စာမျက်နှာများ တည်းဖြတ်ခြင်း
တည်းဖြတ်မှုလုပ်ဆောင်ချက် စတင်ခြင်း

ပုံစံချခြင်း
သပ်ရပ်စွာ ပြင်ဆင်ခြင်း

အချိတ်အဆက်များနှင့် ဝီကီလင့်ခ်များ
အခြားစာမျက်နှာများနှင့် ဆက်သွယ်ချိတ်ဆက်ခြင်း

ဆောင်းပါးသစ်များ ဖန်တီးခြင်း
စာမျက်နှာတစ်ခု တည်ဆောက်ခြင်း

အနှစ်ချုပ်
သင်ဘာတွေ သိသွားပြီလဲ



ဝီကီပီးဒီးယားမှာ ဆောင်းပါးပေါင်း ၁၀၇၅၉၂ ရှိပါပြီ။ သင့်အနေနဲ့ ရှိနှင့်ပြီး စာမျက်နှာတွေကို ပြင်ဆင်ခြင်း၊ မွမ်းမံခြင်းတွေကို အချိန်တော်တော်များများမှာ လုပ်ခဲ့နိုင်ပါတယ်။ တစ်ခါတစ်လေမှာတော့ ဆောင်းပါးအသစ်တစ်ပုဒ်ကိုတော့ သင် ဖန်တီးလိုကောင်း လိုနိုင်ပါတယ်။ အဲလိုမလုပ်ခင်မှာ သင့်အနေနဲ့ သိသင့်ထားတဲ့ သတ်မှတ်ချက်သုံးခု ရှိနေပါတယ်။

ထင်ရှားအရေးပါမှု

အကြောင်းအရာက ထင်ရှားအရေးပါရဲ့လား။ ခေါင်းစဉ်အကြောင်းအရာတွေဟာ ဝီကီပီးဒီးယားမှာ ပါဝင်နိုင်ဖို့အတွက် လုံလောက်တဲ့ အရေးပါမှု ရှိဖို့လိုပါတယ်။ ဆိုလိုတာက အကြောင်းအရာနဲ့ နှီးနွယ်ခြင်းမရှိတဲ့ သတင်းစာတွေ၊ မဂ္ဂဇင်းတွေ၊ ပညာရပ်ဆိုင်ရာ ဂျာနယ်တွေနဲ့ စာအုပ်တွေလိုမျိုး လွတ်လပ်ပြီး ခိုင်လုံတဲ့ ရင်းမြစ်တွေမှာ အကြောင်းအရာတစ်ခုကို လုံလုံလောက်လောက် လွှမ်းခြုံဖော်ပြထားတာမျိုး ရှိရပါမယ်။

Try it! Take a quiz on notability

ခိုင်လုံတဲ့ ရင်းမြစ်များ

အခိုင်အမာ ပြောဆိုတာတွေအတွက် ခိုင်လုံပြီး စိစစ်အတည်ပြုနိုင်တဲ့ ရင်းမြစ်တွေရှိပြီလား။ ဆောင်းပါးတစ်ပုဒ်ကို စမရေးခင်မှာ လွတ်လပ်တဲ့၊ ခိုင်လုံတဲ့၊ စိစစ်အတည်ပြုနိုင်တဲ့ ရင်းမြစ်တွေကို ကိုးကားအဖြစ် အသုံးပြုနိုင်ဖို့ ကြိုတင်စုဆောင်းထားတာ အကောင်းဆုံးပါ။ အဲဒါဟာ ဝီကီပီးဒီးယားရဲ့ အကြောင်းအရာတွေဟာ တိကျ၊ ခိုင်လုံ၊ စိစစ်အတည်ပြုနိုင်ပြီး ယုံကြည်စိတ်ချနိုင်အောင်အတွက် မရှိမဖြစ် အရေးပါ ပါတယ်။

ကိုယ်ကျိုးစီးပွားအတွက် ပဋိပက္ခဖြစ်ခြင်း

သင့်မှာ ကိုယ်ကျိုးစီးပွားအတွက် ပဋိပက္ခဖြစ်ခြင်းတွေ (Conflicts of interest) ရှိနေသလား။ It is best to avoid writing articles about သင့်အကြောင်း၊ သင့်ကုမ္ပဏီအကြောင်း၊ ဒါမှမဟုတ် သင်ရင်းနှီးတဲ့ တစ်စုံတစ်ဦးအကြောင်းကို ဆောင်းပါးအဖြစ် ရေးသားတာကို ရှောင်ကြဉ်တာ အကောင်းဆုံးပါပဲ။ ဘာလို့လဲဆိုတော့ အဲဒီ အကြောင်းအရာတွေမှာ ဘက်လိုက်မှုတွေ ရှောင်နိုင်ဖို့ ခက်ခဲပြီး ဘက်မလိုက်တဲ့ အမြင် နဲ့ ရေးဖို့လဲ ခက်နိုင်ပါတယ်။ သင့်အကြောင်းဆောင်းပါးကို သင်ကိုယ်တိုင်မရေးနိုင်ပေမယ့် တစ်စုံတစ်ယောက်က ရေးပေးနိုင်ဖို့အတွက် ခိုင်လုံတဲ့ ရင်းမြစ်တွေကို ပေးပြီး ဆောင်းပါးရေးပေးဖို့ တောင်းဆိုနိုင်ပါတယ်။

စာမျက်နှာအသစ်တစ်ခုကို ဘယ်ကနေ စမလဲ

ဆောင်းပါးအသစ်တစ်ပုဒ်ကို Sandbox ဒါမှမဟုတ် ကိုယ်ပိုင် sandbox မှာ စတင်နိုင်ပါတယ်။ ဒီလိုလုပ်ခြင်းက သင့်ဆောင်းပါးကို ဝီကီပီးဒီးယားရဲ့ ပင်မအမည်ညွှန်းထဲကို မရွှေ့ပြောင်းမီမှာ ပြင်ဆင်ရေးသား တည်းဖြတ်နိုင်ပါတယ်။