အကိန်း (ကာတွန်း)
မြန်မာကာတွန်းဆရာတစ်ဦးဖြစ်သူ ကာတွန်းဦးအကိန်းကို (၁၉၄၈)ခုနှစ်၊ မတ်လ(၂၀)ရက်တွင် မွေးဖွား ခဲ့သည်။ အဖ ဦးကောင်း၊ အမိ ဒေါ်စိုးကြည်တို့၏ သားဖြစ်သည်။ ရန်ကုန်တိုင်း၊ ကျောက်တန်း ဇာတိ ဖြစ်သည်။ (၁၉၆၉)ခုနှစ်တွင် အိုးဝေဂျာနယ်တွင် ကာတွန်းများ စတင်ရေးဆွဲခဲ့သည်။ မြင်ဆရာအဖြစ် ကာတွန်းဦးမောင်စိန်၊ ကာတွန်းဦးအောင်ရှိန်၊ ကာတွန်းဦးဖေသိန်းတို့၏လက်ရာများကို လေ့လာဆည်းပူးခဲ့သည်။ စာနယ်ဇင်းများတွင် ကာတွန်းများ ရေးဆွဲလျက် ရှိသည်။ ထင်ရှားသော ကာတွန်းဇာတ်ကောင်မှာ “မုဆိုးကြီးတာတီးနှင့် တပည့် ကျော်ပဲလှော်” ဖြစ်သည်။ [၁]
ကိုးကား
ပြင်ဆင်ရန်- ↑ ကာတွန်းဝင်းအောင်၏ မြန်မာကာတွန်းပေါင်းချုပ်