ဟိဂရှိနရုဆဲ (東成瀬村, ဟိဂရှိနရုဆဲ - မုရ)သည် ဂျပန်နိုင်ငံ၊ အခိတစီရင်စုတွင် တည်ရှိသည့် ကျေးရွာတစ်ခုဖြစ်သည်။ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ကျေးရွာရှိ ခန့်မှန်းလူဦးရေသည် ၂၅၁၂ ဦးရှိပြီး အိမ်ထောင်စု ၉၀၂ စု ရှိသည်။ လူဦးရေသိပ်သည်းဆသည် ၁ စတုရန်းကီလိုမီတာလျှင် ၁၂ ဦး ဖြစ်သည်။[၁] ကျေးရွာ၏ စုစုပေါင်းဧရိယာသည်၂၉၃.၅၇ စတုရန်းကီလိုမီတာ (၁၁၃.၃၅ စတုရန်းမိုင်) ရှိသည်။ ၁၉၉၉ ခုနှစ်တွင် ဟိဂရှိနရုဆဲည် ဂျပန်နိုင်ငံရှိ အလှပဆုံးသောရွာများထဲမှ တစ်ခုအဖြစ် ရွေးချယ်ခြင်း ခံခဲ့ရသည်။[၂]

Higashinaruse
東成瀬村
Village
Higashinaruse Village Hall
Higashinaruse Village Hall
Higashinaruse၏ အလံတော်
အလံတော်
Higashinaruse၏ တံဆိပ်တုံး
စည်းတံဆိပ်
Location of Higashinaruse in Akita Prefecture
Location of Higashinaruse in Akita Prefecture
Higashinaruse သည် ဂျပန်နိုင်ငံ တွင် တည်ရှိသည်
Higashinaruse
Higashinaruse
 
ကိုဩဒိနိတ်: 39°19′45″N 140°38′56″E / 39.32917°N 140.64889°E / 39.32917; 140.64889ကိုဩဒိနိတ်: 39°19′45″N 140°38′56″E / 39.32917°N 140.64889°E / 39.32917; 140.64889
CountryJapan
RegionTōhoku
PrefectureAkita
DistrictOgachi
ဧရိယာ
 • စုစုပေါင်း၂၀၃.၅၇ စတုရန်းကီလိုမီတာ (၇၈.၆၀ စတုရန်းမိုင်)
လူဦးရေ (January 2020)
 • စုစုပေါင်း၂၅၁၂
 • သိပ်သည်းမှု၁၂/km (၃၂/sq mi)
အချိန်ဇုန်Japan Standard Time (UTC+9)
City symbols 
• TreeSugi
• FlowerLilium auratum
• BirdCopper pheasant
• InsectFirefly
• FishSalvelinus
Phone number0182-47-2111
Address30-1 Sennin Shita, Higashinaruse-mura, Ogachi-gun, Akita-ken 019-0801
ဝက်ဘ်ဆိုဒ်တရားဝင် ဝက်ဘ်ဆိုဒ်
ဆခဝကန်

ပထဝီသွင်ပြင် ပြင်ဆင်ရန်

ဟိဂရှိနရုဆဲသည် အခိတစီရင်စု၏ အရှေ့တောင်ဘက်ထောင့်စွန်းတွင် တည်ရှိပြီး အရှေ့ဘက်တွင် အိဝတဲနှင့် မိယဂိစီရင်စုတို့ တည်ရှိသည်။ ကျေးရွာ၏ ဧရိယာသည် တောင်များထူထပ်ပြီး တောများဖြင့် ဖုံးလွှမ်းတည်ရှိသည်။ ထို့ပြင် ကျေးရွာ၏ အစိတ်အပိုင်းအတော်များများသည် Kurikoma Quasi အမျိုးသားဥယျာဉ်နှင့် နယ်နိမိတ်ချင်း ထိစပ်နေကြသည်။

အနီးအနားရှိ မြို့များ ပြင်ဆင်ရန်

လူမှုပထဝီ ပြင်ဆင်ရန်

ဂျပန်နိုင်ငံ၏ လူဦးရေးစာရင်းအချက်အလက်များအရ[၃] ဟိဂရှိနရုဆဲ၏ လူဦးရေသည် ၁၉၅၀ ခုနှစ်ဝန်းကျင်တွင် အမြင့်ဆုံးဖြစ်ခဲ့ပြီး ထို့နောက်နှစ်များတွင်မူ ပုံမှန်ပင် လျော့ကျလျက်ရှိသည်။

သမိုင်းတစ်လျှောက် လူဦးရေများ
ခုနှစ်လူဦးရေ±%
1920 ၄၅၉၆—    
1930 ၅၀၄၂+9.7%
1940 ၅၂၈၃+4.8%
1950 ၆၀၄၅+14.4%
1960 ၅၇၉၉−4.1%
1970 ၄၅၄၆−21.6%
1980 ၄၀၁၁−11.8%
1990 ၃၇၃၄−6.9%
2000 ၃၃၉၀−9.2%
2010 ၂၈၇၅−15.2%

ရာသီဥတု ပြင်ဆင်ရန်

ဟိဂရှိနရုဆဲသည် စိုစွတ်သည့်ရာသီဥတုရှိသည်။ ရာသီဥတုဆိုင်ရာ အပူချိန်များသည်လည်း များပြားစွာ ကွာခြားမှုများ ရှိသည်။ နွေးရာမှ ပူလာသည့် (တစ်ခါတရံ စိုစွတ်သည်) နွေရာသီဥတု နှင့် ဆောင်းရာသီတွင် အေးသည့်ရာသီဥတု (တစ်ခါတရံ အအေးပြင်းထန်) ရှိသည်။ မိုးရွာခြင်း ဖြစ်စဉ်များသည် တစ်နှစ်ပတ်လုံး ဖြစ်ပွားပြီး ဩဂုတ်လမှ အောက်တိုဘာလသည် အများဆုံး ဖြစ်သည်။ တစ်နှစ်ပတ်လည် ပျမ်းမျှအပူချိန်သည် ၉ ဒီဂရီစင်တီဂရိတ် ဖြစ်သည်။ တစ်နှစ်ပတ်လည် မိုးရေချိန်သည် ၁၆၃၅ မီလီမီတာ ရှိပြီး စက်တင်ဘာလသည် အစိုစွတ်ဆုံးလ ဖြစ်သည်။ ဩဂုတ်လတွင် အပူချိန်များသည် အမြင့်ဆုံးဖြစ်ပြီး ၂၃.၁ ဒီဂရီစင်တီဂရိတ်ပတ်ဝန်းကျင်ရှိသည်။ အနိမ့်ဆုံးသည် ဇန်နဝါရီလတွင် ဖြစ်ပြီး အနှုတ် ၃.၈ ဒီဂရီစင်တီဂရိတ်ပတ်ဝန်းကျင် ဖြစ်သည်။[၄]

သမိုင်း ပြင်ဆင်ရန်

ယခုအချိန် ကျေးရွာ၏ ဧရိယာသည် အဲဒိုခေတ်က ဆတခဲမျိုးနွယ်စုများ အုပ်စိုးခဲ့ပြီး ရှေးဟောင်း အုဂိုစီရင်စု၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ တိုခုဂဝရှောဂုနတဲ၏ လက်အောက်တွင် ခုဘိုတပိုင်နက်နယ်မြေအဖြစ် အုပ်ချုပ်ခြင်း ခံရသည့် နယ်မြေတစ်ခု ဖြစ်သည်။ ဟိဂရှိနရုဆဲ ကျေးရွာကို ၁၈၈၉ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့တွင် ခေတ်မီမြို့ပြစနစ် တည်ထောင်ရေးများနှင့်အတူ တည်ထောင်ခဲ့သည်။

စီးပွားရေး ပြင်ဆင်ရန်

ဟိဂရှိနရုဆဲရွာ၏ စီးပွားရေးသည် သစ်တောနှင့် စိုက်ပျိုးရေးအပေါ် အခြေခံထားသည်။

ပညာရေး ပြင်ဆင်ရန်

ဟိဂရှိနရုဆဲတွင် အများပြည်သူဆိုင်ရာ မူလတန်းကျောင်းတစ်ခုနှင့် အလယ်တန်းကျောင်းတစ်ခု တည်ရှိပြီး ထိုကျောင်းများကို ကျေးရွာအုပ်ချုပ်ရေးက စီမံလျက်ရှိသည်။ အထက်တန်းကျောင်းမှမူ မရှိပေ။

ပို့ဆောင်ဆက်သွယ်ရေး ပြင်ဆင်ရန်

ရထားလမ်း ပြင်ဆင်ရန်

ကျေးရွာသို့ မည်သည့်ရထားလမ်းမှ လက်ရှိအချိန်တွင် ဆက်သွယ်မှု မရှိပေ။

အဝေးပြေးလမ်း ပြင်ဆင်ရန်

  • Invalid type: Route
  • Invalid type: Route

ဟိဂရှိနရုဆဲမှ ထင်ရှားသူများ ပြင်ဆင်ရန်

ပြင်ပလင့်များ ပြင်ဆင်ရန်

  Wikimedia Commons ရှိ ဟိဂရှိနရုဆဲ၊ အခိတ နှင့်ပတ်သက်သော မီဒီယာများ

ကိုးကား ပြင်ဆင်ရန်