အမှု—အစီရဝတီမြစ်ထဲ၌ ရေကစားမှု။

အမှုသည်—သတ္တရသဝဂ္ဂီ ရဟန်းကလေးများ။


ကောသလမင်းနှင့် သတ္တရသဝဂ္ဂီ ပြင်ဆင်ရန်

သတ္တရသဝဂ္ဂီ ရဟန်းကလေးများသည် အစီရဝတီမြစ်ထဲ၌ ရေကစားနေကြ၏၊ ကောသလမဟာရာဇာသည် မလ္လိကာဒေဝီနှင့် အတူ နန်းတော် အထက်ထပ်၌ နေ့စဉ် ရေကစားနေကြသည်ကို မြင်၍ “မလ္လိကာ...ဟို ရဟန္တာကလေးတွေ ရေကစားနေကြတယ်၊ ရဟန္တာမဟုတ်သော်လည်း လှောင်ပြောင်တဲ့ သဘောနှင့် သုံးစွဲခြင်းဖြစ်သည်၊ ဤကောသလ မဟာရာဇာကား ရှေးပိုင်းတုန်းက မလ္လိကာလောက် ရတနာသုံးပါးကို မကြည်ညိုသေး၊] ဤသို့ မဟာရာဇာက ပြောလိုက်လျှင် မလ္လိကာက-“မဟာရာဇာ ...အမှန်ပင် ဗုဒ္ဓ ရှင်တော်မြတ်က သိက္ခာပုဒ်တော်ကို မပညတ်ရသေးလို့ ဖြစ်ပါလိမ့်မယ် သိက္ခာပုဒ် ပညတ်ပြီးဖြစ်လျှင်လည်း ဒီကိုယ်တော်ကလေးတွေ “အပကတညုနော-ပြုအပ် ပညတ်အပ်ပြီးသော သိက္ခာပုဒ်ကို မသိရှာကြသေးလို့ပါ” ဤသို့ပြန်၍ သံတော်ဉုးတင်လေသည်။

ထို့နောက် မဟာရာဇာသည် “ကေန နုခေါ အဟိ ဥပါယေန ဘဂဝတောစ န အာရောစေယျံ, ဘဂဝါစ ဇာနေယျ ဣမေ ဘိက္ခူ ဥဒကေ ကီဠိ တာတိ = ဘယ်လို ဥပါယ်တမြည်နဲ့ (ဘယ်နည်းလမ်းနဲ့) ငါ့ကိုယ်တိုင် ဘုရားလဲ မလျှောက်ဘဲ, ဘုရားလဲ ဒီရဟန်းတွေ ရေ၌ ကစား၍ ပြန်လာကြောင်းကို သိအောင် လုပ်ရပါ့မလဲ”ဟု စဉ်းစားပြီးလျှင် ရဟန်းကလေးများကို အခေါ်ခိုင်း၍ ကြံသကာခဲကြီးကို ပေးပြီးလျှင် “ဒီကြံသကာခဲကို ဘုရားအား လှူကြပါလေ”ဟု မှာထားလွှတ်လိုက်လေသည်။ (ငယ်ယွယ်သူ ရဟန်းကလေးများလည်း အကြောင်းကို မသိရှာကြသဖြင့် ဘုရားထံ သွား၍ “ဤကြံသကာခဲကို ကောသလ မဟာရာဇာက လှူလိုက်ပါကြောင်း” လျှောက်ရှာကြလေသည်။

ဘုရားရှင်။ ။ သင်တို့ကို မဟာရာဇာက ဘယ်မှာ တွေ့လို့လဲ။

ရဟန်းကလေးများ။ ။ အစီရဝတီ မြစ်ထဲမှာ ရေကစား နေကြတာကို မြင်လို့ပါ ဘုရား။

ဘုရားရှင်။ ။ “ဘာ့ကြောင့် သင်တို့ ရေကစားကြသလဲ၊ ဒီရေ ကစားခြင်းဟာ မကြည်ညိုသေးသူများ၏ ကြည်ညို စရာလဲ မဟုတ်၊ ကြည်ညိုပြီးသူများရဲ့ အကြည်ညို တိုးဘို့လဲ မဟုတ်၊ စင်စစ်မှာ-မကြည်ညိုသေးသူများရဲ့ မကြည်ညိုစရာလဲဖြစ်, ကြည်ညိုပြီးသား ပုထုဇဉ်များရဲ့ အကြည်ညိုပျက်စရာလဲ ဖြစ်တယ်’” ဟု မိန့်တော်မူပြီးလျှင်-

“ဥဒကေ ဟသဓမ္မေ ပါစိတ္တိယံ_

ဟု သိက္ခာပုဒ် ပညတ်တော်မူရလေသည်၊ ဤသိက္ခာပုဒ်တော် အရ ခြေဖမျက်မြှုပ်သောရေ၌ မကစားကောင်း၊ ကစား ဟူရာ၌ ရေချိုးရင်း ငုပ်လိုက် ဖေါ်လိုက် ရေပေါ်ဖေါ်ပြီး ကူးလိုက် လုပ်ခြင်းကို ဆိုလိုသည်၊ လှေဖြင့်ကစားခြင်း ရေထဲ၌ အိုးခြမ်းကွဲ စသည်ကို ပစ်၍ ကစားခြင်း, အိုးခွက်၌ ရှိသောရေကို လက်ဖြင့် ပုတ်၍ ကစားခြင်း, ပုန်းရည် နို့ရည် ရက်တက်ရည် စသော အရည်နှင့်စပ်၍ ကစားခြင်း အားလုံး၌ ဒုက္ကဋ်အာပတ်သင့်၏၊ ကစားစိတ်မပါဘဲ အကြောင်းအားလျော်စွာ (အညောင်း ပြေအောင်) ရေကူးခြင်း၌ အာပတ် မသင့်။ [၁]

ကိုးကား ပြင်ဆင်ရန်

  1. အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး