ဟယ်လီနာ ရူဘင်စတိန်း
ဟယ်လီနာ ရူဘင်စတိန်း (ချာဂျာ ရူဘင်စတိန်း ၂၅ ဒီဇင်ဘာ ၁၈၇၂[၂] – ၁ ဧပြီ ၁၉၆၅) သည် ပိုလန် အမေရိကန်လူမျိုး စီးပွာရေးလုပ်ငန်းရှင်၊ အနုပညာ စုဆောင်းသူနှင့် ပရဟိတသမား တဦး ဖြစ်သည်။ အလှကုန် လုပ်ငန်းရှင် တဦး ဖြစ်သော သူသည် သူ့ကို ကမ္ဘာ့အချမ်းသာဆုံး အမျိုးသမီးများအနက် တဦး ဖြစ်လာစေသည့် ဟယ်လီနာ ရူဘင်စတိန်း အင်ကော်ပိုရိတ် အလှကုန်ကုမ္ပဏီ၏ တည်ထောင်သူနှင့် ပြယုဂ် ဖြစ်သည်။[၃]
Helena Rubinstein | |
---|---|
မွေးဖွား | Chaja Rubinstein ဒီဇင်ဘာ ၂၅၊ ၁၈၇၂ Kraków, Poland |
ကွယ်လွန် | ဧပြီ ၁၊ ၁၉၆၅ Manhattan, New York City, US | (အသက် ၉၂)
နိုင်ငံလူမျိုး | Polish[၁] |
အခြား အမည်များ | Princess Gourielli, Madame Helena Rubinstein, Chaja Rubinstein |
အလုပ်အကိုင် | အမျိုးသမီးလုပ်ငန်းရှင်၊ ပရဟိတသမား၊ အနုပညာစုဆောင်းသူ၊ အလှကုန်ကျွမ်းကျင်သူ |
ကျော်ကြားမှုအရင်းခံ | Founder and eponym of Helena Rubinstein Incorporated cosmetics company |
ငယ်ဘဝ
ပြင်ဆင်ရန်၁၈ ရာစု နှောင်းပိုင်းတွင် ပိုလန်ကို ပိုင်းခြားလိုက်သည့်အတွက် ဩစတြီးယား-ဟန်ဂေရီ လက်အောက်ခံ ဖြစ်လာသည့် ပိုလန်ငယ်ရှိ ကရာကိုးမြို့တွင် ဆိုင်ရှင်ဖြစ်သူ ပိုလန်နှင့် ဂျူးသွေးနှော စုံတွဲမှ မွေးဖွားလာသော သမီး ရှစ်ယောက်၌ ဟယ်လီနာ ရူဘင်စတိန်း(Helena Rubinstein)သည် အကြီးဆုံး ဖြစ်သည်။ အတ္တဘဝအမှန်ဝါဒ တွေးခေါ်ပညာရှင် မာတင် ဘူဘားသည် သူ့ဝမ်းကွဲ ဖြစ်သည်။ သူသည် ရုသ် ရပ္ပာပို့၏ အမေနှင့်လည်း ဝမ်းကွဲတော်သည်။[၄]
ဩစတြေးလျသို့ ပြောင်းခြင်း
ပြင်ဆင်ရန်အရပ် ၄ ပေ ၁၀ လက်မ(၁၄၇ စင်တီ)ဖြင့် သိသာစွာ ပုသော ရူဘင်စတိန်းသည် အင်္ဂလိပ်စကား နည်းနည်းသာ တတ်၊ ခြူး တပြားမှ မရှိဘဲ၊ ၁၉၀၂ တွင် ပိုလန်မှ ဩစတြေးလျသို့ ပြောင်းလာသည်။ သို့သော်လည်း သူ၏ စတိုင်ကျသော အဝတ်အစားများနှင့် နို့နှစ်ရောင် အသားအရေများကြောင့် မြို့နေ အမျိုးသမီးထုကြား သတိမထားဘဲ မနေနိုင်လောက်အောင် ဖြစ်ကာ၊ သူမ လက်ဆွဲအိတ်ထဲရှိ အလှကုန် ခရင်မ်ဘူးများကို ဝယ်ယူရန် ဆန္ဒရှိသူများကို မကြာမီ တွေ့သည်။ သူ့ကိုယ်ပိုင် ဈေးကွက် စတင်နိုင်မည့် နေရာကို တွေ့သည်။ ရူဘင်စတိန်းအဖို့ ကံကောင်းသည်ကား ခရင်လုပ်ရန် အဓိကကျသော ပါဝင်ပစ္စည်း လာနိုလင်(lanolin)က လက်ထဲ အဆင်သင့် ရှိနေခြင်း ဖြစ်သည်။
အနောက်ဗစ်တိုးရီးယား ဒေသရှိ သူ့ဦးလေးနေသော ကိုလာရိမ်းသည် ထူးဆန်းသော နေရာ ဖြစ်ကောင်းဖြစ်နိုင်သော်လည်း ဓာတုဗေနည်းအရ လာနိုလင်ဟု သိကြသော သိုးဆီ သို့ သိုးဖယောင်း(sheep wax)ကို အမြောက်အမြား စစ်ထုတ်ပေးနိုင်သည့် သိုး ၇ သန်းခွဲ နေထိုင်ရာ ဖြစ်သည်။ ဤသိုးများသည် နိုင်ငံဓန ဖြစ်ပြီး၊ တိုင်းပြည်၏ အကောင်းမွန်ဆုံး သိုးမွေးများ ထုတ်ပေးသော အနောက်ပိုင်းခရိုင်၏ ကျယ်ပြန့်လှသော မာရီးနို(သိုးတမျိုး) သိုးအုပ် ဖြစ်သည်။ လာနိုလင်၏ အနံ့ပြင်းပြင်းကို စိတ်ပျက်သော ရူဘင်စတိန်းသည် လာဗင်ဒါ၊ ထင်းရှုးခေါက်နှင့် ရေကြာပန်းငယ်တို့ဖြင့် စမ်းသပ်သည်။
ဦးလေးနှင့် ကျွတ်ထားသော ရူဘင်စတိန်းသည် မဲလ်ဘုန်းရှိ ဆောင်းဥယျာဉ် လက်ဖက်ရည်ခန်းတွင် စားပွဲထိုးမ လုပ်သည်။ ကာပေသီယံ တောင်တန်းများမှ လာသော ဆေးဖက်ဝင်အပင်များ ပါမည့် သူ၏ ခရဲမီ ဗာလေ့ကို ထုတ်ပေးရန် ဆန္ဒရှိသူ တဦးနှင့် တွေ့သည်။ ဆယ်ပင့်စ် ကုန်ပြီး၊ ရှစ်ရှီလင်နှင့် ရောင်းသော ထိုအရာသည် စင်များကို ဖြတ်ပြီး၊ ချက်ချင်းဆိုသလို အိုးများထဲတွင် ထည့် ထုပ်ပိုးနိုင်ခဲ့သည်။ ဖောက်သည်များကို ဟယ်လီနာဟုသာ အသိပေးထားသော ရူဘင်စတိန်းသည် မကြာမီ ဖက်ရှင်ကျသော ကောလင်းလမ်းထဲတွင် အလှပြင်ဆိုင် တဆိုင် ဖွင့်နိုင်ခဲ့ပြီး၊ အသားအရေကို အကဲဖြတ်ပြီး လိုအပ်သော လိမ်းကျံမှုကို ပြုလုပ်ပေးကာ သိပ္ပံနည်းကျ ညှို့ငင်မှုကို ရောင်းလေသည်။
နောက်တဆိုင်မှာ ဆစ်ဒနီ ဖြစ်ပြီး၊ ငါးနှစ်အတွင်း ဩစတြေးလျတွင် လုပ်ကိုင်မှုက လန်ဒန်တွင် ဆလွန်းဒီဗျူး ဗာလေ့ တဆိုင်ထပ်ဖွင့်နိုင်လောက်အောင် မြတ်စွန်းလေသည်။ ထိုသို့ဖြင့်၊ ရူဘင်းစတိန်းသည် ကမ္ဘာ့ပထမဆုံး အလှကုန် ကုမ္ပဏီကို ပေါ်လာစေခဲ့သည်။ သူ၏ စီးပွားရေးလုပ်ငန်းသည် အတိုင်းထက်အလွန် အောင်မြင်ကြောင်း သက်သေပြခဲ့ပြီး၊ ဘဝနှောင်းပိုင်းတွင် မြောက်မြားလှသော ဥစ္စာဓနကို ပညာရေး၊ အနုပညာနှင့် ကျန်းမာရေးတို့နှင့် ပတ်သက်သော အလှူအတန်းအဆောက်အဦများသို့ ထောက်ပံ့ ပေးလှူသည်။
ရူဘင်စတိန်းသည် အလုပ်အကိုင်ကို လျင်လျင်မြန်မြန်ပင် ချဲ့ထွင်သည်။ ၁၉၀၈ တွင် သူ့ညီမ စဲ့စကာကို မဲလ်ဘုန်းဆိုင်ရှိ လုပ်ပိုင်ခွင့်များ လွှဲပေးပြီး၊ ဒေါ်လာ တသိန်းနှင့် ရူဘင်စတိန်းသည် လန်ဒန်သို့ ရွှေ့ကာ နိုင်ငံတကာ လုပ်ငန်းတခု ဖြစ်လာစေခဲ့သည်။ (ထိုခေတ်က အမျိုးသမီးများသည် ဘဏ်ချေးငွေ မရနိုင်၍ ထိုပိုက်ဆံများသည် သူ့ကိုယ်ပိုင်ငွေများသာ ဖြစ်သည်။)
အိမ်ထောင်ရေးနှင့် ကလေးများ
ပြင်ဆင်ရန်၁၉၀၈ တွင်၊ သူသည် ပိုလန်တွင် မွေးသော အမေရိကန် ဂျာနယ်လစ် အက်ဒွပ် ဝီလျံ တိုင်တပ်နှင့် လန်ဒန်၌ လက်ထပ်သည်။ သားနှစ်ယောက်ရရာ ရွိုင် ဗယ်လင်တိုင်း တိုင်တပ်(လန်ဒန်၊ ၁၂ ဒီဇင်ဘာ ၁၉၀၉-နယူးယောက်၊ ၁၈ ဇွန် ၁၉၈၉) နှင့် ဟိုးရေ့စ် တိုင်တပ် (လန်ဒန်၊ ၂၃ ဧပြီ ၁၉၁၂-နယူးယောက်၊ ၁၈ မေ ၁၉၅၈)တို့ ဖြစ်သည်။ သူတို့သည် ပဲရစ်သို့ ပြောင်းရွှေ့ပြီး ၁၉၁၂ တွင် ဆိုင်တဆိုင် ဖွင့်သည်။ သူ့ယောက်ျားသည် ကျော်ကြားအောင် စာရေးခြင်းဖြင့် ကူညီကာ၊ ထုတ်ဝေတိုက်ကလေး ထောင်ပြီး၊ လေဒီ ချက်တာလီရဲ့ ချစ်သူ ကို ထုတ်ဝေ၍ ဆင်မြူယယ် ပွတ်နံကို ငှားကာ ကျော်ကြားသော မော်ဒယ် ကိကိရဲ့ အမှတ်တရများကို ဘာသာပြန်စေသည်။
ရူဘင်စတိန်းသည် အထိန်းအကွပ်မဲ့သော ညစာပါတီများကို တက်ပြီး၊ လံကြုပ်ဟာသများဖြင့် လူသိများလာသည်။ တခါက အရက်မူးနေသော ပြင်သစ်သံအမတ်က အဲဒစ် ဆစ်ဝဲနှင့် သူ့ မောင် စချယ်ဗီရဲလ်ကို အမနာပ(vitriol) ပြောသည်မှာ"Vos ancêtres ont brûlé Jeanne d'Arc!"ဟူ၏။ ပြင်သစ်လို နည်းနည်းသာ သိသူ ရူဘင်စတိန်းက သံအမတ် ဘာပြောလိုက်သည်ကို ဧည့်သည် တဦးအား မေးလိုက်သောအခါ "သူပြေတာက နင့်ဘိုးဘွားတွေက ဂျိုအန်ရဲ့ လှေကြီးကို မီးရှို့လိုက်တယ်'တဲ့" ရူဘင်စတိန်းက "အင်း၊ တယောက်ယောက်တော့ ရှို့ခဲ့တာပဲ ဖြစ်မယ်"ဟု ဆိုလိုက်လေသည်။[၅]
နောက်ပွဲတခုတွင်၊ မာဆယ် ပရောက်က မြို့စားကတော်များသည် မည်သည့် မိတ်ကပ်ကို လိမ်းသင့်သည်လဲ မေးသည်။ လာမေးသူမှာ "ပရုပ်လုံးနံ့ နံ"သောကြောင့် သူက အတိုချုံးဖြေပြီး သူ ထွက်လာခဲ့သည်။ "သူ ကျော်ကြားလာမယ်ဆိုတာ ကျမက ဘယ်လိုလုပ်သိမှာလဲ"ဟု နောင်တွင် ရူဘင်စတိန်းက ပြောသည်။[၆]
အမေရိကသို့ ပြောင်းခြင်း
ပြင်ဆင်ရန်ပထမကမ္ဘာစစ် ဖြစ်ပွားသော် သူနှင့် တိုင်တပ်သည် နယူးယောက်သို့ ပြောင်းရွှေ့ပြီး နောင်တွင် တနိုင်ငံလုံး၌ ဆက်တိုက်ဖွင့်မည့် ဆိုင်၏ ကနဦး အလှကုန်ဆိုင်ကို ၁၉၁၅ တွင် ဖွင့်လိုက်သည်။ ဤသည်မှာ အလှကုန်လောကတွင် အခြားနာမည်ကြီး အမျိုးသမီး ဖြစ်သူ အဲလိဇဘက် အားဒင်နှင့် သူ ပြင်းထန်သော ယှဉ်ပြိုင်ပွဲ၏ အစ ဖြစ်သည်။ ၁၈ လအတွင်း ရှေ့ဆက်နောက် သေဆုံးသော အားဒင်နှင့် ရူဘင်စတိန်း နှစ်ယောက်စလုံးသည် ပွဲလမ်းသဘင် ကြိုက်သူများ ဖြစ်သည်။ ပြီးလျှင် ထိရောက်စွာ ရောင်းချရေး၊ အဆင့်မြင့်စွာ ထုပ်ပိုးရေး၊ သေသပ်သော ယူနီဖောင်းများနှင့် အလှဖန်တီးရှင်များကို ဆွဲဆောင်ရေး၊ နာမည်ကြီးများ ထောက်ခံပေးခြင်း၏တန်ဖိုး၊ ဈေးမြင့်မြင့် ရရှိရေးနှင့် အသားအရေး ထိန်းသိမ်းခြင်းကို အားပေးခြင်းတို့ကို အလွန် သဘောပေါက်သူများလည်း ဖြစ်သည်။
၁၉၁၇ မှ စ၍၊ ရူဘင်စတိန်းသည် သူ့ထုတ်ကုန်များ၏ထုတ်လုပ်ရေးနှင့် လက်ကား ဖြန့်ချိရေးကို လုပ်ဆောင်သည်။ အလှပြင်ဆိုင်တိုင်းတွင် "Day of Beauty"သည် အကြီးအကျယ် အောင်မြင်သည်။ သူ့ကြော်ငြာများတွင် ရူဘင်စတိန်း၏ ပုံဟု ဆိုနိုင်သော မော်ဒယ်မှာ ဂျူးရုပ်ပေါက်နေသော သက်လတ်ပိုင်း ဖက်ရှင်မယ် ပုံ ဖြစ်သည်။
၁၉၂၈ တွင်၊ အမေရိကန်စီးပွားရေးလုပ်ငန်းကို လေးမန်းညီအစ်ကိုသို့ ဒေါ်လာ ၇.၃ သန်းဖြင့် ရောင်းသည်။ စီးပွားပျက်ကပ်ဆိုက်ပြီးနောက်၊ တသန်းပင် မတန်တော့သော စတော့ကို ပြန်ဝယ်ကာ ယူအက်စ် မြို့ တဒါဇင်လောက်တွင် အလှပြင်ဆိုင်များ(salons and outlets) ထောင်ပြီး နောက်ဆုံး ရှယ်ယာများကို ဒေါ်လာ သန်းပေါင်းများစွာ တန်အောင် ပြောင်းလဲခဲ့သည်။ ၇၁၅ ရိပ်သာ အမှတ် ၅ တွင် နောက်မှ ဖွင့်သော စပါ(spa)သည် စားသောက်ဆိုင်၊ ဂျင်ဆော့ခန်း ပါပြီး၊ ကော်ဇောများကို ပန်းချီဆရာ ဂျိုအန် မီရိုက ဆွဲပေးသည်။ ပေါင်ဒါမှုန့် ဒီဇိုင်းအတွက် သူ့ပုံကို ဆွဲရန် အနုပညာရှင် ဆာလဗေဒါ ဒါလီကို တာဝန်ပေးသည်။
ကွာရှင်းခြင်းနှင့် ပြန်လက်ထပ်ခြင်း
ပြင်ဆင်ရန်ပထမအိမ်ထောင်နှင့် ကွာရှင်းပြီးသော် ၁၉၃၈ တွင် မင်းသား အာ့ချီး ဂူရီရယ်လီ-တက်ကိုနီးယား(၁၈၉၅-၁၉၅၅)နှင့် အိမ်ထောင်ပြုသည်။ မင်းသား အာ့ချီး ဂူရီရယ်လီအကြောင်း ပြောရမည် ဆိုလျှင် ၁၈၉၅ ဖေဖော်ဝါရီ ၁၈၊ ဂျော်ဂျီယာတွင် မွေးပြီး၊ ၁၉၅၅ နိုဝင်ဘာ ၂၁တွင် နယူးယောက်၌ ကွယ်လွန်သည်။ မိခင်ဘက်က ဂျော်ဂျီယန် မျိုးမြင့်သူလိုလို ကြားရသည်။ ဂုဏ်ဒြပ်များ မရသော မြင့်မြတ်သည့် တက်ကိုနီးယားမိသားစု၏ သခင်လေး ဖြစ်ရကား၊ အဘွားဖြစ်သူ၏ ဘွဲ့ကို ယူကာ ရည်မှန်းချက် ရှိသော မင်းသားလေး ဂူရီရယ်လီ ဖြစ်လာသတည်း။
ကိုယ်ပိုင်စတိုင်နှင့် လန်းသော မင်းသား အာ့ချီး ဂူရီရယ်လီ တက်ကိုနီးယားသည် ရူဘင်စတိန်းထက် ၂၃ နှစ်ငယ်သည်။ တော်ဝင်ဘွဲ့မည်ကို ကိုယ်ပိုင် အမည်ခံချင်စိတ် ပြင်းရကား၊ ရူဘင်စတိန်းသည် ငယ်ရွယ်သော မင်းသားက သူမ၏ လူငယ်ဆုကို ရပြီးနောက်၊ ကျားအလှကုန်လိုင်း ဖြစ်မြောက်လာရန် မင်းသားပျိုကို အငမ်းမရ ဆွဲဆောင်သည်။ အချို့က ပြောသည်မှာ ထိုအိမ်ထောင်ရေးက အရောင်းမြှင့်တင်ခြင်းလည်း ဖြစ်၊ သူကိုယ်တိုင်လည်း ဟယ်လင်နာ မင်းသမီး ဂူရီရယ်လီဟူ၍လည်း အမည်ခံ ပိုင်ရခြင်းလည်း ဖြစ်သည်ဟူ၏။ (ဂူရီယယ်လီ မျိုးရိုး၏ ကြင်ယာတော် မင်းသမီးဟု ဆိုလိုသည်)[၇]
သန်းကြွယ်သူဌေးမကြီး ရူဘင်စတိန်းသည် အလုပ်သွားလျှင် နေ့လယ်စာ ထမင်းဘူး ယူသွားတတ်ကာ၊ ကိစ္စအတော်များများတွင် စေးနှဲတတ်သော်လည်း၊ ထိပ်တန်းဖက်ရှင် အဝတ်အထည်များ၊ တန်ဖိုးရှိ အနုပညာလက်ရာများနှင့် ပရိဘောဂများကို ဝယ်စုတတ်သည်။ အနုပညာနှင့် ပတ်သတ်၍မူ၊ တဲအဗစ်၌ လေးစားဂုဏ်ပြုလောက်သော ဟယ်လီနာ ရူဘင်စတိန်း၏ ခေတ်ပြိုင်အနုပညာပြခန်းကို တည်ထောင်ပြီး၊ ၁၉၅၇ တွင် ဩစတြေးလျ၌ ဟယ်လီနာ ရူဘင်စတိန်း ခရီးသွားအနုပညာ စကောလားရှစ်ကိုလည်း တည်ထောင်သည်။[၈] ၁၉၅၃ တွင် ကျန်းမာရေး၊ ဆေးဘက် သုတေသနနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အထူးပြုသော အဖွဲ့အစည်းများကို ရန်ပုံငွေ ထောက်ပံ့ရန် ဟယ်လီနာ ရူဘင်စတိန်း ပရဟိတ ဖောင်ဒေးရှင်းကိုလည်းကောင်း၊ အစ္စရေးလူမျိုးများအတွက် အမေရိက အစ္စရေး ယဉ်ကျေးမှုဖောင်ဒေးရှင်းနှင့် စကောလားရှစ်ကိုလည်းကောင်း တည်ထောင်သည်။
၁၉၅၉ တွင် မော်စကို၌ ကျင်းပသော အမေရိကန် အမျိုးသား ပြပွဲတွင် ယူအက်စ် အလှကုန်လုပ်ငန်းကို ကိုယ်စားပြု တက်သည်။
၁၉၅၈ မှ စ၍ ဩစတြေးလျအနုပညာရှင်များ၏ ပုံတူအတွက် စတာလင်ပေါင် ၃၀၀ ရှိ နှစ်စဉ် ရူဘင်စတိန်းဆုကို ချီးမြှင့်သည်။ ဆုရသူများမှာ ၁၉၅၈ တွင် ဖရန့် ဟော့ကင်ဆန်၊ ၁၉၆၀ တွင် ချားလ် ဘလက်မင်း၊ ၁၉၆၁ တွင် ဝီလျံ ဘောစီဗိန်း၊ ၁၉၆၂ တွင် မားဂရက် အိုလီ၊ ၁၉၆၃ တွင် ဗလဒက် မဲစကဲနပ်၊ ၁၉၆၄, ၁၉၆၅ တွင် ဂျူဒီ ကက်ဆပ်၊ ၁၉၆၆ တွင် ခါရင်တန် စမစ်တို့ ပါဝင်သည်။[၉]
အလုပ်သမားများက "အမေကြီး"ဟု ခေါ်သည်မှ စ၍ သူသည် သိမ်ဖျင်းသော လေပေါခြင်းများကို ရှောင်ပြီး၊ သူ့ဘဝတလျှောက်လုံး ကော်ပိုရေးရှင်း၌သာ တက်ကြွစွာ ဆက်လက်လုပ်ကိုင်သွားကာ၊ အိပ်ရာထဲ ဖျားလဲနေသည့်တိုင်၊ ယုံကြည်ရသော ဆွေမျိုးများနှင့် ကုမ္ပဏီကို ဆက် အလုပ်လုပ်စေလေသည်။
သေဆုံးခြင်းနှင့် အရိုက်အရာ
ပြင်ဆင်ရန်ရူဘင်စတိန်းသည် ၁ ဧပြီ ၁၉၆၅ ၌ လူကြီးရောဂါဖြင့် ကွယ်လွန်ပြီး၊ ကွင်းစ်ရှိ မောင့်အိုလီဗက်သင်္ချိုင်းကုန်း၌ မြှုပ်နှံထားသည်။[၁၀] အာဖရိကန်လက်ရာမွန်၊ လူးဆိုက် ပရိဘောဂ၊ နှင့် ဟောင်းမြင်းနေသော ဗစ်တိုးရီးယားခေတ် မှီအုံးသုံး ခရမ်းရောင် ပရိဘောဂများ ပါဝင်သော သူ၏ ပိုင်ဆိုင်မှုများအနက် အချို့ကို နယူးယောက်ရှိ ပတ်-ဘားနက် ပြခန်း၌ ၁၉၆၆ တွင် လေလံပစ်သည်။
ရူဘင်စတိန်း စကားများစွာအနက် တခုမှာ၊ "ရုပ်ဆိုးမ ဆိုတာ မရှိဘူး၊ ပျင်းတဲ့ မိန်းမပဲ ရှိတယ်"ဟူ၏။[၁၁] သူ၏ ဈေးကြီးလှသော ဗျူတီဆလွန်းများအကြောင်း၊ ဖက်ရှင်၊ အနုပညာပြခန်းများ၊ အတွင်းပိုင်းဆင်ယင်မှုများနှင့် ခေတ်မီရေးများအကြား၊ ထိုဆိုင်များက မည်သို့ မည်ပုံ လူတို့၏ ကန့်သတ်ချက် အမြင်များကို သက်ရောက်ပြီး၊ ဝေဝါးစေပုံကို မာရီး ဂျေ ကလစ်ဖို့ Marie J. Clifford (Winterthur Portfolio, vol. 38) က လေ့လာခဲ့သည်။ အထူးမှတ်တမ်းရုပ်ရှင် ဖြစ်သော၊ အင်း ကာရိုး ဂရော့မန်းနှင့် အားနီ ရေးစမန်း ရိုက်ကူးသော ပေါင်ဒါနှင့် ဂုဏ်သိက္ခာ(၂၀၀၉)သည် ရူဘင်စတိန်းနှင့် အဲလိဇဘက် အားဒင်တို့ကြား အသေအလဲ ပြိုင်ဆိုင်မှုများကို အသေးစိတ် ဖော်ထားသည်။
သူ၏ နည်းပညာအရည်အသွေးကို အောက်ပါအတိုင်း ဖော်ပြသည်၊
- "သူက ကိုယ်ဒူးကိုယ်ချွန် ပထမဆုံး သန်းကြွယ်သူဌေးမကြီးပါ၊ လူတွေ ဘာလိုတယ်၊ ဘာကို ဖြည့်ဆည်းပေးရမယ်ဆိုတာ အကင်းပါးတယ်၊ ဘယ်လို ကြော်ငြာရမယ်ဆိုတာ သိတယ်၊ ဘာညာဘာညာ နည်းနည်းထည့်ပြီး အကြောက်တရားကို ပုံတူကူးပေးလိုက်တာပေါ့၊ ပြဿနာဖြစ်နေတဲ့ အသားအရေ အမျိုးအစားကိုလည်း မိတ်ဆက်ပေးခဲ့တယ်၊ ဆူဒိုသိပ္ပံ(သိပ္ပံနည်းကျသည်ဟု မဆိုနိုင်သော သိပ္ပံသဘောတရား)ကိုလည်း ဈေးကွက်မှာ စထွင်ခဲ့တယ်၊ ဥရောပ အသားအရေးထိန်းသိမ်းရေး စက်ရုံမှာ နှစ်လပဲ စခန်းသွင်း လေ့ကျင့်ခဲ့ရပေမယ့် ကြော်ငြာတိုင်းမှာ ဓာတ်ခွဲခန်း ဝတ်စုံကြီး တကားကားနဲ့ စထွင်လိုက်တာပေါ့၊ ဖောက်သည်တွေကို ဘယ်လို စိတ်ပူအောင် လုပ်ရမလဲ သူသိတယ်၊ တကယ်လို့ ထုတ်ကုန်တမျိုးက အစမှာ ထုံ့ပိုင်း ထုံ့ပိုင်း ဖြစ်နေတယ်ဆိုရင် သူလိုချင်တဲ့ တန်ဖိုးရလာအောင် ဈေးကို တန်းမြှင့်လိုက်လိမ့်မယ်"[၁၂]
၁၉၇၃ တွင်၊ ဟယ်လင်နာ ရူဘီစတိန်း ကုမ္ပဏီကို ကိုးလဂိတ် ပယ်မလိုက်(Colgate Palmolive)သို့ ရောင်းချခဲ့ပြီး၊ ယခုအခါ လိုရယ်(L'Oréal)က ပိုင်ဆိုင်သည်။
"ဘိုအန် - ဟယ်လီနာ ရူဘီစတိန်း ပုံတူဆု"ဟုလည်း ခေါ်သော ဟယ်လီနာ ရူဘင်စတိန်း ပုံတူဆုသည် ဟယ်လင်နာ ရူဘင်စတိန်း ဖောင်ဒေးရှင်း (၂၀၁၁ တွင် ဖျက်သိမ်း)က ချီးမြှင့်သော ဩစတြေးလျ အနုပညာရှင် တဦးဦး၏ ပုံတူ လျှောက်ပြခြင်းအတွက် နှစ်စဉ်ပေးသော ပေါင် ၃၀၀ တန် ဆု ဖြစ်ပြီး၊ အများအားဖြင့် အနောက်ဩစတြေးလျရှိ ကလောက်ဒီ ဟော့ချင်း ပြခန်း၌ စင်လျှောက်ပြကြသည်။
ဆိုင်းယင့်ဝူးမင်း လိုရယ် ယူနက်စကိုဆုများ (The L'Oréal-UNESCO Awards for Women in Science) သည်လည်း ဟယ်လီနာ ရူဘင်စတိန်း ဆိုင်းယင့် ဝူးမင်း ဆုများအဖြစ် သိကြသည်။
၁၉၅၃ တွင် စထောင်သော ဟယ်လီနာ ရူဘင်စတိန်း ဖောင်ဒေးရှင်းသည် ၂၀၁၁ ခုနှစ်ထိ ရပ်တည်ခဲ့ကာ၊ အဓိကအား ဖြင့် နယူးယောက်မြို့ရှိ ပညာရေး၊ အနုပညာနှင့် ပရဟိတ အခြေပြု အသင်းအဖွဲ့များသို့ ဆယ်စုနှစ် ခြောက်စု ကျော် ဒေါ်လာသန်းပေါင်း ၁၃၀ နီးပါးကို ထောက်ပံ့ခဲ့လေသည်။[၁၄]
ကိုးကား
ပြင်ဆင်ရန်- ↑ Helena Rubinstein။ May 19, 2017 တွင် ပြန်စစ်ပြီး။
- ↑ Woodhead၊ Lindy (2004)။ War Paint (1st ed.)။ UK: Wiley။ ISBN 0471487783။
- ↑ "The Beauty Merchant"၊ Time၊ 1965-04-09။ 2008-08-08 တွင် ပြန်စစ်ပြီး။ Archived from the original on 25 October 2012။
- ↑ Oral history interview with Ruth Rappaport - USHMM Collections Search။ collections.ushmm.org။ 2015-10-26 တွင် ပြန်စစ်ပြီး။
- ↑ O'Higgins၊ Patrick (1971)။ Madame: An Intimate Biography of Helena Rubinstein။ Viking Press။ pp. 17။
- ↑ Kanfer၊ Stefan။ The Czarinas of Beauty။ city-journal.org။ 3 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2008-08-08 တွင် ပြန်စစ်ပြီး။
- ↑ Mrs.
- ↑ Poynter၊ J. R.။ Rubinstein, Helena (1870–1965)။ Australian Dictionary of Biography။ Australian National University။ December 20, 2010 တွင် ပြန်စစ်ပြီး။
- ↑ McCulloch, Alan Encyclopedia of Australian Art Hutchinson of London 1968
- ↑ Helena Rubenstein Courielli။ findagrave.com (May 30, 2000)။ 2011-04-26 တွင် ပြန်စစ်ပြီး။
- ↑ Green၊ Penelope။ "The Rivals"၊ 2004-02-15။ 2008-08-08 တွင် ပြန်စစ်ပြီး။
- ↑ Ruth Graham, "More Than Skin Deep", The Wall Street Journal February 5, 2011.
- ↑ Cunningham၊ Tessa (3 Mar 2013)။ The beauty queen who paid for your make-up with misery။ 9 Apr 2014 တွင် ပြန်စစ်ပြီး။
- ↑ Center၊ Foundation။ Helena Rubinstein Foundation to Close at Year's End။