အထုတ် (Output) ဟူသည် စနစ်တစ်ခု၊ ဖြစ်စဉ်တစ်ခု ကို နှိုးဆွ (activate) ပြီးနောက် သို့မဟုတ် ပြုပြင်ပြောင်းလဲ(modify) ပြီးနောက် ယင်းစနစ်မှ အထွက် သို့မဟုတ် ထွက်ခြင်း သဘောတရားကို ဆိုလိုသည်။ ယင်းသည် နည်းပညာဆိုင်ရာ စနစ်များကို ပုံဖော်ရာ (modeling) သို့မဟုတ်၊ ဒီဇိုင်းလုပ်ရာ (design)၊ သို့မဟုတ် စနစ်များထဲသို့ စူးစမ်းမှု (exploiting) များပြုရာမှ ထွက်လာမှု၊ ထုတ်ပေးမှု သဘောဆောင်သော စိတ္တဇနာမ် ဝေါဟာရ အယူအဆ သဘောတရားတစ်ခုသာ ဖြစ်သည်။ ဥပမာအားဖြင့် - ထိန်းချုပ်စနစ်တစ်ခု၏အထုတ် (output of a control system)၊ အထုတ်ပါဝါ သို့မဟုတ် အထွက်ပါဝါ (power output)၊ အထုတ်အလျင် (velocity output)၊ အထုတ်သတင်းအချက်အလက် (output information)၊ အထုတ်ဆစ်ဂနယ် (output signal)၊ အထုတ်ကိန်းရှင် (output variable)၊ အထုတ်ငုတ် (output port)၊ အထုတ်တိုင်းတာကိန်း (output parameter)၊ အထုတ်ဖိုင် သို့မဟုတ် အထွက်ဖိုင် (output file) စသည်ဖြင့် အမျိုးမျိုးရှိသည်။

ဆက်စပ်ကြည့်ရှုရန် ပြင်ဆင်ရန်

ကိုးကား ပြင်ဆင်ရန်

  • အင်္ဂလိပ်ဝီကီ [၁]