စတိုင်လက်စွဲ
ကျယ်ပြောတဲ့ ရင်းမြစ်တစ်ခု

ဆောင်းပါး အပိုင်းများ
ဆောင်းပါးကို ဖတ်ရှုရလွယ်စေဖို့

ပုံများနှင့် ကိုးကားများ
စာတွေကို ပိုကောင်းအောင်

ချိတ်ဆက်ခြင်း
စွယ်စုံကျမ်းကို အတူ ချိတ်ဆက်စည်းနှောင်ဖို့

ညီညွတ်ခြင်း
စဉ်းစားရမယ့် နောက်ဆုံးအချက်တွေ

အနှစ်ချုပ်
သင်ဘာတွေ သိသွားပြီလဲ



ပုံတွေဟာ ဆောင်းပါးတစ်ပုဒ်ရဲ့ စာကိုယ်ထဲမှာ ပြွတ်သိပ်မနေစေဘဲ ရှိသင့်ပြီး အငြင်းပွားဖွယ် သို့မဟုတ် စောဒကတက်ဖွယ် အချက်အလက်တွေအတွက် ကိုးကားတွေနဲ့ ထောက်ပံ့ထားသင့်ပါတယ်။


ပုံများ

ပုံတွေဟာ စာဖတ်သူကို ဆောင်းပါးအကြောင်း ပိုမိုနားလည်စေဖို့ ကူညီပေးပါတယ်။ ရှိနှင့်ပြီးပုံတွေထက် ပိုကောင်းတာ ဒါမှမဟုတ် ဆောင်းပါးပါစသားကို ထပ်မံထောက်ပံ့ပေးနိုင်တာမျိုး ရှိမှသာလျှင့် ပုံတွေကို ထည့်တာ၊ အစားထိုးတာမျိုး ပြုလုပ်သင့်ပါတယ်။ ပုံတစ်ပုံကို ဖန်တီးပြီး တင်တော့မယ်ဆိုရင် ဆီလျော်တဲ့ ပုံဖောမက်အမျိုးအစားနဲ့ လုံလုံလောက်လောက် အရည်အသွေးမြင့်တဲ့ ပုံတွေ ဖြစ်သင့်ပါတယ်။


ပုံတွေကို ဆောင်းပါးတစ်ပုဒ်ထဲမှာ ဖြန့်ကျက်ထားသင့်ပြီး ဆီလျော်တဲ့ အပိုင်းတွေထဲမှာ ပုံတွေ ရှိနေသင့်ပါသလို ရှင်းပြထားတဲ့ ပုံစာလဲ ပါဝင်နေသင့်ပါတယ်။ ပုံသေအနေနဲ့ ပုံတွေကို နမူနာပုံသေးအနေနဲ့ ပြထားပြီး အမြင်ဆီလျော်စေဖို့ ဆောင်းပါးရဲ့ ညာဖက်ပိုင်းမှာ ထားရှိလေ့ရှိပါတယ်။ လိုအပ်တယ်ဆိုရင်တော့ အခြားပုံစံချတာတွေ (ဘယ်ဖက်ခြမ်းမှာထားတာ၊ ပုံပြခန်းနဲ့ မြင်ကွင်းကျယ် စတာတွေ) ကို ပြုလုပ်နိုင်ပါတယ်။


အပိုင်းတိုလေးထဲမှာ ပုံများစွာ ထည့်သွင်းခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။ ပုံတွေက နောက်အပိုင်းထဲထိ ရောက်သွားပြီး စာဖတ်ရှုနိုင်မှုကို ကျဆင်းစေတဲ့အတွက် ဖြစ်ပါတယ်။

အခြားကြည့်ရန်


lefteless
lefteless

ကိုးကားခြင်း

  • ရင်းမြစ်တွေက ကိုးကားချက်တွေကို အလွန်အကျွံ အသုံးမပြုပါနဲ့။ ဆောင်းပါးတွေကို ယေဘုယျအနေနဲ့ စကားပြေအနေနဲ့ ရေးသင့်ပြီး အကြောင်းအရာ အကြောင်း ရင်းမြစ်တွေက ဖော်ပြထားတာကို အနှစ်ချုပ်အနေနဲ့ပဲ ရေးသင့်ပါတယ်။
  • ယုံကြည်စိတ်ချရတဲ့ ရင်းမြစ်တွေက အချက်အလက်တွေကို အသုံးပြုပါ။
  • ဆောင်းပါးရဲ့ ရှိနှင့်ပြီး ကိုးကားပုံစံကို အသုံးပြုပြီး ကိုးကားစာရင်းကို ဆောင်းပါးရဲ့ အောက်ခြေမှာ ထားပါ။။


အငြင်းပွားဖွယ်ရာ ဒါမှမဟုတ် စောဒကတက်နိုင်စရာ အကြောင်းအရာတွေကို ထည့်သွင်းတာ၊ တစ်စုံတစ်ဦးရဲ့ ပြောဆိုချက်ကို ကိုးကားတာ၊ သက်ရှိပုဂ္ဂိုလ်တစ်ဦးရဲ့ အတ္ထုပ္ပတ္တိမှာ အကြောင်းအရာတွေထည့်တာ၊ ပုံတစ်ပုံ တင်တဲ့အချိန်တွေမှာ ရင်းမြစ်ကိုးကားတွေ ထည့်သင့်ပါတယ်။ ကိုးကားပုံစံတွေကို မှန်မှန်ကန်ကန်ထည့်သွင်းဖို့ ကြိုးစာချိန်မှာ အရေးကြီးတဲ့အချက်က စာဖတ်သူအနေနဲ့ ရင်းမြစ်ကို အတည်ပြုနိုင်ဖို့ လုံလောက်တဲ့ အချက်အလက်တွေ ပါဝင်စေဖို့ ဖြစ်ပါတယ်။


ပုံတွေလိုမှာပဲ ပုံသေကိုးကားစတိုင်တစ်ခု ရှိပေမယ့် တစ်ခါတစ်ရံမှာ မူကွဲပုံစံကိုလည်း သုံးပါသေးတယ်။ (ဥပမာ အချို့သမိုင်းဆောင်းပါးတွေမှာ စကားဘညှပ် ကိုးကားခြင်းကို အသုံးပြုလေ့ရှိပါတယ်)။ ကိုးကားအသစ်တွေ ထည့်တဲ့အခါမှာ ဆောင်းပါးထဲမှာ အသုံးပြုထားပြီးဖြစ်တဲ့ ကိုးကားစတိုင်ပုံစံကိုပဲ သုံးပါ။ ဒါမှမဟုတ် မပြောင်းလဲခင်မှာ ဆွေးနွေးချက် စာမျက်နှာကတဆင့် အများဆန္ဒကို မေးမြန်းပါ။ ဆောင်းပါးထဲမှာ ထည့်လိုက်တဲ့ ကိုးကားစာကြောင်းတွေကို ဆောင်းပါးအောက်ဆုံးက "ကိုးကား" အပိုင်းမှာ အလိုအလျောက် ဖော်ပြပေးမှာ ဖြစ်ပါတယ်။ (ကိုးကားအပိုင်းကို "အခြားကြည့်ရန်"၊ "ဆက်စပ်ဖတ်ရှုရန်" အပိုင်းရဲ့ အောက်မှာနဲ့ "ပြင်ပလင့်ခ်များ" အပိုင်းရဲ့ အပေါ်မှာ ထားရှိသင့်ပါတယ်)။


အခြားကြည့်ရန်