ဆီဇာ အက်ဇ်ပီလီကွဲတား တန်ကို (စပိန်အသံထွက် [ˈθesaɾ aθpiliˈkweta ˈtaŋko]; ၁၉၈၉ ဩဂုတ်လ ၂၈ တွင်မွေးဖွားသည်) သည် စပိန် ပရော်ဖက်ရှင်နယ်ဘောလုံးသမားတစ်ဦး ဖြစ်သည်။ သူသည် ပရီးမီးယားလိဂ်ကလပ် ချဲလ်ဆီး၏ အသင်းခေါင်းဆောင်ဖြစ်ပြီး စပိန်အမျိုးသားအသင်းအတွက် ဗဟိုနောက်တန်း(သို့)လေးနောက်တန်းကစားသမားအဖြစ် ကစားသည်။

ဆီဇာ အက်ဇ်ပီလီကွဲတား
၂၀၁၅တွင် အက်ဇ်ပီလီကွဲတားချဲလ်ဆီး ၌ ကစားစဉ်
ကိုယ်ရေးအချက်အလက်များ
အမည် အပြည့်အစုံ César Azpilicueta Emeka Tanco[၁]
မွေးသက္ကရာဇ် (1989-08-28) ဩဂုတ် ၂၈၊ ၁၉၈၉ (အသက် ၃၄)[၂]
မွေးရပ်ဇာတိ ပမ်ပလိုနာ, စပိန်
အရပ်အမြင့် 1.78 မီတာ[၃]
ကစားသည့်နေရာ နောက်တန်း
ကလပ်နှင့်သက်ဆိုင်သောအချက်အလက်များ
လက်ရှိအသင်း
ချဲလ်ဆီး
အင်္ကျီနံပါတ် ၂၈
လူငယ်ဘဝကလပ်များ
2001–2006 အိုစာဆူနာ
အကြီးတန်း ကစားသမား*
ခုနှစ် အသင်း ကစားပွဲ (သွင်းဂိုး)
2006–2007 အိုစာဆူနာ B 27 (1)
2007–2010 အိုစာဆူနာ 99 (0)
2010–2012 မာဆေးလ် 47 (1)
2012– ချဲလ်ဆီး 271 (8)
နိုင်ငံကိုယ်စားပြုအသင်း
2005 စပိန် U16 3 (0)
2006 စပိန် U17 14 (0)
2007–2008 စပိန် U19 18 (2)
2009 စပိန် U20 5 (0)
2008–2011 စပိန် U21 19 (1)
2012 စပိန် U23 5 (0)
2013– စပိန် 25 (0)

* ဂိုးအရေအတွက်ကို ကလပ်အသင်းကြီး ကစားခြင်းနှင့်
ပြည်တွင်းလိဂ်အတွက်သာ ရေတွက်ပြီး 21:33, 26 July 2020 (UTC)အထိ ဖြစ်သည်။
† ကစားသည့် ပွဲအရေအတွက် (သွင်းဂိုး)

‡ 21:40, 18 November 2018 (UTC) အထိ နိုင်ငံကိုယ်စားပြုပွဲနှင့် သွင်းဂိုးများ

အိုစာဆူနာအသင်း၏လူငယ်ထုတ်ကုန်တစ်ခုဖြစ်သော သူသည် လာလီဂါတွင် သုံးနှစ်ကစားပြီး ပြင်သစ်ကလပ် မာဆေးလ်သို့ ပြောင်းရွေ့ပြီး ဖလားလေးခုရရှိခဲ့သည်။ ၂၀၁၂ ခုနှစ်နွေရာသီတွင် သူသည် ချယ်လ်ဆီးသို့ ပြောင်းရွှေ့ခဲ့ပြီး သူ၏ပထမရာသီတွင် ယူရိုပါလိဂ်ဖလားရခဲ့ပြီး နှစ်နှစ်အကြာတွင် ပြည်တွင်းဖလားနှစ်လုံး ရခဲ့သည်။ သူသည် ချဲလ်ဆီးအသင်းအတွက် ပွဲပေါင်း ၃၅၀ ကျော် ကစားပေးခဲ့ပြီး၊ ၂၀၁၉ မှာယူရိုပါလိဂ်ကို အသင်းခေါင်းဆောင်အဖြစ်ဖြင့် ထပ်မံအနိုင်ရခဲ့သည်။

အက်ဇ်ပီလီကွဲတားသည် လူငယ်အဆင့်၌ စပိန်အတွက် ၅၅ ပွဲ ကစားခဲ့ပြီး၊ ဥရောပချန်ပီယံနှစ်ခုတွင် အသက် ၂၁ နှစ်အောက်လူငယ်များကို ကိုယ်စားပြုကစားခဲ့ပြီး ၂၀၁၁ခုနှစ်တွင် ဥရောပဖလားရခဲ့သည်။ သူသည် ၂၀၁၃ ခုနှစ်တွင် လက်ရွေးစင်အသင်းကြီးတွင် ကစားခဲ့ရပြီး ကမ္ဘာ့ဖလားနှစ်ခုနှင့်ယူရို ၂၀၁၆ အတွက် ရွေးချယ်ခံခဲ့ရသည်။

ကိုးကား ပြင်ဆင်ရန်

  1. Updated squads for 2017/18 Premier League confirmed။ Premier League (2 February 2018)။ 10 February 2018 တွင် ပြန်စစ်ပြီး။
  2. Cesar AzpilicuetaBarry Hugman's Footballers။ 5 October 2018 တွင် ပြန်စစ်ပြီး။
  3. Cesar Azpilicueta။ Chelsea F.C။ 5 October 2018 တွင် ပြန်စစ်ပြီး။