အထည်အလိပ်ပြတိုက် (ဂျကာတာ)

အင်ဒိုနီးရှားနိုင်ငံ၊ အနောက်ဂျကာတာရှိ အထည်အလိပ်ပြတိုက်

အထည်အလိပ်ပြတိုက်သည် အင်ဒိုနီးရှားနိုင်ငံဂျကာတာမြို့တော် အနောက်ပိုင်းတွင် တည်ရှိသည့် ပြတိုက်တစ်ခု ဖြစ်သည်။ အင်ဒိုနီးရှားနိုင်ငံ၏ ကျွန်းပေါင်းစုံမှ အထည်အလိပ်မျိုးစုံကို စုဆောင်းပြသထားသည်။

အထည်အလိပ်ပြတိုက်
Museum Tekstil
အထည်အလိပ်ပြတိုက်၏ ရှေ့မြင်ကွင်း
တည်ထောင်ခြင်းဇွန် ၂၈၊ ၁၉၇၈[၁]
တည်နေရာJalan Aipda K.S. Tubun 4, West Jakarta 11421, အင်ဒိုနီးရှားနိုင်ငံ
အမျိုးအစားအထည်အလိပ်ပြတိုက်

သမိုင်းကြောင်း ပြင်ဆင်ရန်

အထည်အလိပ်ပြတိုက်၏အဆောက်အဦးကို ၁၉ရာစုအစောပိုင်းတွင် တည်ဆောက်ခဲ့သည်။ ကနဦးက ဤအဆောက်အဦးသည် ပြင်သစ်လူမျိုးတစ်ဦး၏ ကိုယ်ပိုင်အိမ် ဖြစ်သည်။ ယင်းအဆောက်အဦးကို နောက်ပိုင်းတွင် ဘာတေးဗီးယားမြို့၏ တူရကီကောင်စစ်ဝန်ဖြစ်သူ အဗ္ဗဒူလ် အဇဇ် အယ်လ် မက်စ်ဆာဝီ အယ်လ် မူဆာ ခါဒမ်အား ရောင်းချ ခဲ့သည်။ ၁၉၄၂ခုနှစ်တွင် အဆိုပါအဆောက်အဦးကို ကာရယ် ခရစ်တင် ကရု(တ်)ဆိုသူအား ထပ်မံရောင်းချခဲ့ပြန်သည်။

ဤအဆောက်အဦးကို အင်ဒိုနီးရှားနိုင်ငံ လွတ်လပ်ရေး ကြိုးပမ်းမှုကာလအတွင်းတွင် ပြည်သူ့လုံခြုံရေးတပ်ဦး၏ ဗဟို ဌာနချုပ်အဖြစ် အသုံးပြုခဲ့သည်။ ၁၉၄၇ခုနှစ်ရောက်သော် ဤအဆောက်အဦးကို လီဆွန်ဖင်းဆိုသူက ပိုင်ဆိုင်ပြန်သည်။ ၎င်းက လူမှုရေးဌာနသို့ ငှားရမ်းခဲ့ပြန်သည်။ အဆိုပါဌာနက သက်ကြီးရွယ်အိုများအတွက် ဂေဟာအဖြစ် အသုံးပြုခဲ့ သည်။ ယင်းနောက်တွင် ဤအဆောက်အဦးအား မြို့၏အစိုးရထံသို့ လွှဲပြောင်းပေးခဲ့သည်။ ၁၉၇၈ခုနှစ်၊ ဇွန်လ ၂၈ရက် တွင် မဒမ် တီယန် ဆိုဟာတိုက အထည်အလိပ်ပြတိုက်အဖြစ် ဖွင့်လှစ်ခဲ့သည်။ [၂][၃]

စုဆောင်းပြသထားမှုများ ပြင်ဆင်ရန်

အထည်အလိပ်ပြတိုက်တွင် အင်ဒိုနီးရှား ရိုးရာ လက်ရက်အထည်အလိပ်မျိုးစုံကို ပြသထား ရာ ယင်းတို့တွင် ဂျာဗားပါတိတ်များလည်း ပါဝင်လေသည်။ ယင်းအပြင် ရိုးရာအထည်အလိပ်ရက်လုပ်သည့်ကိရိယာများ လည်း ပြသထားသည်။

ကိုးကား ပြင်ဆင်ရန်

  1. Museum TekstilEnsiklopedi Jakarta။ Jakarta.go.id။ 27 September 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ June 26, 2011 တွင် ပြန်စစ်ပြီး။
  2. "Direktorat Museum-Museum Tekstil". Direktorat Permuseuman. Retrieved January 11, 2010
  3. "Textile Museum". Indonesia Travel Guide. 2010. Retrieved January 11, 2010.