ဟိန်းထက်

ရုပ်ရှင်တည်းဖြတ်
(ဟိန်းထက် (လယ်ဝေး) မှ ပြန်ညွှန်းထားသည်)

ဟိန်းထက်(လယ်ဝေး)သည် မြန်မာ့ ရုပ်ရှင် ထူးချွန်ဆု (အကောင်းဆုံးရုပ်ရှင်တည်းဖြတ်ဆုရှင်)တစ်ဦးဖြစ်သည်။ နေပြည်တော်ပြည်ထောင်စုနယ်မြေလယ်ဝေးမြို့ ဇာတိဖြစ်သည်။ မွေးချင်း သုံးယောက်အနက် အလတ်ဖြစ်ပြီး အမည်ရင်းမှာ ဟိန်းထက်ဗိုလ် ဖြစ်သည်။

ဟိန်းထက်(လယ်ဝေး)
Academy Hein Htet (Lewe)
မွေးဖွားဟိန်းထက်ဗိုလ်
(1981-09-12) စက်တင်ဘာ ၁၂၊ ၁၉၈၁ (အသက် ၄၃)
လယ်ဝေးမြို့နေပြည်တော်ပြည်ထောင်စုနယ်မြေမြန်မာနိုင်ငံ
အလုပ်အကိုင်ရုပ်ရှင်တည်းဖြတ်
မိဘ(များ)ဦးမြင့်အောင်၊ ဒေါ်မြင့်မြင့်အေး
ရရှိသည့်ဆုများမြန်မာ့ရုပ်ရှင်ထူးချွန်ဆု (၂၀၁၁)

(၁၉၉၈) ခုနှစ်တွင် အ.ထ.က(၁)၊လယ်ဝေး မှ အခြေခံပညာအထက်တန်းအောင်မြင်ခဲ့ပြီး AGTI(EP) နှင့် BA(Eng) ဘွဲ့များ ရရှိခဲ့သည်။(၂၀၀၅)ခုနှစ်တွင် ရုပ်ရှင်လောကသို့ စတင်ဝင်ရောက်ခဲ့သည်။၂၀၁၁ ခုနှစ်တွင် ရီမြင့်ရုပ်ရှင်ထုတ်လုပ်ရေးမှ ဒါရိုက်တာ ထွန်းအောင်ဇော် ရိုက်ကူးသော ထာဝရအလင်းတန်းများရုပ်ရှင်ဇာတ်ကားကို စတင်တည်းဖြတ်ခဲ့ပြီး ၎င်းရုပ်ရှင်ဇာတ်ကားဖြင့် ၂၀၁၁ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု၊အ​ကောင်းဆုံး ရုပ်ရှင်တည်းဖြတ်ဆုကို ရရှိခဲ့သည်။[]

အ​ကောင်းဆုံး ရုပ်ရှင်တည်းဖြတ်ဆုရရှိခဲ့သော ထာဝရအလင်းတန်းများရုပ်ရှင်ကို ကွန်ပျူတာ(ဒီဂျစ်တယ်)နည်းပညာဖြင့် တည်းဖြတ်ခဲ့ခြင်းဖြစ်သည်။ လက်ရှိအချိန်အထိ ရုပ်ရှင်ဇာတ်ကားပေါင်း (၃၀) ကျော်ကို တည်းဖြတ်ခဲ့ပြီး ရန်ကုန်မြို့တွင်နေထိုင်ကာ အနုပညာလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိသည်။

  1. ၂၀၁၁ခုနှစ် အတွက် မြန်မာရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်သည့် မှတ်တမ်း (9 ဒီဇင်ဘာ 2016)။ 6 December 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 6 December 2021 တွင် ပြန်စစ်ပြီး။