ဟမ်းဘာဂါ မော်ဂင်ပို့စ် (အင်္ဂလိပ်: Hamburger Morgenpost; ဟမ်းဘာ့ နံနက်သတင်းစာ၊ မိုပိုဟုလည်း သိ)သည် ဟမ်းဘာ့၌ ဂျာနယ်ပုံစံ ထုတ်ဝေသော ‌ဂျာမန်နေ့စဉ် သတင်းစာ တစောင် ဖြစ်သည်။

Hamburger Morgenpost
Hamburger Morgenpost am Sonntag

အမျိုးအစားနေ့စဉ်သတင်းစာ (Sunday own title)
ပုံစံအချိုးအစားTabloid
ပိုင်ဆိုင်သူM. DuMont Schauberg
အယ်ဒီတာချုပ်Frank Niggemeier
တည်ထောင်ခြင်းဟမ်းဗတ် ၁၉၄၉ (၁၉၄၉)
ဘာသာစကားဂျာမန်
ဌာနချုပ်များဟမ်းဘတ်
စောင်ရေ၁၁၅၈၄၅ (၂၀၀၉၊ ပထမလေးလပတ်)
OCLC နံပါတ်85349630
ဝက်ဘ်ဆိုဒ်mopo.de

၂၀၀၆ အထိ ဘီဒ် ဇေ‌တန်း ပြီးလျှင် ဒုတိယ အကြီးမားဆုံး သတင်းစာ ဖြစ်သည်။[၁]

သမိုင်းနှင့် အကျဉ်း ပြင်ဆင်ရန်

 
Building of the publishing company in Bahrenfeld in 2005

ဟမ်းဘာဂါ မော်ဂင်ပို့စ်ကို ၁၉၄၉ ခုတွင် ဆိုရှယ်ဒီမိုကရက်တစ် ပါတီ(SPD)၏ ဟမ်းဘတ် ရုံးခွဲမှ စောင်ရေ ၆၀၀၀ ဖြင့် စတင်တည်ထောင် ထုတ်ဝေသည်။ ၁၉၅၀ ပြည့်လွန်နှစ် မတိုင်ခင်၊ စောင်ရေ လေးသိန်းခွဲထိ တိုးလာသည်။ အက်ဆဲ စပရင်းဂါ ထုတ်ဝေတိုက်က ဘီဒ် ဇေတန်းကို ဟမ်းဘတ်မြို့အတွက် ဒုတိယ ဂျာနယ်ဆိုဒ် သတင်းစာ အဖြစ် ထုတ်ဝေ လိုက်သည့်အခါတွင်၊ မိုပို၏ စောင်ရေ မှန်မှန်ကြီး ကျဆင်းလာသည်။ နဂိုကတည်းကပင် ၁၉၄၈ ခုတွင် ပြန်တည်ထောင်သော ဟမ်းဘာဂါ အဘင်းဘလတ် ကဲ့သို့သော အခြား သတင်းစာများနှင့် ယှဉ်ပြိုင်နေရသည့် အတွက်၊ ဟမ်းဘတ်မြို့တွင် နိုင်ငံရေးပါတီ ပိုင် သတင်းစာကို လူ စိတ်ဝင်စားမှု လျော့ကျခဲ့သည်။ ၁၉၇၀ ပြည့်လွန် အလယ်လောက်‌၌ အက်စ်ပီဒီသည် ဘဏ္ဍာရေး ပြဿနာများကြောင့် သတင်းစာကို ရောင်းလိုက်သည်။ တစ်ယောက်လက် တစ်ယောက် ပြောင်းခဲ့ပြီးနောက်၊ ၁၉၈၆ တွင် ဂရူနာ နှင့် ဂျားရ် ထုတ်ဝေရေးတိုက်က သတင်းစာတိုက်ကို ဝယ်သည်။ ၁၉၈၉ တွင် စောင်ရေ ၁၃၅၀၀၀ ထိ ကျသွားသည်။ ၁၉၉၉ တွင်၊ ဂရူနာ နှင့် ဂျားရ်သည် ဖရန့် အော့တိုနှင့် ဟန်းစ် ဘားလစ်ဆီ သတင်းစာတိုက်ကို ရောင်းလိုက်ပြန်သည်။ ၂၀၀၆ ၌ ဒေးဗစ် မွန့်ဂိုမရီ၏ မဲကွန်းအုပ်စုနှင့် ဗရိုနစ် ဆူလား စတီဗင်ဆင် အင်တာနေရှင်နယ်တို့၏ ကုမ္ပဏီ တခု ဖြစ်သော ဘီဗွီ ဒယူရှေး ဇေတန်းဟိုးဒင်းက သတင်းစာတိုက်ကို ဝယ်သည်။[၂] ၂၀၀၉ ၌၊ ၎င်းကို မဲကွန်းအုပ်စုက ကလွန်း အခြေစိုက် ပရိုက်ဗိတ် ထုတ်ဝေရေး ကုမ္ပဏီ ဒူးမွန့် ရှာဘတ်သို့ ရောင်းပြန်သည်။ [၃][၄]

ဟမ်းဘာဂါ မော်ဂင်ပို့စ်၏ ၂၀၀၉ ပထမလေးလပတ် စောင်ရေမှာ ၁၁၅၈၄၅ စောင် ဖြစ်သည်။[၅]

၂၀၁၅ မီးလောင်ဗုံးခွဲခြင်း ပြင်ဆင်ရန်

၂၀၁၅ ဇန်နဝါရီ ၇ ၌ လူ ၁၂ ဦး သေဆုံးသော ချာလီ ဟက်ဘဒူ အကြမ်းဖက် တိုက်ခိုက်မှုကို တုံ့ပြန်သော အားဖြင့်၊ နယ်စည်းမခြား သတင်းထောက်များ ကဲ့သို့သော နိုင်ငံတကာ အဖွဲ့အစည်း တချို့က လွတ်လပ်စွာ ပြောဆိုမှုကို ကာကွယ်သည့် အနေနှင့် ပြင်သစ်သရော်စာမဂ္ဂဇင်း အပြိုင် ချာလီ ဟက်ဘဒူ သရော်စာမဂ္ဂဇင်း၏ ကာတွန်းများကို စိတ်တူညီတူ ပြန်လည်ထုတ်ဝေရန် နှိုးဆော်ခဲ့သည်။ ဟမ်းဘာဂါ မော်ဂင်ပို့စ်သည် ချာလီဟက်ဘဒူကာတွန်းများကို ဇန်နဝါရီ ၈ တွင် ရှေ့ဖုံးတင်ခဲ့ပြီး၊ ဂျာမနီထုတ် ဘာလင်နာ ကူရီယာ နှင့် ပိုလန်ထုတ် ဂဇေတ ဝိုင်ဘောဆာ တို့ကလည်း တိုက်ခိုက်မှုအပြီး နောက်တရက်တွင် ချာလီဟက်ဘဒူ ကာတွန်းများကို ပြန်လည်ဖော်ပြခဲ့သည်။[၆] ဂျာမန်ထုတ်ကမူ သွေးဖြင့် ရေချိုးနေသော မိုဟာမက်က ချာလီဟက်ဘဒူကို ဖတ်နေပုံ သရုပ်ဖော် ရေးဆွဲထားသည်။[၇] အနည်းဆုံး ဒိန်းမတ် သတင်းစာ သုံးစောင်က မိုဟာမက် ပူဆွေးဝမ်းနည်းနေသည့် ပုံကို အသုံးပြု ဖော်ပြခဲ့သည်။ 

မော်ဂင်ပို့စ်သတင်းစာသည် ဇန်နဝါရီ ၁၁ တွင်၊ အသေခံ မီးရှို့သမား တယောက်က တိုက်ခိုက်ခြင်းကို ခံရပြီး၊[၈] ကာတွန်းများ ဖော်ပြခြင်းနှင့် ဆက်စပ်သည်ဟု ယူဆရသည်။ [၉] [၁၀]

ကိုးကား ပြင်ဆင်ရန်

  1. Jason Deans (27 January 2006)။ Hamburger Morgenpost deal confirmedThe Guardian။ 30 August 2009 တွင် ပြန်စစ်ပြီး။
  2. Ein Brite auf Einkaufstour (in German)။ Stern (27 January 2006)။ 30 August 2009 တွင် ပြန်စစ်ပြီး။
  3. Mecom sells German unit for 152 mln eurosThomson Reuters (13 January 2009)။ 30 August 2009 တွင် ပြန်စစ်ပြီး။[လင့်ခ်သေ][လင့်ခ်သေ]
  4. joiz Global Announces First German Licensing Agreement With Leading Media Company M. Dumont Schauberg (Press release)။ joiz Global (22 January 2015)။ 27 January 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 28 April 2015 တွင် ပြန်စစ်ပြီး။
  5. (Quarter 2, 2009) IVW website Archived 6 June 2017 at the Wayback Machine. (German)
  6. "Hamburger Morgenpost firebomb: Arson attack on German newspaper that printed Charlie Hebdo cartoons"၊ The Independent၊ 11 January 2015။ 11 January 2015 တွင် ပြန်စစ်ပြီး 
  7. "European Newspapers Show Support for Charlie Hebdo"၊ Wall Street Journal၊ 8 January 2015။ 15 January 2015 တွင် ပြန်စစ်ပြီး 
  8. Hamburger Morgenpost။ Brandanschlag auf die MOPO: Bürgermeister Scholz: "Angriff auf die Demokratie"။ 11 April 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 11 January 2015 တွင် ပြန်စစ်ပြီး။
  9. Kirsten Grieshaber (11 Jan 2015)။ Arsonists attack German paper that published French cartoons။ Associated Press။ 11 January 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 28 May 2017 တွင် ပြန်စစ်ပြီး။
  10. Arson attack on Hamburg newspaper that printed Charlie Hebdo cartoons။ Reuters (11 Jan 2015)။ 24 September 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 28 May 2017 တွင် ပြန်စစ်ပြီး။

ပြင်ပလင့်ခ်များ ပြင်ဆင်ရန်