အရေးမကြီး Meskhakbu (ဆွေးနွေး) ၏ တည်းဖြတ်မူ 852553 ကို ပြန်လည်ပယ်ဖျက်လိုက်သည်
စာတွဲ: နောက်ပြန် ပြန်ပြင်ခြင်း
အရေးမကြီးNo edit summary
စာတွဲများ: နောက်ပြန်ပြင်ခဲ့ပြီး မျက်မြင် တည်းဖြတ် မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၁ -
'''၅၅၀ ဆရာတော်''' ဟုလည်း သိကြသော '''ဦးဝါသဝ''' သည် ကန့်ဘလူ၊ကျွန်းလှ၊တန့်ဆည်မြို့နယ်များ၏ ပြည်သူ့စစ်ဦးဆောင်နာယကဆရာတော် ဖြစ်သည်။ ဒေသတွင်း မီဒီယာများက ဦးဝါသဝအား အမျိုး၊ဘာသာ၊သာသနာကို ကာကွယ်သော သူရဲကောင်းအာဇာနည် ရဟန်းတစ်ပါးအဖြစ် မှတ်ယူထားကြသည်။
'''၅၅၀ ဆရာတော်''' ဟုလည်း သိကြသော '''ဦးဝါသဝ''' သည် မြန်မာနိုင်ငံသား အမျိုးသားရေးအစွန်းရောက် ရဟန်းနှင့် [[ကန့်ဘလူမြို့နယ်]]ရှိ [[ပျူစောထီးပြည်သူ့စစ်အဖွဲ့]]၏ ခေါင်းဆောင် ဖြစ်သည်။ ဒေသတွင်း မီဒီယာများက ဦးဝါသဝအား ဗုဒ္ဓဘာသာအကြမ်းဖက် ဟု ရည်ညွှန်းကြသည်။<ref name="f">{{cite news |title=ပျူစောထီးခေါင်းဆောင် မဘသ ဆရာတော် ဦးဝါသဝ |url=https://www.rfa.org/burmese/program_2/mabatha-monk-warthawa-01172023050706.html |work=RFA}}</ref><ref>{{cite news |title=Cannon fodder: Inside Myanmar’s Pyusawhti militias |url=https://www.frontiermyanmar.net/en/cannon-fodder-inside-myanmars-pyusawhti-militias/ |work=Frontier Myanmar |date=6 December 2023}}</ref><ref>{{cite news |title=ဘုန်းကြီးများ စီစဉ်သော စစ်သင်တန်းနှင့် ပျူစောထီးအဖွဲ့များ |url=https://myanmar-now.org/mm/news/13127/ |work=Myanmar Now |date=30 November 2022}}</ref>
 
==ထေရုပ္ပတ္တိ==
ဦးဝါသဝကို [[စစ်ကိုင်းတိုင်း]]၊ [[တန့်ဆည်မြို့နယ်]]၊ [[မူးဂွရွာ၊ တန့်ဆည်မြို့နယ်|မူးဂွရွာ]]တွင် မွေးဖွားသည်။<ref>{{cite news |title=မယ်တော်ကြီးကို ပြုစုနေရတဲ့ ဆရာတော် ဦးဝါသဝ|url=https://www.mmnationalpost.com/2023/01/blog-post_23.html?m=0 |work=Myanmar National Post}}</ref> ဦးဝါသဝသည် ကန့်ဘလူမြို့နယ်၊ [[မှော်တော်ရွာ၊ ကန့်ဘလူမြို့နယ်|မှော်တော်ရွာ]]ရှိ သာသနာ့အလင်းရောင်ကျောင်းတိုက်၏ ကျောင်းထိုင်ဆရာတော် ဖြစ်ပြီး<ref>{{cite news |title=လူသတ်ရန် လက်နက်ကိုင်ခိုင်းသည့် ဦးဝါသဝကို သာသနာပြန့်ပွားရေးလုပ်ငန်းများလုပ်သည်ဟုဆိုပြီး YMBAက ဘွဲ့ပေး |url=https://www.tachileik.net/mm/news/35834 |work=Tachileik News Agency |language=my}}</ref> ယခင် ဗုဒ္ဓဘာသာ အဖွဲ့အစည်းဖြစ်သည့် [[အမျိုးသား ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့]] (မဘသ)၏ ထင်ရှားသော ခေါင်းဆောင်ဟောင်းတစ်ဦးလည်း ဖြစ်သည်။ [[၂၀၂၁ မြန်မာနိုင်ငံစစ်အာဏာသိမ်းခံရခြင်း|၂၀၂၁ ခုနှစ် မြန်မာနိုင်ငံ စစ်အာဏာသိမ်းပြီး]]နောက်တွင် ဒေသတွင်းရှိ [[ပြည်သူ့ကာကွယ်ရေးတပ်မတော်]] အကြမ်းဖက်(PDF)အား ပြန်လည်ထိုးစစ်ဆင်ရန် ပျူစောထီးပြည်သူ့စစ်အဖွဲ့ကိုပြည်သူ့စစ်အဖွဲ့ကို ဦးဝါသဝက ထူထောင်ခဲ့သည်။ ဦးဝါသဝ၏ တိုက်တွန်းမှုဖြင့် ကန့်ဘလူမြို့နယ်တွင်းရှိ ကျေးရွာအများအပြားမှာ ပျူစောထီးရွာများပြည်သူ့စစ်ရွာများ ဖြစ်လာခဲ့သည်။ အစောပိုင်းတွင် လက်လုပ်သေနတ်များဖြင့် စတင်ခဲ့သော်လည်း နောက်ပိုင်းတွင် ပျူစောထီးအဖွဲ့ဝင် ၉၀၀ ခန့်မှာ ခေတ်မီ BA-63 ခေါ် ဂျီသရီး ရိုင်ဖယ်များ၊ MA-1 ရိုင်ဖယ်များနှင့် ကာဘိုင်သေနတ်များကို ထောက်ပံ့ပေးခဲ့သည်။ [[တပ်မတော်]]နှင့် [[ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ]]အား ထောက်ခံသော [[ကန့်ဘလူ]]၊ [[တန့်ဆည်]]နှင့် [[ကျွန်းလှမြို့]]များအထိ ဦးဝါသဝက လွှမ်းမိုးနိုင်ခဲ့သည်။<ref>{{cite news |title=Pro-Myanmar Junta Militias, Nationalist Monks Forcibly Recruiting Villagers in Sagaing |url=https://www.irrawaddy.com/news/burma/pro-myanmar-junta-militias-nationalist-monks-forcibly-recruiting-villagers-in-sagaing.html |work=The Irrawaddy |date=November 2, 2022}}</ref> သူ၏ ကွန်ယက်ကို ချဲ့ထွင်လာခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းတွင် ပြည်သူ့စစ်အဖွဲ့ပေါင်း အနည်းဆုံး ၇၇၁၀၀ ဖွဲ့အထိ ရှိလာခဲ့သည်။<ref name="f">{{cite news|title=ပျူစောထီးခေါင်းဆောင် မဘသ ဆရာတော် ဦးဝါသဝ|url=https://www.rfa.org/burmese/program_2/mabatha-monk-warthawa-01172023050706.html|work=RFA}}</ref><ref>{{cite news |title=Nationalist Monks Recruit Pro-Myanmar Regime Militias in Sagaing |url=https://www.irrawaddy.com/news/burma/nationalist-monks-recruit-pro-myanmar-regime-militias-in-sagaing.html |work=The Irrawaddy |date=June 29, 2022}}</ref><ref>{{cite news |title=Myanmar Regime-Backed Militia Kidnaps Nine Women in Sagaing |url=https://www.irrawaddy.com/news/burma/myanmar-regime-backed-militia-kidnaps-nine-women-in-sagaing.html |work=The Irrawaddy |date=August 3, 2022}}</ref>
 
၂၀၂၄ ခုနှစ် ဩဂုတ်လတွင် [[လားရှိုးမြို့]]ကျပြီးနောက် [[ညီနောင်မဟာမိတ်သုံးဖွဲ့]] ထိန်းချုပ်ထေားသော ရှမ်းပြည်နယ်မြောက်ပိုင်းအား တပ်မတော်က ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ရန် ဦးဝါသဝက တောင်းဆိုခဲ့သည်။<ref>{{cite news |title=ရှမ်းပြည်နယ်မြောက်ပိုင်း “မြေကျန်ရင်ရပြီ” လို့ ဦးဝါသဝ မိန့်ကြား (ရုပ်/သံ) |url=https://burma.irrawaddy.com/video/2024/08/10/388589.html |work=The Irrawaddy |date=10 August 2024 |language=my}}</ref> PDF ထောက်ခံသည့်ရွာများကို မြန်မာ့မြေပုံပေါ်မှ ဖယ်ရှားရန် ဦးဝါသဝက မီဒီယာအင်တာဗျူးတစ်ခုတွင် ပြောဆိုခဲ့သည်။<ref>{{cite news |last1=Now |first1=Myanmar |title=PDF ထောက်ခံသည့်ရွာများကို မြန်မာ့မြေပုံမှ ဖယ်ရှားရန် ပျူစောထီးဘုန်းကြီးကြုံးဝါး |url=https://myanmar-now.org/mm/news/11657/ |work=Myanmar Now |date=30 November 2022}}</ref> [[ပြည်သူ့ကာကွယ်ရေးတပ်မတော်]] (PDF) များအား ထောက်ခံသည်ဟုဆိုကာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ရွာအများအပြားကို မီးရှို့ရန် ဦးဝါသဝက အမိန့်ပေးခဲ့သည်။<ref>{{cite news |title=ကန့်ဘလူတွင် ပျူစောထီးခေါင်းဆောင် ဦးဝါသဝက ရွာသားများကိုခြိမ်းခြောက်၊ စစ်ကောင်စီတပ်က ရွာမီးရှို့ |url=https://burmese.dvb.no/post/570515 |work=DVB |language=en}}</ref>
 
၂၀၂၄ ခုနှစ် မေလတွင် [[ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း]]က ဦးဝါသဝအား အမျိုးဘာသာ၊ သသနာပြန့်ပွားရေးလုပ်ငန်းများ စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ခြင်းကြောင့် "မင်္ဂလဓမ္မဇောတိကဓဇ"ဘွဲ့ကို ပေးအပ်ခဲ့သည်။<ref>{{cite news |title=Young Men’s Buddhist Association gives title to monk who ‘attacks civilians’ |url=https://eng.mizzima.com/2024/05/09/9722 |work=Mizzima |date=May 9, 2024}}</ref>