အချိန်၏သမိုင်းအကျဉ်း: မဟာပေါက်ကွဲမူမှ တွင်းနက်များစာအုပ်သည် ၁၉၈၈ ခုနှစ် ဗြိတိသျှလူမျိုး ရူပဗေဒပညာရှင် စတီဖင်ဟော့ကင်း ရေးသားခဲ့သော လူကြိုက်များသည့် သိပ္ပံစာအုပ်ဖြစ်သည်။[၁] နှစ်ပေါင်း ၂၀ အတွင်း အုပ်ရေပေါင်း ၁၀ သိန်းကျော်ရောင်းခဲ့ရကာ[၂] အရောင်းရဆုံး ဖြစ်လာခဲ့သည်။ သက္ကရာဇ် ၂၀၀၀ ခုနှစ်တွင် ဘာသာစကားပေါင်း ၃၅ မျိုးသို့ ဘာသာပြန်ဆိုခြင်း ခံခဲ့ရသည်။[၃] မြန်မာဘာသာသို့လည်း ကျော်ဇေယျာ (ပုသိမ်)က အချိန်၏သမိုင်းအကျဉ်းဟု ဘာသာပြန်ဆိုခဲ့သည်။

အချိန်၏သမိုင်း အကျဉ်း
စာရေးသူစတီဖင်ဟော့ကင်း
ဘာသာစကားအင်္ဂလိပ်ဘာသာ
အမျိုးအစားPopular science
ထုတ်ဝေခြင်း1988 (Bantam Dell Publishing Group)
မီဒီယာ အမျိုးအစားBook and pdf
စာမျက်နှာ256
ISBN978-0-553-10953-5
OCLC39256652
523.1 21
LC ClassQB981 .H377 1998
နောက်ထွက်စာအုပ်Black Holes and Baby Universes and Other Essays

အကျဉ်းချုပ် ပြင်ဆင်ရန်

ဟောကင်းသည် စကြဝဠာဗေဒနယ်ပယ်တွင်ရှိသော အကြောင်းအရာမျိုးစုံအား လူပြိန်းနားလည်အောင် ရှင်းပြရန် ကြိုးပမ်းခဲ့သည်။ ယင်းတို့တွင် မဟာစကြဝဠာ ပေါက်ကွဲမှုကြီး(Big Bang) တွင်းနက်များနှင့် အလင်းကတေ့ာများ ပါဝင်သည်။ သူ၏ အဓိကရည်မှန်းချက်မှာ အကြောင်းအရာအား ခြုံငုံကာပေးရန်ဖြစ်သည်။ သို့သော်လည်း ရှုပ်ထွေးသော သင်္ချာဆိုင်ရာအကြောင်းများကိုလည်း နားလည်အောင် ကြိုးပမ်းခဲ့သည်။ ၁၉၉၆ ခုနှစ်တွင် ဟောကင်းသည် အချိန်ခရီးသွားခြင်း တွင်းပေါက်များနှင့် အချိန်၏မူလအစတွင် ကွမ်တမ် ဆင်ဂူလာရတီ မပါသော စကြဝဠာတို့ တည်ရှိနိုင်မှုအား ဆွေးနွေးခဲ့သည်။

ရုပ်ရှင် ပြင်ဆင်ရန်

၁၉၉၁ ခုနှစ်တွင် Errol Morris သည် စတီဖင်ဟော့ကင်းအကြောင်း အတ္ထုပ္ပတ္တိဇာတ်လမ်းကားရိုက်ကူးခဲ့သည်။ သို့သော်လည်း ယင်းဇာတ်ကားသည် စတီဖင်ဟော့ကင်း၏ အတ္ထုပ္ပတ္တိကိုသာ ရိုက်ကူးခဲ့ခြင်းဖြစ်ပြီး စာအုပ်ဗားရှင်းအကြောင်း မဟုတ်ခဲ့ပေ။

ကိုးကား ပြင်ဆင်ရန်

  1. A Brief History of Time is based on the scientific paper J. B. Hartle (1983). "Wave function of the Universe". Physical Review D 28 (12). doi:10.1103/PhysRevD.28.2960. Bibcode1983PhRvD..28.2960H. 
  2. "Hawking to experience zero gravity"၊ The Daily Telegraph၊ 26 April 2007။ 
  3. "Hawking's briefer history of time"၊ news.bbc.co.uk၊ 15 October 2001။ 2008-08-06 တွင် ပြန်စစ်ပြီး 

ပြင်ပ လင့် ပြင်ဆင်ရန်