အဋ္ဌာနပါဠိ-ဒုတိယဝဂ်
လောကဓာတ်တစ်ခု၌ စကြဝတေးမင်း ၂-ပါး တချိန်တည်း မဖြစ်၊ တစ်ပါးတည်းသာ ဖြစ်သည်၊ မိန်းမသည် ဘုရား၊ စကြဝတေးမင်း၊ သိကြားမင်း၊ မာရ်မင်း၊ ဗြဟ္မာကြီး မဖြစ်၊ ယောက်ျားသည်သာ ဘုရားစသည် ဖြစ်နိုင်သည်။
ကိုယ်နှုတ်စိတ်ပြစ်မှုများသည် ကောင်းကျိုးကိုမဖြစ်၊ ဆိုးကျိုးကိုသာ ဖြစ်စေသည်။
စကြာမင်း ၂-ပါး တချိန်တည်း
ပြင်ဆင်ရန်စကြာရတနာပေါ်လာသည်မှ မကွယ်မီအတွင်းတည်း၊ စကြာမင်းနတ်ရွာစံခြင်း၊ ရသေ့ရဟန်းပြုခြင်း၊ ဤ ၂-ပါးကြောင့် ၇-ရက် ကြာလျှင် စကြာရတနာကွယ်သည်။ သူမင်းကိုယ်မင်း အငြင်းမပွားစေလိုသောကြောင့်လည်းကောင်း၊ အံ့ဖွယ်ဖြစ်စေလိုသောကြောင့်လည်းကောင်း၊ ကျွန်းငယ် ၂-ထောင်ရံသော ၄-ကျွန်းလုံးကို အုပ်စိုးနိုင်အောင် စကြာရတနာက အာနုဘော်ကြီးသောကြောင့် လည်းကောင်း မင်း ၂-ပါး မဖြစ်ကောင်းပါ။
မိန်းမသည် ဘုရားမဖြစ်
ပြင်ဆင်ရန်ဘုရားဖြစ်ဖို့ထား၊ ဘုရားဖြစ်ကြောင်း ဆုတောင်းသော်မှ မပြည့်စုံနိုင်၊ လူသားဖြစ်ခြင်း၊ ယောက်ျားမြတ်ဖြစ်ခြင်း၊ ယခုဘဝပင် အရဟတ္တဖိုလ် ရနိုင်သူဖြစ်ခြင်း၊ ဘုရားရှင်နှင့် တွေ့ဆုံဖူးမြင်ရခြင်း၊ ကံကိုယုံသူ ရသေ့ဖြစ်ခြင်း၊ ဈာန် အဘိညာဉ်ရခြင်း၊ အဓိကာရကုသိုလ်ခေါ် အသက်စွန့်လှူခြင်းဟူသော အထိကရ ကုသိုလ်ရှိခြင်း၊ ဘုရားဖြစ်လိုမှုဆန္ဒ ပြင်းပြခြင်းဟူသော အကြောင်း ၈-ပါးရှိမှ ဆုတောင်းပြည့်၍ ဗျာဒိတ်ခံနိုင်သည်ဖြစ်ရာ အခြင်းအရာ စုံလင် ဘုန်းကံရှင် ယောက်ျားသာ ဘုရားဖြစ်နိုင်သည်။
စကြဝတေးမင်း မဖြစ်
ပြင်ဆင်ရန်မိန်းမ၌ အိမ်နှင့်ဖုံးသော အင်္ဂါဇာတ်ရှိခြင်းစသော လက္ခဏာကြီးများ မပြည့်စုံ၊ မိန်းမက စကြာမင်းဖြစ်နေလျှင် မိန်းမရတနာ ထားမရ၊ ရတနာ ၇-ပါး မပြည့်စုံ၊ လူသားအားလုံးထက် လွန်မြတ်သော ကိုယ်ခန္ဓာလည်း မိန်းမမှာ မဖြစ်နိုင်သောကြောင့်တည်း။
သိကြားမင်းစသည်မဖြစ်
ပြင်ဆင်ရန်သိကြားစသော ၃-နေရာကား မြတ်၍ ဣတ္ထိလိင်ကား ယုတ်သည်၊ ဗြဟ္မာ့ပြည်၌ ပုရိသလိင်လည်း မရှိသဖြင့် ယောက်ျားသာ ဗြဟ္မာဖြစ်သည် ဟူသောစကား မှားသည်မဟုတ်ပါလော၊ မမှားပါ၊ ယောက်ျားသာ မဟာဗြဟ္မာ ဖြစ်နိုင်သည်၊ မိန်းမဈာန်ရများကား အလုပ်အကျွေးဗြဟ္မာသာ ဖြစ်နိုင်ပါ၏၊ ဗြဟ္မာများမှာ လိင် ၂-ပါးလုံး မရှိစေကာမူ ယောက်ျားသဏ္ဌာန်ကား ရှိနေ၍ ထိုစကား ပြည့်စုံလှသည်။
ပြစ်မှုနှင့်ဆိုးကျိုး
ပြင်ဆင်ရန်တမာစေ့ စသည်များသည် အချိုသီး မသီးနိုင်သလို ပြစ်မှုများသည် ဆိုးကျိုးကိုသာ ဖြစ်စေနိုင်သည်၊ ကြံမျိုးပင်စသည်များသည် အချိုရည်ကို ထုတ်ပေးနိုင်သလို ကောင်းမှုများလည်းကောင်းကျိုးကိုသာ ဖြစ်စေသည်၊ ထို့ကြောင့် “ကောင်းတာပြုမှ ကောင်းကျိုးရ၊ ဆိုးက ဆိုးကျိုးရမည်၊ မျိုးစေ့နှင့်အမျှ အသီးရ မုချတူရမည်”ဟူသော အဓိပ္ပာယ်ကို ယာဒိသံ ဝပ္ပတေ ဗီဇံ စသည်ဖြင့် ဘုရားဟောတော်မူသည်။[၁]
ကိုးကား
ပြင်ဆင်ရန်- ↑ တိပိဋကဓရဓမ္မဘဏ္ဍာဂါရိက အရှင်ကောသလ္လ ပြည်။ မြတ်ဗုဒ္ဓ၏ အင်္ဂုတ္တရနိကာယ် မြန်မာ ကျမ်းစာ။