အကူအညီ:မူဝါဒများနှင့် လမ်းညွှန်ချက်များ မိတ်ဆက်/၂
မူဝါဒများနှင့် လမ်းညွှန်ချက်များ
ဘာကြောင့် ဒါတွေ ရှိနေသလဲ
အကြောင်းအရာ
ဆောင်းပါးများ ရေးသားခြင်းအတွက် စည်းမျဉ်းများ
အပြုအမူ
အခြားသူများနှင့် ယှဉ်တွဲဆက်ဆံခြင်း
အနှစ်ချုပ်
သင်ဘာတွေ သိသွားပြီလဲ
ဝီကီပီးဒီးယားက စွယ်စုံကျမ်းတစ်ခုဖြစ်ပြီး ဝိုင်းဝန်းတည်းဖြတ်ကြတဲ့ အသိုင်းအဝိုင်းက တိကျမှုရှိအောင် အမြဲတမ်း အပြင်းအထန် ကြိုးပမ်းနေကြတာပါ။ ဆောင်းပါးများဟာ မျှမျှတတ ဖြစ်သင့်ပြီး ခိုင်လုံတဲ့ ရင်းမြစ်တွေမှာ ဖော်ပြထားတဲ့ စိစစ်အတည်ပြုနိုင်တဲ့ အချက်အလက်တွေသာလျှင် ပါဝင်သင့်ပါတယ်။
ဘက်မလိုက်တဲ့ အမြင် (သို့မဟုတ် NPOV) ဆိုတာ အကြောင်းအရာတစ်ခုကို ဘက်လိုက်မှုတွေ ကင်းကင်းနဲ့ ဓမ္မဓိဋ္ဌာန်ကျကျ ရေးထားတာပဲ ဖြစ်ပါတယ်။ စွယ်စုံကျမ်းတစ်ခုရဲ့ ယေဘုယျ ရည်ရွယ်ချက်ဟာ ဆောင်းပါးတွေထဲမှာ ဘက်လိုက်ထောက်ခံမှုတွေ ကင်းရှင်းနေရမှာပါ။ ဘက်မလိုက်တဲ့အမြင်ကို ပြင်းပြင်းထန်ထန် ဆောင်ရွက်ခြင်းက ဆောင်းပါးတွေကို ကြော်ငြာဆန်ဆန် ဒါမှမဟုတ် ဝါဒဖြန့်ပုံစံတွေ မဖြစ်အောင် ကူညီပေးပါတယ်။ |
စိစစ်အတည်ပြုနိုင်ခြင်း ဆိုတာကတော့ လေးစားရတဲ့ သတင်းစာတွေနဲ့ ပညာရပ်ဂျာနယ်တွေလိုမျိုး ခိုင်လုံတဲ့ ရင်းမြစ်တွေက ဖော်ပြထားပြီးဖြစ်တဲ့ အကြောင်းအရာတွေကိုသာ ဆောင်းပါးတွေထဲမှာ ပါဝင်သင့်တယ်ဆိုတာပဲ ဖြစ်ပါတယ်။ အကြောင်းအရာအားလုံးကို ကိုးကားချက်တွေနဲ့ အထောက်အပံ့ပေးထားသင့်ပေမယ့် အငြင်းပွားဖွယ်ရာ ဒါမှမဟုတ် စောဒကတက်စရာ အကြောင်းအရာဆိုရင်တော့ ကိုးကားချက်တစ်ခု မဖြစ်မနေ လိုအပ်ပါလိမ့်မယ်။ အကိုးအကားမပါတဲ့ အကြောင်းအရာတွေဟာ အချိန်မရွေး ဖယ်ရှားခံရနိုင်ပြီး ခိုင်လုံတဲ့ ရင်းမြစ်ကိုးကားချက် ထည့်ဖို့က အဲဒီအကြောင်းအရာ ထည့်သွင်းတဲ့ တည်းဖြတ်သူရဲ့ တာဝန် ဖြစ်ပါတယ်။ |
ကိုယ်တိုင်ထုတ်ဖော်သော သုတေသနများ မဟုတ်ရ ဆိုတာကတော့ ဆောင်းပါးတွေမှာ ယခင်က ထုတ်ဝေဖြန်ချိထားခြင်း မရှိတဲ့ အငြင်းအခုံတွေ၊ ထင်မြင်ယူဆချက်တွေ၊ အချက်အလက်တွေ၊ ဒါမှမဟုတ် သီအိုရီတွေ မပါသင့်ပါဘူး။ ဒီအချက်က ဝီကီပီးဒီးယား တည်းဖြတ်သူတွေရဲ့ ကိုယ်ပိုင် စူးစမ်းလေ့လာမှုတွေ၊ စိတ်ဖြာလေ့လာချက်တွေကို ဆောင်းပါးတွေထဲမှာ မပါဝင်သင့်ကြောင်း တားမြစ်ထားတာ ဖြစ်ပါတယ်။ အခြေခံအားဖြင့် ဝီကီပီးဒီးယားဟာ တစ်နေရာရာမှာ ရှိနှင့်ပြီးသားနဲ့ ဖော်ပြခဲ့ပြီးတဲ့ လူ့အသိဉာဏ် ဗဟုသုတတွေ၊ ရှုထောင့်တွေနဲ့ အကျဉ်းချုပ်တွေကို မှတ်တမ်းတင်ထားတာပဲ ဖြစ်ပါတယ်။ |