စတိုင်လက်စွဲ
ကျယ်ပြောတဲ့ ရင်းမြစ်တစ်ခု

ဆောင်းပါး အပိုင်းများ
ဆောင်းပါးကို ဖတ်ရှုရလွယ်စေဖို့

ပုံများနှင့် ကိုးကားများ
စာတွေကို ပိုကောင်းအောင်

ချိတ်ဆက်ခြင်း
စွယ်စုံကျမ်းကို အတူ ချိတ်ဆက်စည်းနှောင်ဖို့

ညီညွတ်ခြင်း
စဉ်းစားရမယ့် နောက်ဆုံးအချက်တွေ

အနှစ်ချုပ်
သင်ဘာတွေ သိသွားပြီလဲ



An article with a table of contents block and an image near the start, then several sections

ဆောင်းပါးတစ်ပုဒ်ဟာ ခေါင်းစဉ်ရဲ့ အနှစ်ချုပ်နဲ့ စတင်သင့်ပါတယ်။ ပြီးတော့မှ စာဖတ်သူကို အသေးစိတ်ကျကျ ခေါ်ဆောင်ရေးသားပါ။ ဖတ်ရှုရလွယ်ကူစေဖို့ စာပိုဒ်တွေ၊ အပိုင်းတွေခွဲပြီး ရေးသားသင့်ပါတယ်။


နိဒါန်းစာပိုဒ်

နိဒါန်းအပိုင်းက ဆောင်းပါးတစ်ပုဒ်ရဲ့ ပထမဦးဆုံး အစိတ်အပိုင်း ဖြစ်ပြီး မာတိကာနဲ့ အခြားခေါင်းစဉ်ခွဲတွေရဲ့ အပေါ်မှာ ရှိပါတယ်။ နိဒါန်းရဲ့ ပထမဆုံး ဝါကျမှာ ကျစ်လျစ်ပြည့်စုံတဲ့ လိုရင်းတိုရှင်း အဓိပ္ပာယ်ဖွင့်ဆိုချက်နဲ့ ဆောင်းပါးခေါင်းစဉ်ရဲ့ ထင်ရှားအရေးပါမှုကို ဖော်ပြထားတာ ပါဝင်ပါတယ်။ နိဒါန်းရဲ့ ကျန်အပိုင်းတွေကတော့ ဆောင်းပါးရဲ့ အဆက်အစပ်တွေကို ဆက်လက်မိတ်ဆက်သွားပြီး အဓိကအချက်အလက်တွေကို အနှစ်ချုပ် ဖော်ပြထားပါတယ်။


နိဒါန်းအပိုင်းဟာ စာပိုဒ်တစ်ပိုဒ်ကနေ လေးပိုဒ်လောက်ထိရှိသင့်ပြီး ဆောင်းပါးတစ်ပုဒ်လုံးရဲ့ အနှစ်ချုပ်ကို လိုတိုရှင်း ဖြစ်အောင် ရေးထားသင့်ပါတယ်။ အကြောင်းအရာရဲ့ အရေးပါခြင်းကို ထင်ဟပ်စေနိုင်ဖို့ နိဒါန်းထဲက ဖော်ပြချက်တိုင်းကို အသားပေးရေးသားသင့်ပါတယ်။ ဖော်ပြချက်တိုင်းကို ဂရုတစိုက်နဲ့ ကိုးကားချက်တွေ ထည့်ပေးသင့်ပြီး ဖတ်ရှုသူကို ဆောင်းပါးတစ်ပုဒ်လုံးဆက်လက် ဖတ်ရှုသွားနိုင်စေဖို့ ရှင်းလင်းစွာ ရေးထားသင့်ပါတယ်။ ဆောင်းပါးရဲ့ ကျန်တဲ့ စကားပြေ အပိုင်းတွေက နောက်ထပ်ပိုမိုသိရှိလိုတဲ့ ဖတ်ရှုသူကို အသေးစိတ်ဖော်ပြပါလိမ့်မယ်။


အပိုင်းများနဲ့ ခေါင်းစဉ်ခွဲများ

ဆောင်းပါးတွေကို အပိုင်းတွေနဲ့ အပိုဒ်ခွဲ၊ ခေါင်းစဉ်ခွဲများနဲ့ စုစည်းထားပြီး ခေါင်းစဉ်ခွဲတွေဟာ ဆောင်းပါးမာတိကာမှာ အလိုအလျောက် ဖော်ပြထားမှာ ဖြစ်ပါတယ်။ ယေဘုယျအနေနဲ့ အပိုင်းတွေအတွက် စာတစ်ပိုဒ်ကနေ လေးပိုဒ်ခန့်ထိ ရှည်လျားတာက ဖတ်လို့ အကောင်းဆုံးပါပဲ။


ဆောင်းပါးခေါင်းစဉ်က ခေါင်းစဉ်အဆင့် ၁ ဖြစ်ပြီး အလိုအလျောက် ဖော်ပြပေးပါတယ်။ အပိုင်းတွေရဲ့ ခေါင်းစဉ်ကတော့ ဒုတိယအဆင့်ခေါင်းစဉ် (==ခေါင်းစဉ် ၂==) ဖြစ်ပြီး အပိုင်းခွဲတွေအတွက် တတိယအဆင့် ခေါင်းစဉ် (===ခေါင်းစဉ် ၃===) စသဖြင့် အဆင့်ဆင့် ရှိပါတယ်။ အပိုင်းတွေကို ခေါင်းစဉ်အဆင့် ကျော်တပ်တာမျိုး (ဒုတိယအဆင့် ခေါင်းစဉ်ပြီးတော့ စတုတ္ထအဆင့် ခေါင်းစဉ်ရောက်သွားတာမျိုး) မလုပ်သင့်ပါဘူး။


အခြားကြည့်ရန်