'

ဟဲအိအန်ဂျင်းဂူးနတ်ကျောင်း
Heian-jingu Shrine
平安神宮 (Heian Jingu)
Main Hall (Daigokuden) Map
ဟဲအိအန်နတ်ကျောင်း သည် ဂျပန်နိုင်ငံ တွင် တည်ရှိသည်
ဟဲအိအန်နတ်ကျောင်း
ဂျပန်နိုင်ငံ အတွင်း တည်နေရာပြ မြေပုံ
အချက်အလက်များ
တည်နေရာ97, Okazaki-Nishi-tenno-cho, Sakyō-ku, Kyoto-shi, Kyoto Prefecture, JAPAN, 606-8341
ကိုဩဒိနိတ်35°01′00″N 135°46′56″E / 35.01667°N 135.78222°E / 35.01667; 135.78222ကိုဩဒိနိတ်: 35°01′00″N 135°46′56″E / 35.01667°N 135.78222°E / 35.01667; 135.78222
ဘာသာရေး နှီးနွယ်မှုShinto
နတ်ဘုရား
ပွဲတော်Reitaisai (April 15th)
နိုင်ငံဂျပန်နိုင်ငံ
ဝက်ဘ်ဆိုဒ်heianjingu.or.jp
ဗိသုကာ
ဗိသုကာ စတိုင်Shichigensya-Nagare-zukuri (七間社流造)
စတင်သည့်နှစ်March 15th, 1895
Heian Shrine Torii Gate, Kyoto, Japan

ဟဲအိအန်ဂျင်းဂူးနတ်ကျောင်း (平安神宮, Heian-jingū) သည် ဂျပန်နိုင်ငံကျိုတိုမြို့ဆခယောရပ်ကွက်တွင် တည်ရှိသည့် ရှင်းတိုနတ်ကျောင်းတစ်ခု ဖြစ်သည်။ ကျောင်းတော်ကို ဘတ်ပရောဂျင်းဂျ (別表神社) တစ်ခုအဖြစ် သတ်မှတ်ထားသည်။ ဘတ်ပရောဂျင်းဂျဆိုသည်မှာ အဆင့်မြင့်မားသည့်နတ်ကျောင်းဖြစ်ကြောင်း ရှင်းတိုနတ်ကျောင်းများအဖွဲ့မှ သတ်မှတ်ထားသည့် နတ်ကျောင်းဟု အဓိပ္ပါယ်ရသည်။ ကျောင်းတော်သည် ဂျပန်နိုင်ငံ၏ ယဉ်ကျေးမှုဆိုင်ရာအရ အရေးပါသည့်အရာတစ်ခုအဖြစ်လည်း သတ်မှတ်ထားခြင်း ခံရသည်။

သမိုင်းကြောင်း

ပြင်ဆင်ရန်

အဆောက်အဦ

ပြင်ဆင်ရန်

ကျောင်းတော်တွင် ဂျပန်ပုံစံဥယျာဉ်တစ်ခု ပါရှိပြီး ကျောင်းတော်မြေနေရာ၏ တစ်ဝက်ခန့်ရှိသည်။ ခန့်မှန်းခြေအားဖြင့် ဥယျာဉ်၏ ဧရိယာသည် ၃၃,၀၆၀ စတုရန်းမီတာ သို့မဟုတ် ၃၅၅,၉၀၀ စတုရန်းပေ ရှိသည်။ ဂျပန်လူမျိုးဥယျာဉ်ပညာရှင်ဖြစ်သည့် Ogawa Jihei VII သည် နှစ် ၂၀ ကြာအချိန်ယူကာ ဤဥယျာဉ်ကို ဖန်တီးခဲ့သည်။ ဤပန်းခြံတွင် အသုံးပြုသည့် ရေများကို ဘိဝရေကန်တူးမြောင်းမှ ရေကို အသုံးပြုသည်။ ရေကန်တွင် ဂျပန်နိုင်ငံ၏ ရှားပါးမျိုးစိတ်ဖြစ်သည့် Acheilognathus cyanostigma, အဝါရောင်ပင်လယ်လိပ်နှင့် ဂျပန်ကန်လိပ်များကို မြင်တွေ့နိုင်သည်။ ကန်၏ ဝန်းကျင်တွင် ရောင်းချသည့် အစာများကို ဝယ်ယူကာ ကန်အတွင်းရှိ ငါးများနှင့် လိပ်များကို အစာကျွေးနိုင်ကြသည်။

ပွဲတော်များ

ပြင်ဆင်ရန်

ဇန်နဝါရီလအစောပိုင်းတွင် ဘုရင်ခိုးမဲအမှတ်တရနှင့် ဧပြီလအစောပိုင်းတွင် ဘုရင် ခန်းမုအမှတ်တရအနေဖြင့် နှစ်ပတ်လည်ပွဲတော်များကို ကျင်းပြကြသည်။[]

အောက်တိုဘာလ ၂၂ ရက်နေ့တွင် ဂျိဒိုင်းမဆွတ်ရိကို ကျင်းပကြပြီး ဤပွဲတော်သည် ကျိုတိုမြို့ရှိ အရေးပါသည့်ပွဲတော်တစ်ခု ဖြစ်သည်။

နတ်ကျောင်းပတ်ဝန်းကျင်

ပြင်ဆင်ရန်

နတ်ကျောင်း၏ အနီးတွင် အိုခဇခိပန်းခြံရှိပြီး ဤပန်းခြံတွင် ယဉ်ကျေးမှုများကို လေ့လာနိုင်သည်။ ထို့အပြင် နတ်ကျောင်း၏ အနီးဝန်းကျင်တွင် ကျိုတိုစီရင်စုစာကြည့်တိုက်၊ ကျိုတိုမြို့အနုပညာပြတိုက်၊ အမျိုးသားအနုပညာပြတိုက်၊ ကျိုတိုခိုင်းခန်နျင့် ကျိုတိုတိရစ္ဆာန်ရုံ စသည်တို့ တည်ရှိသည်။

မီဒီယာများတွင် ပါဝင်မှု

ပြင်ဆင်ရန်

၂၀၀၃ ခုနှစ်တွင် ရိုက်ကူးခဲ့သည့် ရုပ်ရှင်ဖြစ်သည့် Lost in Translation တွင် ဤနတ်ကျောင်းသည် ပါဝင်ခဲ့သည်။[][][][][][]

ပြင်ပလင့်များ

ပြင်ဆင်ရန်