စာမျက်နှာများ တည်းဖြတ်ခြင်း
တည်းဖြတ်မှုလုပ်ဆောင်ချက် စတင်ခြင်း

ပုံစံချခြင်း
သပ်ရပ်စွာ ပြင်ဆင်ခြင်း

အချိတ်အဆက်များနှင့် ဝီကီလင့်ခ်များ
အခြားစာမျက်နှာများနှင့် ဆက်သွယ်ချိတ်ဆက်ခြင်း

ဆောင်းပါးသစ်များ ဖန်တီးခြင်း
စာမျက်နှာတစ်ခု တည်ဆောက်ခြင်း

အနှစ်ချုပ်
သင်ဘာတွေ သိသွားပြီလဲ



A note about editing on mobile devices: Most Wikipedians prefer to edit from a computer, as the editing interface works better there. You can edit from a mobile device, though. See this page for more information.

ဝီကီပီးဒီးယားကို ကိုယ်ပိုင်ဘာသာစကားဖြစ်တဲ့ Wiki markup (Wikitext ဟုလည်းခေါ်) ဖြင့် ပုံစံချ ပြင်ဆင်ထားပါတယ်။ ယင်း၏ အခြေခံကို လေ့လာရန်အတွက် အလွန်လွယ်ကူပါတယ်။


တည်းဖြတ်ကိရိယာ နှစ်ခုအနက် သင်အလိုရှိရာကို ရွေးချယ်နိုင်ပြီး "ရင်းမြစ်တည်းဖြတ်" (Source Editor) ကတော့ wiki markup ကို အသုံးပြုပါတယ်။


သင့်အနေနဲ့ မျက်မြင်တည်းဖြတ် (VisualEditor) ကိုလည်း ရွေးချယ်အသုံးပြုနိုင်ပါသေးတယ်။ VisualEditor က အသုံးပြုဖို့ ပိုမိုရိုးရှင်းပြီး ရင်းမြစ်တည်းဖြတ် (Source Editor) ကတော့ အချို့နေရာတွေမှာ ပိုပြီး အကျိုးရှိပါတယ်။ တည်းဖြတ်နေဆဲအချိန်မှာ သူတို့နှစ်ခုကို ညာဖက်မှာ ပြထားသလို အလွယ်တကူ ပြောင်းလဲအသုံးပြုနိုင်ပါတယ်။


တည်းဖြတ်ခလုတ်ကိုနှိပ်ဖို့ မကြောက်ပါနဲ့(၁:၀၆ မိနစ်)

စာမျက်နှာတစ်ခုကို Wiki markup အသုံးပြုပြီး ကြည့်ရှုဖို့နဲ့ ပြင်ဆင်ဖို့အတွက် မည်သည့်စာမျက်နှာမဆိုရဲ့ အပေါ်ဖက်မှာရှိတဲ့ ပြင်ဆင်ရန် (Edit source) ကို နှိပ်ပါ။ အဲဒီလိုလုပ်လိုက်ရင် သင်ထည့်သွင်းလိုတဲ့ စာသားကို စာရိုက်ပြီး ရေးသွင်းနိုင်မှာ ဖြစ်ပါတယ်။ စာသားတွေ ပြင်ဆင်ဖို့နဲ့ ပုံတွေ၊ ဇယားတွေ ထည့်သွင်းဖို့ wiki markup ကိုသုံးပြီး ပြင်ဆင်နိုင်မှာပါ။


Wiki markup က အစပိုင်းမှာတော့ အနည်းငယ် လန့်စရာကောင်းပေမယ့် နားလည်ဖို့နဲ့ အသုံးပြုနိုင်ဖို့ စည်းကမ်းအနည်းငယ်ပဲ လိုတဲ့အတွက် သင့်အနေနဲ့ မြန်မြန်ဆန်ဆန်ပဲ တတ်သိသွားပါလိမ့်မယ်။ သင့်အနေနဲ့ နည်းပညာအသစ်တွေကို စမ်းသပ်ဖို့ ကိုယ်ပိုင် "sandbox" စာမျက်နှာမှာ စမ်းသပ်နိုင်ပါတယ်