အင်းချွန်းမြို့ကို တရားဝင်အမည်အားဖြင့် အင်ချွန်းမီသရိုပိုလစ်တန်မြို့သည် တောင်ကိုရီးယားနိုင်ငံ၏ အနောက်မြောက်အရပ်တွင် တည်ရှိပြီး အရှေ့ဘက်ရှိ ဆိုးလ်မြို့နှင့် ဂျောင်ဂီးမြို့တို့နှင့် ထိစပ်နေသည်။ နီယိုလက်သစ်ခေတ်ကတည်းကပင် အခြေချနေထိုင်ခဲ့သော ဒေသဖြစ်ပြီး ၁၈၈၃ ခုနှစ် နိုင်ငံတကာဆိပ်ကမ်းဖြစ်လာချိန်တွင် အင်ချွန်းသည် လူဦးရေ ၄,၇၀၀ တို့နေထိုင်ရာ မြို့ဖြစ်ခဲ့သည်။ ယနေ့ခေတ်တွင် မြို့၌ လူဦးရေ ၃ မီလီယံခန့်အထိ နေထိုင်လျက်ရှိပြီး ဆိုးလ်နှင့် ဘူဆန်တို့ပြီးလျှင် တောင်ကိုရီးယား၏ တတိယမြောက် လူဦးရေ အထူထပ်ဆုံးမြို့ ဖြစ်လာခဲ့သည်။ သဘာဝ၏ အားသာချက်ဖြစ်သော ကမ်းခြေမြို့ဖြစ်ခြင်းကြောင့် ဆိပ်ကမ်း၏ ဖွံဖြိုးတိုးတက်မှုနှင့်အတူ ယနေ့ခေတ်အင်ချွန်းမြို့၏ ဖွံ့ဖြိုးမှုမှာ တောင်ကိုရီးယားမြို့တော်တစ်ခုသို့ နီးစပ်စေရန် သေချာလာစေခဲ့သည်။ ဆိုးလ်မြို့နှင့် ဂျောင်ဂီနယ်တို့နှင့်အတူ ဆိုးလ်မြို့တော်ဧရိယာအတွင်းပါဝင်ပြီး လူဦးရေအရ ကမ္ဘာပေါ်တွင် စတုတ္ထမြောက် အကြီးဆုံး မီသရိုပိုလစ်တန်ဧရိယာ ဖြစ်လာခဲ့သည်။

အင်ချွန်းမြို့
인천시
Metropolitan City
အင်ချွန်း မီသရိုပိုလစ်တန်
ကိုရီးယားအမည် transcription(s)
 • ဟန်းဂု
 • Hanja
 • Revised RomanizationIncheon Gwang-yeoksi
 • McCune-ReischauerInch'ŏn Kwang'yŏkshi
[[File:|အင်ချွန်း အပြည်ပြည်ဆိုင်ရာ လေဆိပ်|134px]]
Nam-gu
Incheon Port
အင်ချွန်းအားကစားကွင်း
ထိပ်မှ နာရီလက်တံအတိုင်း: အင်ချွန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ Nam District၊ Incheon Football Stadium၊ အင်ချွန်းဆိပ်ကမ်း
အင်ချွန်းမြို့၏ အလံတော်
အလံတော်
အင်ချွန်းမြို့၏ တရားဝင်လိုဂို
အင်ချွန်းမြို့၏ စည်းတံဆိပ်
အင်ချွန်းအား အဓိကထား ဖော်ပြထားသော တောင်ကိုရီးယားနိုင်ငံ၏ မြေပုံ
အင်ချွန်းအား အဓိကထား ဖော်ပြထားသော တောင်ကိုရီးယားနိုင်ငံ၏ မြေပုံ
စည်ပင်သာယာရေးနယ်မြေများ ခွဲခြားမှုပြမြေပုံ
စည်ပင်သာယာရေးနယ်မြေများ ခွဲခြားမှုပြမြေပုံ
ကိုဩဒိနိတ်: 37°29′N 126°38′E / 37.483°N 126.633°E / 37.483; 126.633ကိုဩဒိနိတ်: 37°29′N 126°38′E / 37.483°N 126.633°E / 37.483; 126.633
နိုင်ငံ တောင်ကိုရီးယား
ဒေသSeoul National Capital Area
တည်ထောင်ခဲ့မီချူဟိုမြို့အဖြစ် ၁၈ ဘီစီတွင် အင်ချွန်း မီသရိုပိုလစ်တန်မြို့အဖြစ် ၁၉၉၅ အေဒီတွင်
Subdivisions
အစိုးရ
 • အမျိုးအစားMayor-Council
 • မြို့တော်ဝန်Park Nam-chun (Democratic)
 • Bodyအင်ချွန်း မီသရိုပိုလစ်တန်ကောင်စီ
ဧရိယာ
 • စုစုပေါင်း၁၀၆၂.၆၃ စတုရန်းကီလိုမီတာ (၄၁၀.၂၈ စတုရန်းမိုင်)
လူဦးရေ (ဇန်နဝါရီ ၂၀၁၈)[၁]
 • စုစုပေါင်း၂,၉၅၃,၈၈၃
 • သိပ်သည်းမှု၂၈၀၀/km (၇၂၀၀/sq mi)
အချိန်ဇုန်ကိုရီးယားနိုင်ငံ စံတော်ချိန် (UTC+9)
ဒေသိယစကားGyeonggi
ပန်းနှင်းဆီပန်း
အပင်ကျူးလစ်ပင်
ငှက်ကြိုးကြာငှက်
ဝက်ဘ်ဆိုဒ်incheon.go.kr

ပြင်ပကမ္ဘာကြီးနှင့် ချိတ်ဆက်လိုက်သော ဆိပ်ကမ်းဖွင့်လှစ်လိုက်ခြင်း၊ မျက်မှောက်ခေတ် ကိုရီးယား၏ စက်မှုလုပ်ငန်းများ၏ ဗဟိုအဖြစ် ကဏ္ဍသစ်တရပ်ဖွင့်လှစ်နိုင်ခြင်းတို့ပြုလုပ်စဉ်ကပင် အင်းချွန်းသည် ကိုရီးယားနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွင် ဦးဆောင်၍ လာနိုင်ခဲ့သည်။ ၂၀၀၃ ခုနှစ်တွင် အင်ချွန်းမြို့အား ကိုရီးယားနိုင်ငံ၏ ပထမဆုံးသော လွတ်လပ်သော စီးပွားရေးဇုန်အဖြစ် သတ်မှတ်ခဲ့သည်။ ထိုကာလမှစ၍ ပြည်တွင်းနှင့် ကမ္ဘာတစ်ဝန်းမှ ကုမ္ပဏီများ၏ လာရောက်ရင်းနှီးမြုပ်နှံမှုသည် အချိန်နှင့်အမျှတိုးတက်၍ လာခဲ့သည်။ ထိုသို့ရင်းနှီးမြုပ်နှံသော ကုမ္ပဏီများတွင် ဆမ်ဆောင်းကုမ္ပဏီလည်းပါဝင်ပြီး ဆောင်ဒိုအပြည်ပြည်ဆိုင်ရာမြို့တွင် ၎င်း၏ ရင်းနှီးမြုပ်နှံမှုအသစ်ဖြစ်သော ဇီဝလုပ်ငန်းအား ရင်းနှီးမြုပ်နှံခဲ့သည်။

အပြည်ပြည်ဆိုင်ရာမြို့တစ်ခုအဖြစ် အင်ချွန်းသည် ၂၀၀၉ ခုနှစ်တွင် ကျင်းပခဲ့သော Incheon Global Fair & Festival ကဲ့သို့ နိုင်ငံတကာကွန်ဖရင့်နှင့် ဆွေးနွေးပွဲများစွာကို ကျင်းပခဲ့သည်။ ထို့ပြင် ၁၇ ကြိမ်မြောက် ၂၀၁၄ အာရှအားကစားပွဲတော်အား အင်းချွန်းမြို့၌ ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၁၉ ရက်နေ့တွင် လက်ခံကျင်းပခဲ့သည်။ အင်ချွန်း နိုင်ငံတကာလေဆိပ်နှင့် အင်းချွန်းဆိပ်ကမ်းတို့ကြောင့် အင်းချွန်းမြို့သည် အရှေ့မြောက်အာရှ၏ အဓိက သယ်ယူပို့ဆောင်ရေး ဗဟိုသဖွယ် ဖြစ်လာခဲ့သည်။ မြို့တော်သည် ပတ်ဝန်းကျင်ထိန်းသိမ်းရေးများအတွက် ဆောင်ရွက်သော နိုင်ငံတကာ အဖွဲ့အစည်းဖြစ်သော Green Climate Fund ၏ ရုံးစိုက်ရာမြို့လည်း ဖြစ်သည်။

သယ်ယူပို့ဆောင်ရေး ပြင်ဆင်ရန်

အင်ချွန်းမြို့သည် ကိုရီးယားနိုင်ငံအတွက် ဒေသတွင်းရော၊ နိုင်ငံတကာနှင့်ပါ ဆက်သွယ်ပေးသော အဓိက သယ်ယူပို့ဆောင်ရေး မြို့ဖြစ်သည်။

လေကြောင်းသယ်ယူပို့ဆောင်ရေး ပြင်ဆင်ရန်

အင်ချွန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သည် တောင်ကိုရီးယားနိုင်ငံ၏ ဒေသတွင်းရော နိုင်ငံတကာနှင့်ပါ ဆက်သွယ်ထားသော အဓိက လေဆိပ်တစ်ခု ဖြစ်သည်။ ၂၀၁၅ ခုနှစ်တွင် အင်ချွန်းလေဆိပ်သည် ခရီးသွား ၄၉,၄၁၂,၇၅၀ ဦးတို့ဖြင့် ကမ္ဘာတွင် ၂၂ ခုမြောက် အလုပ်အများဆုံးသော လေဆိပ်တစ်ခု ဖြစ်ခဲ့သည်။[၂]

၂၀၁၅ ခုနှစ်တွင် အင်ချွန်း အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ လေယာဉ်အဝင်အထွက် ၃၀၅,၄၄၆ စီး (၃၀၀,၆၃၄ နိုင်ငံတကာသို့၊ ၄,၈၁၂ ပြည်တွင်းသို့) ရှိခဲ့ပြီး ပျမ်းမျှအားဖြင့် တရက်လျှင် လေယာဉ် ၈၃၇ စီး (၈၂၄ နိုင်ငံတကာသို့၊ ၁၃ ပြည်တွင်းသို့) ပျံသန်းခဲ့သည်။ ၅၀.၉ ရာခိုင်နှုန်းသော ပျံသန်းနေသော လေယာဉ်များမှာ စရိတ်သက်သာသည့် အဓိက ပြင်တွင်း လေကြောင်း သယ်ယူပို့ဆောင်ရေး ကုမ္ပဏီများဖြစ်သော Korean Air နှင့် Asiana Airlines တို့ဖြစ်ပြီး ကျန်သော ၄၉.၁ ရာခိုင်နှုန်းမှာ ပြည်ပ လေကြောင်းသယ်ယူပို့ဆောင်ရေး ကုမ္ပဏီများမှ ဖြစ်ကြသည်။[၃] လေဆိပ်သည် ခရီးသည် အမြောက်အမြားအား ကိုင်တွယ်သည့် အတွေ့အကြုံရှိသည့်အပြင် ကြန့်ကြာမှုများကို လျော့ပါးစေရန် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလတွင် ဒုတိယမြောက် ဂိတ်(terminal)ကို ဖွင့်လှစ်ခဲ့သည်။

ထို့ပြင် "Air City" ဟုခေါ်သော ကိုရီးယား ဒရမ်မာ ရုပ်သံဇာတ်လမ်းတွဲတွင်လည်း ဤလေဆိပ်တွင် ရိုက်ကူးခဲ့သည်။

ရေကြောင်းသယ်ယူပို့ဆောင်ရေး ပြင်ဆင်ရန်

အင်ချွန်းဆိပ်ကမ်းသည် ဘူဆန်ဆိပ်ကမ်းပြီးလျှင် ကိုရီးယာနိုင်ငံ၌ ဒုတိယမြောက် အကြီးဆုံး ဆိပ်ကမ်းဖြစ်သည်။

ဆိပ်ကမ်းမှ နိုင်ငံတကာ ခရီးသည်များကို တရုတ်နိုင်ငံ၏ မြို့ ၅ မြို့ဖြစ်သော တလျန်မြို့ချင်းတောင်မြို့ထျန်းကျင်းမြို့ဝေးဟိုင်မြို့နှင့် ဒန်တုန်းမြို့တို့ကို ပို့ဆောင်ပေးသည်။ ထို့ပြင် မြောက်ပိုင်း နယ်နိမိတ်မျဉ်းအတွင်း အင်ချွန်းမြို့ အပြင်ရှိ ကျွန်းများကို ကူတို့သင်္ဘောများဖြင့်လည်း သွားရောက်နိုင်သည်။

လွတ်လပ်သော စီးပွားရေးဇုန် ပြင်ဆင်ရန်

အင်ချွန်း လွတ်လပ်သော စီးပွားရေးဇုန်တွင် ဆောင်ဒို၊ ချောင်နနှင့် ယောင်ဂျွန်းကျွန်းတို့ပါဝင်ပြီး စုစုပေါင်း ဧရိယာ ၅၁,၇၃၉ ဧက (၂၀,၉၃၈ ဟက်တာ) ရှိသည်။ အင်ချွန်း လွတ်လပ်သော စီးပွားရေးဇုန်၏ ရည်မှန်းချက်မှာ ထိုဒေသ ၃ ခုအား အရှေ့မြောက် အာရှဒေသ၏ ထောက်ပံ့ပို့ဆောင်မှု၊ နိုင်ငံတကာ စီးပွားရေးလုပ်ငန်းများ၊ အနားယူ အပန်းဖြေရာ နေရာနှင့် ခရီးသွားလုပ်ငန်းတို့၏ ဗဟိုချက်ချာ အဖြစ် ပြောင်းလဲပေးနိုင်ရန် ဖြစ်သည်။ နိုင်ငံခြား ကုမ္ပဏီများ၏ ရင်းနှီးမြှပ်နှံမှုဖြင့် စီးပွားရေးအသိုက်အဝန်း တိုးတက်လာစေရန်နှင့် နိုင်ငံခြားသားများအတွက် နေထိုင်မှု ဝန်းကျင်တစ်ခု ဖန်တီးရန် ရည်ရွယ်ခြင်းဖြင့် ထိုဒေသ ၃ ခု၏ တိုးတက်မှု ဖြစ်ပေါ်စေရန် 'လွတ်လပ်သော စီးပွားရေးဇုန်' ဟုသော ဝေါဟာရကို အသုံးပြုခြင်းဖြစ်သည်။ ထိုဇုန်တို့သည် နိုင်ငံခြားသားတို့ နေထိုင်နိုင်ပြီး အဆင်ပြေ ချောမွေ့စွာ ရင်းနှီးမြှပ်နှံနိုင်သော ကြိုက်နှစ်သက်ရာ စီးပွားရေးလုပ်ငန်းနှင့် နေထိုင်မှု ဝန်ကျင်းတစ်ခု ဖန်တီးရန် အထူးသတ်မှတ်ထားသော ဒေသဖြစ်သည်။ အင်ချွန်း လွတ်လပ်သော စီးပွားရေးဇုန်သည် ၂၀၀၃ ခုနှစ် ဩဂုတ်လတွင် ကိုရီးယား အစိုးရမှ ပထမဆုံး ထရားဝင် သတ်မှတ်ခဲ့သော ဇုန်ဖြစ်သည်။ အင်ချွန်း လွတ်လပ်သော စီးပွားရေးဇုန်သည် လေကြောင်းနှင့် ရေကြောင်း သယ်ယူပို့ဆောင်ရေး၊ ထောက်ပံရေးအဆောက်အဦ၊ နိုင်ငံတကာ စီးပွားရေးစင်တာ၊ ဘဏ္ဍာရေးဝန်ဆောင်မှု၊ နေထိုင်ရာ အဆောက်အဦ၊ ကျောင်း၊ ဆေးရုံ၊ ဈေးဝယ်စင်တာနှင့် ဖျော်ဖြေရေးစင်တာ အစရှိသည်တို့နှင့် ပြည့်စုံသော နေထိုင်နိုင်သည့် စီးပွားရေးဒေသများ ဖြစ်စေရန် အစီအစဉ်ချမှတ်ခဲ့သည်။

ကိုးကား ပြင်ဆင်ရန်

  1. မော်ကွန်းတင်ပြီးမိတ္တူmois.go.kr။ 20 April 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 4 November 2018 တွင် ပြန်စစ်ပြီး။
  2. Year to date Passenger Traffic: December 2015။ Airports Council International (ACI)။ 13 August 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 5 November 2018 တွင် ပြန်စစ်ပြီး။
  3. You must specify title = and url = when using {{cite web}}. (in ko)။