စားပွဲတင်တင်းနစ်

အားကစား
၁၆:၀၁၊ ၂၅ ဇွန် ၂၀၂၀ နေ့က Dhawell.hlugalay (ဆွေးနွေး | ပံ့ပိုး) (Content in this edit is from the existing English Wikipedia article at en:Table tennis; see its history for attribution.) တည်းဖြတ်သည့်မူ

စားပွဲတင်တင်းနစ်သည် ကစားသမား နှစ်ယောက်မှ လေးယောက်ထိကစားနိုင်သော အားကစားတစ်ခု ဖြစ်သည်။ ဤကစားနည်းကို ပင်ပေါင်(အင်္ဂလိပ်: ping-pong; တရုတ်: 乒乓球)ဟုလည်း ခေါ်ကြသည်။ စားပွဲပေါ်တွင် ကစားကြပြီး၊ စားပွဲတစ်ဖက်မှ တစ်ဖက်သို့ ပေါ့ပါး၍ ခုန်ပေါက်နိုင်သော ဘောလုံးငယ်တစ်ခုကို စားပွဲတင်တင်းနစ် ရိုက်တံများကို အသုံးပြု၍ အပြန်အလှန် တွန်းပို့ရသော ကစားနည်းဖြစ်သည်။ အသုံးပြုသော စားပွဲတွင် ဘောလုံးခုန်နိုင်ရန် မာသောမျက်နှာပြင်ရှိပြီး၊ အလယ်တည့်တည့်တွင် ၆ လက်မမြင့်သော ပိုက်တစ်ခုဖြင့် ကာထားသည်။ (သရုပ်ပြပုံကို ကြည့်ပါ။) ကစားနည်းစည်းမျဉ်း လိုရင်းအတိုချုပ်မှာ ဤသို့ဖြစ်သည်။ စပေးဘော(မြန်မာနိုင်ငံတွင် ဆားဗစ်ဟုလည်း ခေါ်ကြသည်။ အင်္ဂလိပ်တွင်မူ ဆာ့ဖ်(Serve)ဟု အပြောများသည်။)ကို စားပွဲ၏ ကစားသူဖက်ခြမ်းတွင် တစ်ထောက်၊ မိမိပြိုင်ဖက်၏ အခြမ်းတွင် တစ်ထောက်ဖြစ်အောင် ဘောလုံးကို ပေးရသည်။ ထိုအခါ၌ ပြိုင်ဖက်မှ ဘောလုံး နောက်တစ်ထောက် ထပ်မကျမီ တစ်ဖက်ခြမ်းသို့ ရောက်အောင် ပြန်တွန်းပို့ရသည်။ စပေးဘောမှလွှဲ၍ ကျန်သော အပြန်အလှန် ရိုက်ချက်များအားလုံးသည် ပြိုင်ဖက်အခြမ်းတွင် အနည်းဆုံး ဘောလုံးတစ်ထောက် ပြန်ကျရန်လည်းကောင်း၊ မိမိဖက်၌ ပြိုင်ဖက်ဘောလုံး တစ်ထောက်ထက် မပိုမီလည်းကောင်း အချိန်ကိုက် ပြန်ရိုက်ရခြင်းဖြစ်သည်။ အကယ်၍ ကစားသမားတစ်ယောက်က စဉ်းမျဉ်းနှင့်အညီ ဘောလုံးကို မရိုက်နိုင်သောအခါ၌ သူ၏ပြိုင်ဖက်မှ တစ်မှတ်ရသည်။ ဤကစားနည်းသည် အလွန်လျင်မြန်သောကစားနည်းဖြစ်သဖြင့် မြန်ဆန်သောတုံ့ပြန်မှု လိုအပ်သည်။ ဘောလုံးကို လည်စေခြင်းဖြင့် သူ၏သွားရာလမ်းကြောင်းကို ပြောင်းလဲစေနိုင်ပြီး၊ မိမိ၏ ပြိုင်ဖက်ပြန်ရိုက်နိုင်သော နည်းလမ်းများကို ကန့်သတ်နိုင်သည့်အပြင်၊ တိုက်စစ်အားသန်သည့် အရိုက်သမားအတွက် တပန်းသာစေသည်။

စားပွဲတင်တင်းနစ်
ကမ္ဘာ့အဆင့် စားပွဲတင်တင်းနစ်
စီမံကြီးကြပ်သည့် အမြင့်ဆုံးအဖွဲ့အစည်းITTF
ပထမဆုံးကစားခဲ့1880s အင်္ဂလန်[၁]
ဝိသေသလက္ခဏာများ
ထိတွေ့မှုမရှိပါ။ ပြိုင်ဖက်များအကြားတွင် စားပွဲရှိသည်။
အသင်း အဖွဲ့ဝင်များတစ်ဦးချင်း သို့မဟုတ် နှစ်ယောက်တွဲ
ကဏ္ဍရက်ကက်သုံး အားကစား, မိုးလုံလေလုံ
ကိရိယာPoly, ၄၀ mm (၁.၅၇ in),
၂.၇ g (၀.၀၉၅ oz)
အိုလံပစ်၁၉၈၈ခုနှစ်မှစတင်ပါဝင်
မသန်မစွမ်းအိုလံပစ်၁၉၆၀ မသန်မစွမ်း အိုလံပစ်မှစတင်ပါဝင်

ကိုးကား

  1. Letts၊ Greg။ A Brief History of Table Tennis/Ping-PongAbout.com။ The New York Times Company။ 2011-05-10 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2010-08-29 တွင် ပြန်စစ်ပြီး။