အကုသလကမ္မပထဆယ်ပါး
ဒုစရိုက် ၁၀ပါး
ဗုဒ္ဓဘာသာ၌ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ် ဟူသော အပါယ်လေးပါးသို့ လားစေတတ်သော ဒုစရိုက်တရား ၁၀ ပါးရှိ၏။ ထိုတရား ၁၀ ပါးကို အကုသလကမ္မပထဆယ်ပါးဟု ခေါ်ဆိုသည်။ ထိုတရား ၁၀ ပါးကို ကာယကံဖြစ် ကျူးလွန်မှုဖြစ်စေသော တရား ၃ ပါး၊ ဝစီကံဖြင့် ကျူးလွန်မှုဖြစ်စေတက်သော တရား ၄ ပါးနှင့် မနောကံဖြင့် လွန်ကျူးမှုကို ဖြစ်စေသော တရား ၃ ပါးဟူ၍ ခွဲခြားနိုင်သည်။[၁] [၂]
ကာယဒုစရိုက် ၃ ပါး
ပြင်ဆင်ရန်- ပါဏာတိပါတ - သူ့အသက်ကိုသတ်ခြင်း၊
- အဒိန္နာဒါနာ - သူ့ဥစ္စာကို ခိုးယူခြင်း၊
- ကာမေသု မိစ္ဆာစာရာ - သူ့သားမယားကို သွားလာလွန်ကျူးခြင်း၊
ဤသုံးပါးသောမကောင်းမှုကို ကိုယ်ကာယဖြင့် ပြုကျင့်သောကြောင့် ကာယဒုစရိုက် ၃ ပါးမည်၏။
ဝစီဒုစရိုက် ၄ ပါး
ပြင်ဆင်ရန်- မုသာဝါဒ - မဟုတ်မမှန်သောစကားကို အမှန်လုပ်အဟုတ်ပြောဆိုခြင်း၊
- ပိသုဏဝါစာ - သူနှစ်ယောက်တို့၏ချစ်ခင်ခြင်းမေတ္တာတရားကို ပျက်စီးစေရန် ရည်ရွယ်ပြုလုပ်သော ကုန်းတိုက်ခြင်း၊
- ဖရုသဝါစာ - အကြမ်းအတမ်းငေါက်ငမ်းဆဲရေးခြင်း (ကြမ်းကြုတ်သောစကားကို ပြောဆိုခြင်း)၊
- သမ္ဖပ္ပလာပ - အပေါ့အဖျင်း အနှစ်ကင်းသောစကားကို ပြောဆိုခြင်း (သိမ်ဖျင်းသော စကားပြောဆိုခြင်း)၊
ဤလေးပါးသောမကောင်းမှုကို နှုတ်ဖြင့်ပြုသောကြောင့် ဝစီဒုစရိုက် ၄ ပါးမည်၏။
မနောဒုစရိုက် ၃ ပါး
ပြင်ဆင်ရန်- အဘိဇ္ဈာ - "သူ၏ဥစ္စာကိုငါ့ဥစ္စာဖြစ်သော်ကောင်းလေစွ"ဟုစိတ်ကအောက်မေ့ခြင်း (အလိုကြီးခြင်း)၊
- ဗျာပါဒ - သူတစ်ပါးကို ငြိုးထားရန်မက်နှိပ်စက်ရအောင် စိတ်ကကြံဆောင်ခြင်း (စောင်းမြောင်းငြူစူခြင်း)၊
- မိစ္ဆာဒိဋ္ဌိ - 'ဘုရားဟောမှန် ကျမ်းဓမ္မခန်'ကိုပယ်လှန်စိတ်ထား အယူမှားခြင်း၊
ဤသုံးပါးသောမကောင်းမှုကို စိတ်ဖြင့်ကြံစည်သောကြောင့် မနောဒုစရိုက် ၃ ပါးမည်၏။