အခြားတစ်ဘက် မြန်မာရုပ်သံဇာတ်လမ်းတွဲ သည် Rangoon Entertainment မှ ပထမဆုံး ထုတ်လုပ်တင်ဆက်သည့် Fantasy Thriller အမျိုးအစား မြန်မာရုပ်သံဇာတ်လမ်းတွဲ ဖြစ်ပါသည်။ ၂၀၂၂ ဇူလိုင်လ ၂ ရက်နေ့မှ စတင်ထုတ်လွင့်ပြီး အပတ်စဉ် စနေ၊ တနင်္ဂနွေ တို့တွင် Channel K ရုပ်သံလိုင်းမှ ထုတ်လွင့်ပြသသည်။ ဇာတ်လမ်းအနေဖြင့် ယမင်းဖြိုးဝေမှ ရေးသားပြီး ဇာတ်ညွှန်းအနေဖြင့် ယမင်းဖြိုးဝေနှင့် ပိုင်စိုးသူမောင်မှ ရေးသားကာ ဒါရိုက်တာ ထွဋ်တင့်ထွန်းမှ ရိုက်ကူးပုံဖော်၍ အောင်ရဲထိုက်၊ သိန်းလင်းစိုး၊ ကျော်ထက်၊ နေရှိုင်း၊ ဆုထက်၊ ဟေလရီစိုး၊ ဘုန်းလျှံနှင့် ဦးနိုင်ဝင်း တို့ အဓိကသရုပ်ဆောင်ထားသည်။ [၁]

အခြားတစ်ဘက်
အမျိုးအစားသည်းထိတ်ရင်ဖို
ဒါရိုက်တာထွဋ်တင့်ထွန်း
သရုပ်ဆောင်
  • အောင်ရဲထိုက်
  • သိန်းလင်းစိုး
  • ကျော်ထက်
  • နေရှိုင်း
  • ဆုထက်
  • ဟေလရီစိုး
  • ဘုန်းလျှံ
  • ဦးနိုင်ဝင်း
နိုင်ငံမြန်မာ
ဘာသာစကားဗမာ
ထုတ်လုပ်မှု
ထုတ်လုပ်သူRangoon Entertainment
ထုတ်လွှင့်မှု
မူရင်းရုပ်သံလိုင်းChannel K
မူလထုတ်လွှင့်ခြင်း2022

ဇာတ်လမ်းအကျဉ်း ပြင်ဆင်ရန်

လွန်ခဲ့တဲ့ နှစ် ၃၀ အကြာက လူ့လောကရဲ့ အခြားတစ်ဘက်က မကောင်းဆိုးဝါးဘုရင်ကြီးဟာ လရောင်ခေါ် လူသားတစ်ယောက်ဆီ ပူးကပ်ဝင်ရောက်နိုင်ခဲ့တယ်။ သူ့ရဲ့ တစ်ခုတည်းသော ရည်ရွယ်ချက်ဟာ မကောင်းဆိုးဝါး တံခါးကြီးကို ဖွင့်ပြီး မကောင်းဆိုးဝါးတွေကို လူ့လောကထဲ ဆွဲသွင်းကာ လူ့လောကကြီးကို စိုးမိုးခြယ်လှယ်ရန်ဖြစ်သည်။ [၂] မကောင်းဆိုးဝါးဘုရင်ကြီးဟာ သူ့အတွက် အမြင့်ဆုံးစွမ်းအားရရှိမည့် နှစ်သုံးဆယ်ခြား တစ်ခါဖြစ်တဲ့ လပြည့်ည ၁၂ နာရီကို စောင့်မျှော်နေခဲ့ပါတယ်။ မကောင်းဆိုးဝါးဘုရင်ကြီးဟာ လူသားတို့လောကထဲ မကောင်းဆိုးဝါးတွေကို ဆွဲသွင်းဖို့ စတင်လိုက်ချိန်မှာ မမျှော်လင့်တဲ့ အဟန့်အတားတစ်ခုပေါ်လာခဲ့ပါတယ်။ ဟန့်တားသူမှာ လရောင်ရဲ့ အချစ်ဆုံးသူငယ်ချင်း သူရိန်။ မထင်မှတ်တဲ့ အတိုက်ခိုက်ခံရတာကြောင့် မကောင်းဆိုးဝါးဘုရင်ကြီးရဲ့ အစီအမံတွေဟာ တဝက်တပျက်သာ အောင်မြင်ခဲ့ပြီး တံခါးအနည်းငယ်ဟသွားတဲ့အတွက် မကောင်းဆိုးဝါးအနည်းငယ်ဟာ လူ့လောကထဲသို့ ဝင်ရောက်လာနိုင်ခဲ့ပါတယ်။ တိုက်ခိုက်ခံရမှုကြောင့် လူသား လရောင်ဟာ သေဆုံးသွားခဲ့ရသလို သူရိန်လည်း ခြေထောက်နှစ်ဘက်လုံး ဆုံးရှုံးလိုက်ရပါတယ်။ ပူးကပ်နေသည့် မကောင်းဆိုးဝါးဘုရင်ကြီးက ဒဏ်ရာအနည်းငယ်သာရပြီး လူသားလောကရဲ့ အခြားတဘက်သို့ ပြန်လည် ထွက်ပြေးသွားခဲ့ပေမယ့် သူ့ရဲ့ ဆောင်ဓားကတော့ ကျန်ရစ်ခဲ့သည်။ ရည်ရွယ်ထားတာကို ဖျက်ဆီးခံလိုက်ရတဲ့ မကောင်းဆိုးဝါးကြီးဟာ မကောင်းဆိုးဝါးလောကထဲ ပြန်လည် မထွက်ပြေးခင် နောက်အနှစ် ၃၀ ကြာတွင် လရောင်မျိုးဆက်မှ တစ်ဆင့် ပြန်လာကာ သူရိန်မျိုးဆက်နှင့် လူသားလောကကို ကလဲ့စားပြန်ချေမယ်ဟု ကတိထားကြုံးဝါးခဲ့ပါသည်။ [၃]

ဇာတ်ဆောင်များ ပြင်ဆင်ရန်

  • သက်နောင် အဖြစ် အောင်ရဲထိုက်
  • နေထွဋ်ခေါင် အဖြစ် သိန်းလင်းစိုး
  • ထက်လူ အဖြစ် ကျော်ထက်
  • မိုးညီ အဖြစ် နေရှိုင်း
  • နေဧကရီ အဖြစ် ဆုထက်
  • ယွန်းစံ အဖြစ် ဟေလရီစိုး

ကိုးကား ပြင်ဆင်ရန်

  1. (၉ ဇူလိုင် ၂၀၂၂) အခြားတစ်ဘက် ဖေ့စ်ဘွတ်စာမျက်နှာ
  2. (၉ ဇူလိုင် ၂၀၂၂) The Other Side Instagram
  3. (၉ ဇူလိုင် ၂၀၂၂) The Other Side Youtube Channel