ပေါက်ပြီး ပျောက်ကင်း ၏။ [၁]

ကိုးကား ပြင်ဆင်ရန်