|homepage = {{url|http://www.mytel.com.mm/}}
|logo=The Mytel Logo.png}}
'''မိုင်တဲလ်မြန်မာ''' ({{lang-en|Mytel Myanmar}}) သည် [[မြန်မာနိုင်ငံ]]တွင် ဗီယက်နမ်ကာကွယ်ရေးဝန်ကြီးဌာနပိုင် Viettel မိုဘိုင်းဆက်သွယ်ရေးကုမ္ပဏီ၊ Myanmar National Telecom Holding ကုမ္ပဏီ နှင့် Star High Public ကုမ္ပဏီ တို့ပူးပေါင်းတည်ထောင်ပြီး မိုဘိုင်းဆက်သွယ်ရေး ဝန်ဆောင်မှုပေးနေသည့် ဆက်သွယ်ရေးကုမ္ပဏီ တစ်ခုဖြစ်သည်။<ref>{{cite web|url=https://mm.myanmartechpress.com/myanmars-4th-telecom-operator/ |title=Myanmar 4th Operator |publisher=Myanmar Tech Press |date= |accessdate=2017-09-11}}</ref><ref name=":0">{{Cite web|title=Myanmar|url=https://freedomhouse.org/country/myanmar/freedom-net/2019|access-date=2021-01-11|website=Freedom House|language=en}}</ref> မြန်မာနိုင်ငံတွင် ၂၀၁၈ ခုနှစ် ဇန်နဝါရီလ မှစတင်၍ ဝန်ဆောင်မှု ပေးနိုင်ခဲ့သည်။ မိုင်တဲလ်သည် မြန်မာစစ်တပ်၏ အဓိကဝင်ငွေရရှိသည့်ရင်းမြစ်တစ်ခုအဖြစ် ဝေဖန်ခံရကာ စောင့်ကြပ်ကြည့်ရှုမှုများလည်း ခံရသည့်လုပ်ငန်းဖြစ်သည်။<ref>{{Cite web|last=Strangio|first=Sebastian|date=|title=Report Details Military Links of Major Myanmar Telco Firm|url=https://thediplomat.com/2020/12/report-details-military-links-of-major-myanmar-telco-firm/|url-status=live|archive-url=|archive-date=|access-date=2021-01-11|website=The Diplomat|language=en-US}}</ref>
Vietel အနေဖြင့် မြန်မာ့ကျေးလက်ဒေသနေပြည်သူများကို ပစ်မှတ်ထား၍ ဖြန့်ချိရန် အမေရိကန်ဒေါ်လာ ၂ ဘီလီယံ ရင်းနှီးမြှုပ်နှံထားပြီး မြန်မာနိုင်ငံရှိ မိုဘိုင်းဆက်သွယ်ရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စေရန်အတွက် ဆောင်ရွက်လျက်ရှိသည်။ ထို့အပြင် မိုင်တဲလ် မြန်မာသည် မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော E-SIMကိုပထမဦးဆုံး အသုံးပြုနိုင်သည့် မိုဘိုင်းအော်ပရေတာဖြစ်ပြီး E-SIM ဝန်ဆောင်မှုကို ၂၀၁၈ ခုနှစ် အောက်တိုဘာလတွင် စတင်အသုံးပြုနိုင်ခဲ့သည်။<ref>{{cite web|url=https://www.internetinmyanmar.com/mytel-esim-myanmar/ |title=Myanmar |publisher=Internet in Myanmar |date= |accessdate=2018-10-29}}</ref><ref>{{cite web|url=https://mm.myanmartechpress.com/myanmars-4th-telecom-operator/ |title=Myanmar |publisher=Myanmar Tech Press |date= |accessdate=2017-09-11}}</ref>
== သမိုင်းကြောင်း ==
၂၀၁၇ ဇန်နဝါရီ ၁၂ တွင် မိုင်တဲလ်သည် ဆက်သွယ်ရေးလုပ်ငန်းလိုင်စင်ရရှိခဲ့ကာ<ref name=":1">{{Cite web|date=2018-02-14|title=Fourth telco MyTel to start selling SIM cards in March|url=https://www.mmtimes.com/news/fourth-telco-mytel-start-selling-sim-cards-march.html|access-date=2021-01-11|website=The Myanmar Times|archive-date=12 January 2021|archive-url=https://web.archive.org/web/20210112203942/https://www.mmtimes.com/news/fourth-telco-mytel-start-selling-sim-cards-march.html}}</ref> ဗိယက်နမ်စစ်တပ်ထိန်းချုပ်သည့် ဗိယက်တဲလ် (Viettel) က ရှယ်ယာ ၄၉% ၊ မြန်မာစစ်တပ်၏ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) ပိုင် Star High Public Company က ရှယ်ယာ ၂၈% ပါဝင်ထားကာ ကျန်သည့် ရှယ်ယာ ၂၃% သည် ဒေသတွင်းကုမ္ပဏီများအစုအဖွဲ့တစ်ခုဖြစ်သော Myanmar National Telecom Holding Public Co Ltd ကပိုင်ဆိုင်သည်။<ref name=":1" /> မိုင်တဲလ်သည် MEC ၏ MECtel ကပိုင်ဆိုင်သော အခြေခံအဆောက်အအုံများကို သုံးစွဲခဲ့၍<ref name=":1" /> ကွန်ရက်၏ ပထမဆုံးဆက်သွယ်မှုကို မြန်မာတပ်ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်နှင့် ဗိယက်နမ်ကာကွယ်ရေးဝန်ကြီး Ngo Xuan Lich တို့က
ပြုလုပ်ခဲ့ကြသည်။<ref name=":1" />
== အငြင်းပွားမှုပြဿနာများ ==
ဆက်သွယ်ရေးလုပ်ငန်းတွင် အကြီးအကျယ်ရင်းနှီးမြှုပ်နှံမှုများမှတဆင့် မြန်မာစစ်တပ်၏ ထိုနယ်ပယ်တွင် စိုးမိုးနိုင်မှုအခွင့်အာဏာပြသမှု၊ ဈေးကွက်ပြိုင်ဆိုင်နိုင်မှုကို လျော့ကျစေခြင်းများကြောင့် မိုင်တဲလ်သည် ဝေဖန်မှုများကြုံတွေ့ရသည်။<ref name=":0" /> ၂၀၁၇ ဇွန်တွင် အစိုးရက ဈေးနှုန်းသတ်မှတ်ခြင်းနှင့် စည်းကြပ်ခွန် ထိန်းညှိသည့် မူဘောင်များ၊ မိုဘိုင်းအခဈေးနှုန်းအတွက် ကြမ်းခင်းဈေးဥပဒေသများကို ထုတ်ပြန်ကြေညာခဲ့ရာ မိုင်တဲလ်သည် အော်ရီဒူးကဲ့သို့သော တန်ဖိုးနည်းပြိုင်ဖက်များထက် ဈေးကွက်အသာစီးရရှိခဲ့သည်။<ref>{{Cite web|title=Myanmar|url=https://freedomhouse.org/country/myanmar/freedom-net/2018|access-date=2021-01-11|website=Freedom House|language=en}}</ref> အခြားသောပြိုင်ဖက်များနှင့်မတူဘဲ ကြမ်းခင်းဈေးကင်းလွတ်ခွင့်ရရှိခဲ့၍ စတင်လုပ်ကိုင်ပြီးနောက်လည်း ၎င်းတို့၏ ဈေးနှုန်းများကို မူလတန်ဖိုးမှ လျှော့ပေါ့မှုပြုရန် ခွင့်ပြုခြင်းခံရသည်။<ref name=":0" /> လုပ်ငန်းစတင်ခဲ့ပြီး နှစ်လအကြာ၌ပင်လျှင် ဈေးနှုန်းလျှော့ပေါ့သည့်ဗျူဟာမှတဆင့် ဈေးကွက်၏ ရှယ်ယာ ၄% (၂.၄ သန်း သုံးစွဲသူ) ကို ရယူနိုင်ခဲ့သည်။<ref name=":2">{{Cite web|title=Vietnam carrier stuns rivals in Myanmar with half-price blitz|url=https://asia.nikkei.com/Business/Business-trends/Vietnam-carrier-stuns-rivals-in-Myanmar-with-half-price-blitz|access-date=2021-01-11|website=Nikkei Asia|language=en-GB}}</ref> သို့သော် ၎င်းတို့သည် ယခင်က မျှတသောဈေးနှုန်းဖြင့် ယှဉ်ပြိုင်ရန်ကို သဘောတူညီခဲ့ကြ၏ ။<ref name=":2" /> စစ်တပ်နှင့်ပက်သက်ဆက်နွယ်မှုများကြောင့် ပြည်တွင်းဝယ်ယူအသုံးပြုသူများကြား အကောင်းအဆိုးတုံ့ပြန်မှုများရရှိခဲ့ကြသည်။ လုပ်ငန်းစတင်ပြီးနောက် တပ်ထောက်ပံ့ပေးထားသော ဤကုမ္ပဏီက မွတ်စလင်ဆန့်ကျင်ရေး သင်္ကေတဖြစ်သည့် '၉၆၉' နံပါတ်အစများကို ချထားပေးရန်ဆုံးဖြတ်ခဲ့ကြသည့်အတွက် ပြည်တွင်းအင်တာနက်သုံးစွဲသူများက ဝယ်ယူသုံးစွဲမှုမပြုရန် စည်းရုံးလှုံ့ဆော်မှုများလည်းရှိခဲ့ကြသည်။<ref name=":3">{{Cite web|date=2018-06-28|title=Army-linked telco Mytel uproots villagers’ plantations to lay fiber optic cables {{!}} Coconuts Yangon|url=https://coconuts.co/yangon/features/army-linked-telco-mytel-uproots-villagers-plantations-lay-fiber-cables/|access-date=2021-01-11|website=Coconuts|language=en-US|archive-date=11 May 2021|archive-url=https://web.archive.org/web/20210511015902/https://coconuts.co/yangon/features/army-linked-telco-mytel-uproots-villagers-plantations-lay-fiber-cables/}}</ref><ref>{{Cite web|date=2018-06-14|title=Launch of Army-Backed Mytel Draws Wary Welcome|url=https://www.irrawaddy.com/business/launch-army-backed-mytel-draws-wary-welcome.html|access-date=2021-01-11|website=The Irrawaddy|language=en-US}}</ref><ref>{{Cite web|last=|first=|date=2018-06-12|title=Rumors swirl of MyTel's Buddhist extremist links|url=https://coconuts.co/yangon/news/people-saying-mytel-bed-radical-buddhists/|url-status=live|archive-url=|archive-date=|access-date=2021-01-11|website=Coconuts Yangon|language=en-US}}</ref>
၂၀၁၈ တွင် ကရင်ပြည်နယ် ဘုရားသုံးဆူနယ်မြေရှိ ကိုယ်ပိုင်စိုက်ခင်းများကိုဖြတ်၍ ဖိုက်ဘာကြိုးဆက်သွယ်မှုကို ကြိုတင်အသိပေးခြင်းမရှိဘဲ ဆောင်ရွက်ခဲ့ကြသည်ဟု သတင်းထုတ်ပြန်ချက်များတွင် တွေ့ရသည်။<ref name=":3" /> မိုင်တဲလ်ကုမ္ပဏီအနေဖြင့်လည်း တပ်၏ ဆက်သွယ်ရေးဖိုက်ဘာကွန်ရက်များအပါအဝင် မြန်မာစစ်တပ်၏ အခြေခံအဆောက်အဦများကို အဆင့်မြှင့်တင်ပေးခဲ့ပြီးဖြစ်သည်။<ref name=":4">{{Cite web|date=2020-12-20|title=British banks under pressure over £45m loans to firm with links to Myanmar military|url=http://www.theguardian.com/world/2020/dec/20/british-banks-under-pressure-over-45m-loans-to-firm-with-links-to-myanmar-military|access-date=2021-01-11|website=the Guardian|language=en}}</ref>
၂၀၁၉ မေလ၌ မိုင်တဲလ်၏ တစ်ဆင့်ခံကန်ထရိုက်ဖြစ်သော ဆန်းမျိုးအောင်ကုမ္ပဏီက စုစုပေါင်း မြန်မာကျပ်ငွေ သန်း (၄၀) ခန့်ရှိသော လုပ်ခလစာများကို အလုပ်သမား (၂၀) အား ပေးချေမှုမရှိခဲ့သည့်အတွက် ပုသိမ်မြို့တွင် ဆန္ဒပြဖော်ထုတ်ခဲ့ကြသည်။<ref>{{Cite web|date=2019-05-31|title=Mytel Employees Protest Unpaid Wages|url=https://www.irrawaddy.com/business/mytel-employees-protest-unpaid-wages.html|access-date=2021-01-11|website=The Irrawaddy|language=en-US}}</ref> ၂၀၁၉ အောက်တိုဘာတွင် ရွှေတိဂုံစေတီတော်၌ တပ်ဆင်ထားသော ဆက်သွယ်ပစ္စည်းများကို ငှားရမ်းခပေးချေခြင်းမရှိသဖြင့် ဖယ်ရှားခံရသည်။<ref>{{Cite web|date=2019-10-17|title=Myanmar’s Mytel Removes Shwedagon Cells Amid Unpaid Rent Claims|url=https://www.irrawaddy.com/news/burma/myanmars-mytel-removes-shwedagon-cells-amid-unpaid-rent-claims.html|access-date=2021-01-11|website=The Irrawaddy|language=en-US}}</ref>
၂၀၂၀ ဖေဖေယ်ဝါရီလထဲ၌ လူမှုကွန်ရက်ပေါ်၌ အမေရိကန်ဒေါ်လာ ၁.၂ သန်းခန့်ရှိ သတင်းမှားတိုက်ဖျက်ရေး စည်းရုံးလှုပ်ရှားမှုတွင်ပါလည်း ပါဝင်ခဲ့ကာ<ref>{{Cite web|title=Facebook removes network of fake accounts promoting military-backed telecom with $1.2m misinformation campaign|url=https://www.myanmar-now.org/en/news/facebook-removes-network-of-fake-accounts-promoting-military-backed-telecom-with-12m|access-date=2021-01-11|website=Myanmar NOW|language=en}}</ref><ref>{{Cite web|title=Mytel linked to disinformation campaign {{!}} Myanmar Financial Services Monitor|url=https://finance.frontiermyanmar.com/news/other/mytel-linked-disinformation-campaign|access-date=2021-01-11|website=finance.frontiermyanmar.com}}</ref> ဖေ့စ်ဘွတ်ခ်ကုမ္ပဏီက မိုင်တဲလ်နှင့်ဆက်စပ်ကွန်ရက်များဖြစ်သည့် စာမျက်နှာ (page) နှစ်ဆယ့်လေးခုကို တားမြစ်ပိတ်ပင်ခဲ့၍ ပြိုင်ဖက်များဖြစ်သော အူရီဒူး၊ တယ်လီနောနှင့် အမ်ပီတီတို့ကို ဝေဖန်သောအကြောင်းအရာများနှင့် မိုင်တဲလ်တံဆိပ်ကို ဈေးကွက်မြှင့်တင်ခြင်းများမပြုမီ အဆိုပါဆက်စပ်ဖေ့စ်ဘွတ်ခ်စာမျက်နှာများသည် အမျိုးသားရေးဝါဒကို အလွန်တရာဖော်ပြရေးသားခြင်းများရှိခဲ့သည်ဟု ဖေ့စ်ဘွတ်ခ်ကုမ္ပဏီက ရှင်းလင်းပြောဆိုခဲ့လေသည်။<ref>{{Cite web|last=Murphy|first=Hannah|last2=Reed|first2=John|date=2020-02-12|title=Facebook accuses telecoms groups of disinformation tactics|url=https://www.ft.com/content/1096ad54-4d5f-11ea-95a0-43d18ec715f5|url-status=live|archive-url=|archive-date=|access-date=2021-01-11|website=Financial Times}}</ref>
၂၀၂၀ ဒီဇင်ဘာတွင် [[Justice for Myanmar]] အဖွဲ့က မိုင်တဲလ်ကုမ္ပဏီအဝန်းအဝိုင်းအတွင်း အကျင့်ပျက်ချစားမှု၊ ခရိုနီကွန်ရက်များအကြောင်း အသေးစိတ်စုံစမ်းထားသော အချက်အလက်များထုတ်ဖော်ပြသခဲ့သည်။<ref>{{Cite web|title=‘Destroy your SIM card’ - activists call for boycott of Mytel for ‘aiding and abetting’ the military|url=https://www.myanmar-now.org/en/news/destroy-your-sim-card-activists-call-for-boycott-of-mytel-for-aiding-and-abetting-the-military|access-date=2021-01-11|website=Myanmar NOW|language=en}}</ref><ref>{{Cite web|title=Myanmar and Vietnam militaries launch MyTel mobile carrier|url=https://asia.nikkei.com/Business/Companies/Myanmar-and-Vietnam-militaries-launch-MyTel-mobile-carrier|access-date=2021-01-11|website=Nikkei Asia|language=en-GB}}</ref> ထိုအစီရင်ခံစာ၌ လူထုအားစုံစမ်းထောက်လှမ်းရာ၌ အသုံးပြုရန် မိုင်တဲလ်အသုံးပြုသူများထံမှ ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်များကို မြန်မာစစ်တပ်ကရယူနိုင်စွမ်းရှိသည်ဟုလည်း ဖော်ပြထားသည်။<ref>{{Cite web|date=2020-12-23|title=We are calling for the Myanmar public to boycott Mytel, says Myanmar activist group|url=https://kr-asia.com/we-are-calling-for-the-myanmar-public-to-boycott-mytel-says-myanmar-activist-group|access-date=2021-01-11|website=KrASIA|language=en}}</ref> အစီရင်ခံစာတွင် ဆက်လက်ဖော်ပြထားသည်မှာ HSBC နှင့် Standard Chartered စသည့်ဗြိတိသျှဘဏ်များက မိုင်တဲလ်နှင့်ပတ်သက်မှုရှိသော Viettel ကုမ္ပဏီကို ချေးငွေ ဒေါ်လာသန်း (၆၀) ချထားပေးမှုကိုလည်း ဖော်ထုတ်ပေးထားလေသည်။<ref name=":4" />
၂၀၂၁ မြန်မာနိုင်ငံစစ်အာဏာသိမ်းခြင်းအဖြစ်ဆိုးကြီးပြီးနောက် စစ်တပ်ပိုင်ထုတ်ကုန်များကို ဝယ်ယူသုံးစွဲခြင်းမပြုရန် လှုပ်ရှားဆောင်ရွက်မှုတွင်လည်း မိုင်တဲလ်ကုမ္ပဏီသည် ထိပ်ဆုံးမှပါဝင်ပြန်လေ၏ ။<ref>{{cite news|title=Myanmar calls for boycott of Tamadaw linked products and services|url=https://www.mmtimes.com/news/myanmar-calls-boycott-tatmadaw-linked-products-and-services.html|work=Myanmar Times|date=3 February 2021|accessdate=14 March 2021|archivedate=21 February 2021|archiveurl=https://web.archive.org/web/20210221154215/https://www.mmtimes.com/news/myanmar-calls-boycott-tatmadaw-linked-products-and-services.html}}</ref>
==ဆက်စပ်ဖတ်ရှုရန်==
|