သံလွင်တံတား (ဘားအံ)
ဤ ဆောင်းပါးသည် စိစစ်အတည်ပြုနိုင်ရန်အတွက် နောက်ထပ်ကိုးကားချက်များ လိုအပ်နေသည်။ |
သံလွင်တံတား(ဘားအံ) သည် မြန်မာနိုင်ငံရှိ တံတားများအနက် တံတားတစ်စင်းဖြစ်သည်။ သံလွင်တံတား (ဘားအံ) သည် ဘားအံမြို့နှင့် မြိုင်ကလေးရွာကို ဆက်သွယ်ပေးထားသည်။ တံတားသည် နှစ်လမ်းသွားကားလမ်းနှင့် လူသွားလမ်းတို့ ပါဝင်သည်။ တံတားအား ပို့ဆောင်ရေး ဝန်ကြီးဌာနမှ တာဝန်ယူ ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။ ၁၉၉၄ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ၁၉၉၇ ခုနှစ် ဩဂုတ်လ ၃ ရက်နေ့တွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက လာရောက်ဖွင့်လှစ်ခဲ့သည်။[၁]
သံလွင်တံတား (ဘားအံ) | |
---|---|
ဘားအံမြို့မှ တွေ့ရသော သံလွင်တံတား(ဘားအံ) | |
ကိုဩဒိနိတ် | 16°50′31″N 97°36′38.1″E / 16.84194°N 97.610583°E |
သယ်ဆောင်မှု | နှစ်ဖက်လူသွားလမ်း၊ နှစ်လမ်းသွားယာဉ်ကြော |
ဖြတ်သန်းမှု | သံလွင်မြစ် |
တည်နေရာ | ဘားအံမြို့၊ ကရင်ပြည်နယ် |
ပြုပြင်ထိန်းသိမ်းသူ | ပို့ဆောင်ရေး ဝန်ကြီးဌာန |
အချက်အလက်များ | |
တံတားဒီဇိုင်း | သံမဏိယက်မတံတား |
စုစုပေါင်းအရှည် | ၂၂၅၂ ပေ |
သမိုင်းကြောင်း | |
စတင်ဆောက်လုပ်ချိန် | ၁၉၉၄ |
ဖွင့်လှစ်သည့်နေ့ | ၃ ဩဂုတ် ၁၉၉၇ |
ကိုးကား
ပြင်ဆင်ရန်- ↑ စောညွန့်သောင်း (၁၄ ဇွန် ၂၀၁၃)။ အပစ်ရပ်ပြီးသော်လည်း ဘားအံ သံလွင်တံတားဖြတ်ကျော်ခွင့် အချိန်ကန့်သတ်မှု ရှိနေဆဲ။ ၂၆ ဇန်နဝါရီ ၂၀၁၈ တွင် ပြန်စစ်ပြီး။
ဤ မြန်မာနိုင်ငံရှိ တံတားများနှင့် ပတ်သက်သော ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |