နံနက်ခင်းအစရှိသော အချိန်ကာလများကို ကျော်လွန်ခဲ့ပြီ၊ ညဉ့်တို့လည်း ကျော်လွန်နေခဲ့ပြီ၊ ပဌမ၊ မဇ္ဈိမ၊ ပစ္ဆိမအရွယ်များက အရွယ်အဆင့်ဆင့်ကို စွန့်ပယ်ခဲ့ကုန်ပြီ။ ကုန်လွယ်ရခြင်း၌ ဤဘေးသုံးပါးကို ရှုမြင်သူသည် ချမ်းသာကိုဆောင်နိုင်သော ကုသိုလ်ကောင်းမှုတို့ကို ပြုရမည်ဟု နတ်သားက လျှောက်ထားသည်ကို ဘုရားရှင်က “ဤဘေး သုံးပါးကိုရှုမြင်လျက် ငြိမ်းချမ်းမှုချမ်းသာကို အလိုရှိသူသည် လောကီချမ်းသာတို့၌ တပ်မက်မောမှု တဏှာကို ပယ်စွန့်ရမည်” ဟု ဟောတော်မူသည့်သုတ်။ [] []

  1. -သံ၊၁၊၃။ သံ၊မြန်၊၁၊၃။ သံ၊ဋ္ဌ၊၁၊၂၂။ သံ၊ဋီ၊၁၊၆၆-၇။ -သံယုတ္တနိကာယ၊ သဂါထာဝဂ္ဂသံယုတ္တ၊ ၁-ဒေဝတာသံယုတ္တ၊ ၁-နဠဝဂ္ဂ၊ စတုတ္ထသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ