အစိမ်းရောင်ဘဝ သည် မြန်မာနိုင်ငံတွင် အကျိုးအမြတ်အတွက်မဟုတ်သော သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အဖွဲ့တစ်ဖွဲ့ဖြစ်သည်။ စစ်ကိုင်းတိုင်းဒေသကြီးစစ်ကိုင်းမြို့နယ်ဒီပဲယင်းကွဲရွာတွင် ၂၀၁၁ ခုနှစ်၌ အဖွဲ့ဝင်များနှင့်အတူ ရွာသားများက ဖွဲ့စည်းခဲ့သည်။ အစိမ်းရောင်ဘဝ အဖွဲ့ဝင်များမှာ၂၈၀ ခန့်ဖြစ်သည်။ ဇွန်လ ၂၀၁၈ ခုနှစ်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဂုဏ်ပြုဆု ပေးအပ်ခဲ့သည်။[၁][၂][၃][၄]

သမိုင်းကြောင်း ပြင်ဆင်ရန်

၂၀၁၁ ခုနှစ်တွင် သံပဒီပလူသားချင်းစာနာထောက်ထားမှုအဖွဲ့က ဒီပဲယင်းကွဲရွာတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် ပတ်သက်၍ အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။ ငါးရက်ကြာ အလုပ်ရုံဆွေးနွေးပွဲပြီးနောက် အဖွဲ့ဝင် ၄၈ ဦးဖြင့် အစိမ်းရောင်ဘဝ အဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ လူငယ်အချို့က ဦးဆောင်၍ ၂၀၁၁ ခုနှစ် ဧပြီလ၂၀၁၁ ၈ ရက်နေ့တွင် စတင်တည်ထောင်ခဲ့ခြင်း ဖြစ်သည်။

လုပ်ဆောင်မှုများ ပြင်ဆင်ရန်

အစိမ်းရောင်ဘဝ အဖွဲ့ဝင်များအား တစ်ယောက်ကို တစ်လလျှင် ကျပ် ငါးရာ ထည့်ဝင်ရသည်။ တစ်ယောက်ကို အိမ်ထောင်စုငါးစုအတွက် တာဝန်ယူပြီး ပလတ်စတစ်အမှိုက်ပစ်ရန် ပီနန်အိတ်ဝယ်ပြီး ပေးသည်။ လစဉ် ၁၅ ရက်နှင့် လကုန်ရက်များတွင် အိမ်များမှ ပလတ်စတစ်အမှိုက်ကို သယ်ယူပေးသည်။ ရရှိလာသော ပလတ်စတစ်များကို စု၍ထုတ်ပိုးကာ စိုက်ပျိုးမရနိုင်သောမြေနေရာများရှိ ကျင်းတွင် စွန့်ပစ်သည်။ ရွာအနီးရှိ ရွာပိုင်မြေတွင် ကျွန်း၊ တမာ၊ ပိတောက်၊ ယူကလစ် စသော အပင်များကိုလည်း စုပေါင်းစိုက်ပျိုးကြသည်။

ကိုးကား ပြင်ဆင်ရန်

  1. Green Life Environmental Conservation and Social Development Group။ State Counsellor of Myanmar (2 July 2018)။ 21 July 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 26 August 2018 တွင် ပြန်စစ်ပြီး။
  2. Htet Arkar Kyaw။ "ဒေါ်အောင်ဆန်းစုကြည်၏ ချီးကျူးဂုဏ်ပြုထိုက်သူအဖြစ် Green Life သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေးအသင်း ရွေးချယ်ခံရ" (in my)၊ 7Day News၊ 3 July 2018။ 18 August 2018 တွင် ပြန်စစ်ပြီး။ Archived from the original on 18 August 2018။ 
  3. Green Life Environmental Conservation and Social Development Group။ Global New Light Of Myanmar (3 July 2018)။
  4. နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ ဇွန်လအတွက် ချီးကျူး ဂုဏ်ပြုထိုက်သူဆုကို အစိမ်းရောင်ဘဝ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် လူမှုဖွံ့ဖြိုး တိုးတက်ရေးအသင်းရရှိ။ www.moi.gov.mm Government News Portal။ 2 April 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 25 August 2021 တွင် ပြန်စစ်ပြီး။