ဟဲဖေးမြို့
ဟဲဖေးမြို့ သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အန်းဟွေးပြည်နယ်၏ မြို့တော်နှင့် အကြီးဆုံးမြို့ ဖြစ်သည်။ [၃] ပရီဖက်ချာအဆင့် မြို့တော်ဖြစ်ပြီး အန်းဟွေးပြည်နယ်၏ နိုင်ငံရေး၊ စီးပွားရေး နှင့် ယဉ်ကျေးမှု အချက်အချာ ဌာန ဖြစ်သည်။ ၂၀၁၇ ခုနှစ်တွင် နမူနာယူထားသည့် လူဦးရေစာရင်းအရ လူဦးရေ ၇,၉၆၅,၃၀၀ ဦး ရှိပြီး မက်ထရိုဒေသတွင် မြို့ပြခရိုင် ၅ခု ပါဝင်သည့် အပြင် ဖေးဒုံးနှင့် ချန်းဖန်း ခရိုင်တို့သည်လည်း မြို့ပြအဖြစ် ပြောင်းလဲနေပြီ ဖြစ်ကာ ထိုဒေသများတွင် နေထိုင်သူ ၆,၁၇၃,၀၀၀ ဦး ရှိသည်။[၁] ပြည်နယ်၏ အလယ်ပိုင်းတွင် တည်ရှိပြီး မြောက်ဘက်တွင် ဟွိုင်နန်မြို့၊အရှေ့မြောက်ဘက်တွင် ချူကျိုးမြို့၊ အရှေ့တောင်ဘက်တွင် ဝူဟူမြို့၊ တောင်ဘက်တွင် တောင်လင်းမြို့၊အနောက်တောင်ဘက်တွင် အန်ကျင်းမြို့ နှင့် အနောက်ဘက်တွင် လုအန်မြို့ တို့ ရှိကြသည်။ သဘာဝအားဖြင့် ဆက်သွယ်ရာ ဆုံချက် ဖြစ်သည့် ဟဲဖေးမြို့သည် ချောင် ရေကန်၏ မြောက်ဘက်တွင် လည်ကောင်း၊ ဟွိုင်မြစ် နှင့် ယန်ဇီမြစ်ကို အလယ်မှ ပိုင်းခြားထားသော ဒါဘီတောင်တန်းများ၏ အရှေ့မြောက်သို့ ထိုးထွက်နေသာ အပိုင်းမှ တောင်ကုန်း နှစ်ခုကြားတွင် လည်းကောင်း တည်ရှိသည်။ [၄]
ဟဲဖေး Hefei 合肥市 Hofei | |
---|---|
ပရီဖက်ချာအဆင့် မြို့တော် | |
ဟဲဖေးမြို့၏ပုံ ထိပ်ဆုံးမှစ၍ လက်ယာရစ်။ ငန်းရေကန် အရှေ့ဘက်ကမ်း မြို့လယ်စီးပွားရေးရပ်ကွက်၊ဒါရှုရှန်၊ လူကျိုးဖူး၏ မြို့တော် နတ်ဘုရား ဘုရားကျောင်း | |
ကိုဩဒိနိတ်: 31°49′14″N 117°13′38″E / 31.8206°N 117.2273°Eကိုဩဒိနိတ်: 31°49′14″N 117°13′38″E / 31.8206°N 117.2273°E | |
နိုင်ငံ | တရုတ်နိုင်ငံ |
ပြည်နယ် | အန်းဟွေးပြည်နယ် |
နိုင်ငံအဆင့် တိုင်းအမှတ် | ၇ |
စည်ပင်သာယာရုံးထိုင်ရာ | ရှူရှန်းခရိုင် |
အစိုးရ | |
• CPC Committee Secretary | Song Guoquan (宋国权) |
• Mayor | Ling Yun (凌云) |
ဧရိယာ | |
• ပရီဖက်ချာအဆင့် မြို့တော် | ၁၁၄၃၄.၂၅ စတုရန်းကီလိုမီတာ (၄၄၁၄.၇၉ စတုရန်းမိုင်) |
• မြို့ပေါ် | ၈၃၈.၅ စတုရန်းကီလိုမီတာ (၃၂၃.၇ စတုရန်းမိုင်) |
• မြို့ပြကြီး | ၇၀၅၅.၆ စတုရန်းကီလိုမီတာ (၂၇၂၄.၂ စတုရန်းမိုင်) |
ပင်လယ်ရေ မျက်နှာပြင်အမြင့် | ၃၇ မီတာ (၁၂၃ ပေ) |
လူဦးရေ (2017 Sampling) | |
• ပရီဖက်ချာအဆင့် မြို့တော် | ၇,၉၆၅,၃၀၀[၁] |
• မြို့ပေါ် (2018)[၂] | ၃,၈၅၄,၀၀၀ |
• မြို့ပေါ် သိပ်သည်းမှု | ၄၆၀၀/km၂ (၁၂၀၀၀/sq mi) |
• မြို့ပြကြီး | ၆,၁၇၃,၀၀၀ |
• မြို့ပြကြီး သိပ်သည်းမှု | ၈၇၀/km၂ (၂၃၀၀/sq mi) |
အချိန်ဇုန် | CST (UTC+8) |
Postal code | 230000 |
ဧရိယာကုဒ် | 551 |
ISO 3166 ကုဒ် | CN-AH-01 |
License plate prefixes | 皖A |
GDP (2019) | CNY 940.9 billion |
- per capita | CNY 115623 |
ဝက်ဘ်ဆိုဒ် | hefei.gov.cn |
Southern magnolia (Magnolia grandiflora L.) Sweet Osmanthus (Osmanthus fragrans Lour.) Blossom of pomegranate (Punica granatum L.) |
ယနေ့ခေတ်မြို့တော်သည် ဆောင်မင်းဆက် လက်ထက်မှပင် တည်ရှိခဲ့သည်။ ဒုတိယကမ္ဘာစစ် မဖြစ်မီကပင် ဟဲဖေးသည် တောင်ဘက်ရှိ မြေဩဇာကြွယ်ဝသည့် လွင်ပြင် အတွက် အုပ်ချုပ်ရေးဒေသနှင့် ဒေသတွင်း ဈေး နေရာ ဖြစ်ခဲ့သည်။ လတ်တလောနှစ်များတွင် အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်လာခဲ့သည်။[၅] ဟဲဖေးသည် "အဆင့်မြင့် စမ်းသပ် စူပါလျှပ်ကူး တိုကာမက်" ဟူသည့် စမ်းသပ်ဆဲ စူပါလျှပ်ကူးနိုင်သော တိုကာမက် သံလိုက်ဖျူးရှင်းစွမ်းအင် ဓာတ်ပေါင်းဖို တည်ရှိရာမြို့လည်း ဖြစ်သည်။
ကိုးကား
ပြင်ဆင်ရန်- ↑ ၁.၀ ၁.၁ China: Ānhuī (Prefectures, Cities, Districts and Counties) - Population Statistics, Charts and Map
- ↑ Cox၊ W (2018)။ Demographia World Urban Areas. 14th Annual Edition (PDF)။ St. Louis: Demographia။ p. 22။ 2018-05-03 တွင် မူရင်းမှ မော်ကွန်းတင်ပြီး (PDF) ။ 2018-06-15 တွင် ပြန်စစ်ပြီး။
- ↑ Illuminating China's Provinces, Municipalities and Autonomous Regions။ PRC Central Government Official Website။ 2013-12-09 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2014-05-17 တွင် ပြန်စစ်ပြီး။
- ↑ Hefei | China (in en)။ 2019-03-27 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2019-06-14 တွင် ပြန်စစ်ပြီး။
- ↑ The Economist Intelligence Unit။ 2019-11-12 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2019-06-14 တွင် ပြန်စစ်ပြီး။